Sunday, January 25, 2026

ရွေးကောက်ပွဲ အပိုင်း (၃) စတင်ပြီ

ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အမှတ်(၇)ရပ်ကွက်(အနောက်) မဲရုံအမှတ်(၁)မဲရုံမြင်ကွင်းများဖြစ်ပါသည်။ ယနေ့(ဇန်နဝါရီ ၂၅ရက်)တွင် ကျင်းပနေသည့် ရွေးကောက်ပွဲ အပိုင်း (၃)၌ ရန်ကုန်တိုင်းဒေသကြီးတွင်...
HomeInternationalသမ္မတ ဘိုင်ဒင်အစိုးရအရာရှိများ လူမှုမီဒီယာဆိုက်များနှင့်...

သမ္မတ ဘိုင်ဒင်အစိုးရအရာရှိများ လူမှုမီဒီယာဆိုက်များနှင့် ဆက်သွယ်မှုကို တရားရုံးကန့်သတ်

သမ္မတဘိုင်ဒင်အစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာအရာရှိများအနေဖြင့် အွန်လိုင်းတွင်ရေးသားပြောဆိုနေကြသော ကျယ်ပြန့်သောအကြောင်းအရာများနှင့် ပတ်သက်၍ ဆိုရှယ်မီဒီယာပလက်ဖောင်းများနှင့် ဆက်သွယ်ခြင်းမပြုရန် အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်ရှိ ဖက်ဒရယ်တရားရုံးတစ်ခုမှ အင်္ဂါနေ့တွင် တားမြစ်လိုက်သည်။

Facebook၊ Twitter နှင့် YouTube တို့ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် ရီပတ်ဘလစ်ကန်ဖက်ယိမ်းသည့်အကြောင်းအရာများကို အချိုးမပြေစွာ မကြာခဏ ဖြုတ်ချသလို၊ ရံဖန်ရံခါတွင် အစိုးရအလိုကျလိုက်လံပူးပေါင်းဆောင်ရွက်ပေးနေသည်ဟု စွပ်စွဲလေ့ရှိသည့် ရီပတ်ဘလီကန်များအတွက်လည်း အောင်ပွဲတစ်ခုဖြစ်သည်။

ဒီမိုကရက်များကမူ အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် သတင်းမှားများနှင့် အမုန်းပွားစေသော စကားများကို လုံလောက်စွာ တားမြစ်ကန့်သတ်နိုင်ခြင်းမရှိသလို၊ အကြမ်းဖက်မှု အပါအဝင် အန္တရာယ်ရှိသော ရလဒ်များကို ဖြစ်ပေါ်စေသည်ဟု ပြောလေ့ရှိကြသည်။

ကျန်းမာရေးဆိုင်ရာဌာနများ၊ လူမှုရေးရာဝန်ဆောင်မှုဌာနများနှင့် FBI အပါအဝင် အစိုးရဌာနများသည် “ကာကွယ်ထားသည့် လွတ်လပ်စွာပြောဆိုခွင့်ပါရှိသော အကြောင်းအရာများကို ဖယ်ရှားခြင်း၊ ဖျက်ခြင်း၊ တားမြစ်ခြင်း သို့မဟုတ် လျှော့ချခြင်းတို့ကို တိုက်တွန်းခြင်း၊ အားပေးခြင်း၊ ဖိအားပေးခြင်း သို့မဟုတ် လှုံ့ဆော်ပေးခြင်း”ဆိုင်ရာကိစ္စရပ်များကို ဆိုရှယ်မီဒီယာကုမ္ပဏီများနှင့် ပြောဆိုခွင့်မပြုကြောင်း လူဝီစီယားနားအနောက်ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး Terry A. Doughty က စီရင်ချက်တွင် အမိန့်ချမှတ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071