Monday, November 10, 2025

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂...

တိုကျို၊ နိုဝင်ဘာ ၁၀ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။...

စစ်ရေးဆွေးနွေးရန် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အီဂျစ်ရောက်

အီဂျစ်ခေါင်းဆောင်ပိုင်းနှင့် စစ်ရေးဆွေးနွေးရန်အတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီ ရှိုအီဂူသည် လက်နက်နှင့် နျူကလီးယားဆိုင်ရာ အကြီးတန်းအရာရှိကြီးများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း...

ရွေးကောက်ပွဲကို‌လေ့လာရန် ပြည်ပမီဒီယာများကို ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က ပြောကြားလိုက်သည်။ မဲ‌ပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ...

ကေ-ပေါ့ပ်အဆိုတော် ဟျူနာ မကာအို၌ စင်ပေါ်တွင်...

နိုဝင်ဘာ ၁၀ တောင်ကိုရီးယားအဆိုတော် ဟျူနာသည် နိုဝင်ဘာလ ၉ ရက်နေ့က မကာအို၌ ကျင်းပသည့် ဂီတပွဲတော်တစ်ခုအတွင်း လဲကျသွားရာ ၎င်း၏ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ...
HomeInternationalသမ္မတ ထရမ့်၏ မူဝါဒများကို...

သမ္မတ ထရမ့်၏ မူဝါဒများကို ဆန့်ကျင်ကန့်ကွက်ရန် ဝါရှင်တန်မြို့လယ်တွင် လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရ၏ မူဝါဒများကို ဆန့်ကျင်ကန့်ကွက်ရန် ဝါရှင်တန်မြို့ရှိ လမ်းမများပေါ်တွင် လူထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ကြသည်။

“ဘုရင်များ မလို” (No Kings) ဆိုသည့် ကြွေးကြော်သံအောက်တွင် စုဝေးခဲ့ကြသည့် ဆန္ဒပြသူများသည် မြို့လယ်ခေါင်တွင် စုရုံးပြီး ပင်ဆယ်ဗေးနီးယား ရိပ်သာလမ်း (Pennsylvania Avenue) အတိုင်း ကက်ပီတယ်လ်ကုန်း (Capitol Hill) ဆီသို့ ချီတက်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် ဒီမိုကရက်တစ်ပါတီမှ ကွန်ဂရက်အမတ်များလည်း ပါဝင်ခဲ့ကြသည်။ အမျိုးသားအစောင့်တပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေခဲ့သော်လည်း သူတို့ ဝင်ရောက်ဖြေရှင်းရန် လိုအပ်မည့် အခြေအနေမျိုးအထိ မဖြစ်ပျက်ခဲ့ချေ။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် “ဘုရင်များ မလို” ဟူသည့် ကြွေးကြော်သံဖြင့် ဆန္ဒပြပွဲများ အမေရိကန် နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည်။ စီစဉ်သူများက ယနေ့တွင် အမေရိကန်ပြည်ထောင်စု၌ အနည်းဆုံး ဆန္ဒပြပွဲ ၂,၆၀၀ ကို မျှော်မှန်းထားပြီး၊ ၎င်းသည် ခေတ်သစ်အမေရိကန်သမိုင်းတွင် အကြီးကျယ်ဆုံး ငြိမ်းချမ်းသော ဆန္ဒပြပွဲ ဖြစ်လာစေရန် စီစဉ်ထားသည်။

ယခင်က “ဘုရင်များ မလို” ဆန္ဒပြပွဲများကို ထရမ့်၏ မွေးနေ့နှင့် ဝါရှင်တန်ရှိ စစ်ရေးပြအခမ်းအနားနေ့ ဖြစ်သည့် ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပခဲ့သေးသည်။ ထိုစဉ်က အမေရိကန်တစ်ဝန်းတွင် အနည်းဆုံး ဆန္ဒပြပွဲ ၂,၁၀၀ ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅ သန်းခန့် ပါဝင်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

တိုကျို၊ နိုဝင်ဘာ ၁၀ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆန်ရိကူး ကမ်းရိုးတန်းတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။ ဒေသစံတော်ချိန် လေးနာရီ နှစ်ဆယ့်သုံးမိနစ် (၀၇၂၃ ဂရင်းနစ်စံတော်ချိန်) တနင်္လာနေ့တွင် ငလျင်လှုပ်ခြင်းဖြစ်‌ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် အနက် ၁၀ ကီလိုမီတာခန့်တွင် စတင်ဖြစ်ပွားခဲ့သည်။ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု အနည်းငယ်ဖြစ်ပေါ်နိုင်သော်လည်း ဆူနာမီဖြစ်နိုင်သည့် အန္တရာယ်မရှိကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် တိုဟိုကူဒေသတဝှမ်းရှိ နေရာအများအပြားတွင် ဂျပန်နိုင်ငံ၏ ငလျင်စကေး ၇ အဆင့်တွင်...

စစ်ရေးဆွေးနွေးရန် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အီဂျစ်ရောက်

အီဂျစ်ခေါင်းဆောင်ပိုင်းနှင့် စစ်ရေးဆွေးနွေးရန်အတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီ ရှိုအီဂူသည် လက်နက်နှင့် နျူကလီးယားဆိုင်ရာ အကြီးတန်းအရာရှိကြီးများ ပါဝင်သောကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တနင်္ဂနွေနေ့တွင် ကိုင်ရိုမြို့သို့ ရောက်ရှိခဲ့ကြောင်း အာရ်အိုင်အေ သတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ရှိုအီဂူသည် အီဂျစ်သမ္မတ အက်ဘ်ဒဲလ် ဖက်တာ အယ်လ်စစ်စီ၊ အီဂျစ်နိုင်ငံတော်လုံခြုံရေးအကြံပေး၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများအပြင် အခြားလုံခြုံရေးနှင့် ထောက်လှမ်းရေးအကြီးတန်းအရာရှိများနှင့်လည်း တွေ့ဆုံသွားမည်ဟု အာရ်အိုင်အေက ဆိုသည်။ “ဦးစားပေး အကြောင်းအရာများတွင် စစ်ရေးနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အမြင့်ဆုံးအဆင့်တွင် ရရှိထားသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး အလားအလာများ ပါဝင်သည်” ဟု...

ရွေးကောက်ပွဲကို‌လေ့လာရန် ပြည်ပမီဒီယာများကို ဖိတ်ခေါ်လျက်ရှိ

မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် နိုင်ငံတကာ မီဒီယာများကို သတင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က ပြောကြားလိုက်သည်။ မဲ‌ပေးမှုများကို စောင့်ကြည့်လေ့လာရန် နိုင်ငံခြားသတင်းထောက်များကို ဖိတ်ကြားထားကြောင်း ကော်မရှင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ မြန်မာအစိုးရသည် ဒီဇင်ဘာလ ၂၈ ရက်‌နေ့မှ စတင်ကာ ရွေးကောက်ပွဲများကို သုံးကြိမ်ခွဲ၍ ကျင်းပသွားမည်ဟု ကြေညာထားသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများကို စိစစ်ကာလာရောက်‌လေ့လာခွင့်ပြုမည်ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဂလိုဘယ်နူးလိုက်အော့ဖ် မြန်မာသတင်းစာတွင် ရေးသားဖော်ပြထားသည်။ မည်သည့်မီဒီယာများကို လာရောက်လေ့လာခွင့်ပြုမည်ကိုမူ မသိရ‌သေးပါ။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပပေးရန်အတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်ဟု ဝါရင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071