Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeInternationalသမ္မတရာထူးအတွက် အိန္ဒိယပါလီမန်တွင် စတင်မဲပေး​နေရာ...

သမ္မတရာထူးအတွက် အိန္ဒိယပါလီမန်တွင် စတင်မဲပေး​နေရာ အမျိုးသမီးသမ္မတ​လောင်းကိုလူကြိုက်များ​နေ

သမ္မတရာထူးအတွက် အိန္ဒိယပါလီမန်တွင် စတင်မဲပေး​နေရာ အမျိုးသမီးသမ္မတ​လောင်းကိုလူကြိုက်များ​နေ

နယူးဒေလီ၊ ဇူလိုင် ၁၈ ရက်

အိန္ဒိယပါလီမန်သည် နိုင်ငံ၏ ၁၅ ကြိမ်မြောက် သမ္မတနေရာအတွက် ဇူလိုင်လ ၁၈ ရက် တနင်္လာနေ့တွင် စတင်မဲပေးနေပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ခေတ်သစ်လူမှုအဖွဲ့အစည်းနှင့် ဝေးကွားနေသော ဆန်တယ် မျိုးနွယ်စု အသိုင်းအဝိုင်းမှ အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးသည် မဲပေးခံရမှုတွင် ဦးဆောင်နေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ဒရူပါဒီ မာမူ ဖြစ်ပြီး ၀န်ကြီးချုပ် နရန်ဒရာ မိုဒီ ကိုယ်တိုင် ၎င်း၏ အာဏာရ ပါတီကိုယ်စား ရွေးကောက်ခံသမ္မတအဖြစ် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်း​ပေးထားခံရသူဖြစ်သည်။

ရွေးချယ်ခံရပါက မာမူသည် အိန္ဒိယ၏ ပထမဆုံး တိုင်းရင်းသားသမ္မတနှင့် ဒုတိယမြောက် အမျိုးသမီးသမ္မတ ဖြစ်လာမည် ဖြစ်သည်။

သမ္မတရာထူးအတွက် မာမူ၏ အဓိကပြိုင်ဘက်မှာဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ယာရှဝမ် စင်ဟာ ဖြစ်သည်။စင်ဟာသည် ဝါရင့်နိုင်ငံရေးသမား တဦး၊BJP ပါတီဝင်ဟောင်း ဖြစ်ပြီး ကွန်ဂရက်အပါအဝင် အတိုက်အခံပါတီများက ကျောထောက်နောက်ခံပြုထား​ပေးသူဖြစ်သည်။

အိန္ဒိယနိုင်ံ၏ သမ္မတရာထူးအား နိုင်ငံတဝှမ်းရှိ လွှတ်တော်နှစ်ရပ်လုံးနှင့် ဒေသန္တရဆိုင်ရာ ဥပဒေပြုလွှတ်တော်များမှ ရွေးကောက်ခံအဖွဲ့ဝင် ၄၈၀၀ခန့်က ရွေးချယ်မဲပေးရသည်။

၎င်းတို့၏ ဆန္ဒမဲများကို ကိုယ်စားလှယ်လောင်းများမှ လူထု၏ ထောက်ခံမှု ရရှိသည့် မဲဆန္ဒနယ်အရွယ်အစား​အပေါ် မူတည်၍ တွက်ဆပြီးနောက် ၎င်းတို့အား သမ္မတရာထူးအတွက် ဦးစားပေး အဆင့်သတ်မှတ်ကြသည်။

အကယ်၍ ထောက်ခံသူ ၅၀ ရာခိုင်နှုန်းထက် မပိုပါက အမှတ်အနိမ့်ဆုံး ကိုယ်စားလှယ်လောင်းကိုထုတ်ပယ်ပြီး ပြန်လည် မဲပေးသွားရမည်ဖြစ်သည်။

မဲရေတွက်ခြင်းကို ဇူလိုင် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လာမည့် ဇူလိုင် ၂၅ ရက်တွင် သမ္မတအဖြစ် ကျမ်းကျိန်မည်ဖြစ်သည်။

Source: AFP/fh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic Acid) ၂၅၅၀၀ လီတာကိုဖမ်းမိ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည ၆ နာရီခွဲခန့်က ပျော်ဘွယ်မြို့နယ်၊ သပြေရိုးကျေးရွာ၌ စိုးသက်ပိုင်အား အထောက်ထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၃၀ လီတာစီပါ ပလတ်စတစ်ပုံး(၈၅ဝ)ပုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ ယင်း ဓာတုပစ္စည်းများကို သိမ်းဆည်းရန် အခကြေးငွေပေး၍စေခိုင်းသူ ဇော်လင်းဦးအား ဇွန် ၁၀ ရက်၊ ဓာတုပစ္စည်းများအား ရန်ကုန်မြို့မှပျော်ဘွယ်မြို့သို့ တာဝန်ခံသယ်ဆောင်သူကျော်မြင့်ဦး(ခ)ဖိုးကျော်(ခ)ဖြိုးကျော်အား ဇွန်...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ (၁,၂၀၀)ဦးကျော်ရှိခဲ့

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊ ပင်လုံလမ်းနှင့် ဦးဝိစာရလမ်းဆုံမီးပွိုင့်နှင့် နာရီစင်မှတ်တိုင်အနီးရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ပြုလုပ်မည့် သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူ၌ လာရောက်ကုသမှုခံယူလိုသူ များအား ဇွန် ၂၀ ရက်နံနက် ၇ နာရီမှစတင်၍ စာရင်းပေးသွင်းရန် ကြေညာထားခဲ့သည်။ ထိုသို့ ကြေညာထားသော်လည်း နံနက် ၄ နာရီမှစတင်ကာ တန်းစီစောင့်ဆိုင်းနေကြသူများရှိခဲ့ပြီး ကုသမှုခံယူလိုသူများပြားသဖြင့် တစ်ရက်တည်း၌ပင် လူဦးရေ(၁,၂၀၀)ကျော်သွားခဲ့၍ စာရင်းပိတ်ခဲ့ကြောင်း...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးဦးကိုကိုကျော်သည်လည်း ယနေ့ ဇွန် ၂၀ ရက်မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့ကြား တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071