Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...

ဧပြီလအတွင်း ပြည်ပသို့ ပျားရည်မက်ထရစ်တန် ၂၀၀...

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်စဖြစ်သည့် ဧပြီလအတွင်းပြည်ပသို့ ပျားရည် မက်ထရစ်တန် (၂၀၀) ကျော်တင်ပို့ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။ ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း...
HomeMoviesသမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် သမ္မတဇလန်းစကီးဝါရှင်တန်သို့ထွက်ခွာ

သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် သမ္မတဇလန်းစကီးဝါရှင်တန်သို့ထွက်ခွာ

ဝါရှင်တန်၊ဒီဇင်ဘာ ၂၁

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးသည် ကန်သမ္မတဘိုင်ဒင်နှင့်တွေ့ဆုံရန် ယနေ့တွင်ဝါရှင်တန်သို့ရောက်ရှိမည်ဖြစ်ကြောင်း အမေရိကဘက်မှအတည်ပြုပြောကြားခဲ့သည်။ယခုခရီးစဉ်သည် စစ်ပွဲစတင်ကတည်းက သမ္မတဇလန်းစကီး၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး အမေရိကထံမှ စစ်ရေးနှင့်စီးပွားရေးအကူအညီများရယူရန် ကြိုးပမ်းမည်ဟုမျှော်မှန်းထားကြသည်။

“ယူကရိန်းရဲ့ ခံနိုင်ရည်နဲ့ကာကွယ်ရေးစွမ်းရည်အတွက် အခုအမေရိကကိုသွားနေပါပြီ” ဟုလည်း ၎င်း၏တွစ်တာပို့စ်တွင်ရေးသားထားသည်။

ယခုခရီးစဉ်အား လျှို့ဝှက်စီစဉ်ခဲ့ခြင်းဖြစ်ပြီး အင်္ဂါနေ့ညအထိ မသေချာမရေရာသေးသည့် ခန့်မှန်းချက်တစ်ခုအဖြစ်သာရှိနေခဲ့သည်။သမ္မတဘိုင်ဒင်အနေဖြင့် ယခုခရီးစဉ်အတွင်းကန်ဒေါ်လာ နှစ်ဘီလျံနီးပါးတန်ဖိုးရှိသည့် လက်နက်အကူအညီကိုလည်း ကြေငြာမည်ဟုကန်အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်၌ ကိဗ်အားမော်စကို၏လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်နိုင်စေမည့် Patriot ဒုံးကျည်ယူနစ်ပါဝင်မည်ဖြစ်ကြောင်းသိရှိရသည်။ယခုခရီးစဉ်အား ယူကရိန်းအပေါ်ထားရှိသည့် အမေရိက၏ကတိကဝတ်ကို ထုတ်ဖော်ပြသနိုင်ရန် သမ္မတဘိုင်ဒင်က သမ္မတဇလန်းစကီးအားဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း အိမ်ဖြူတော်၏ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

၄င်းအပြင် အမေရိကအနေဖြင့် ယူကရိန်းသမ္မတအား ရုရှားနှင့်ညှိနှိုင်းဆွေးနွေးရန်အတွက် အတင်းအကျပ်တိုက်တွန်းမည်မဟုတ်ဟုလည်း ဖော်ပြထားသည်။စစ်ပွဲကာလတစ်လျှောက် ဆယ်လတာကာလအတွင်း၌လည်း အမေရိကသည်ယူကရိန်းအားတောက်လျှောက်ကူညီပေးခဲ့ပြီး ရုရှားပိတ်ဆို့မှုများပြုလုပ်ခဲ့သော်လည်း တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမျိုးမရှိခဲ့ပေ။

ဘိုင်ဒင်အစိုးရသည် ယခုအချိန်အထိ လက်နက်ပစ္စည်းမျိုးစုံအား ယူကရိန်းသို့ထောက်ပံ့ပေးခဲ့သည်မှာ ကန်ဒေါ်လာ ၂၀ ဘီလျံနီးပါးရှိပြီဟုလည်းသိရှိရသည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် မိသားစုတစ်စုတည်းဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသောအခြေခံအုတ်မြစ် ဖြစ်ကြောင်းကို ပြောကြားလိုက်ပြီး အောင်မြင်မှု အသီးအပွင့်များကို Dong က ချီးကျူးပြောဆိုခဲ့သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အပြည့်အဝအသုံးချရန်၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် တပ်ဖွဲ့ဝင်လေ့ကျင့်ရေးကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံအနာဂတ်ဖြင့် တရုတ်-ထိုင်း အသိုက်အဝန်းကို...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့် အစားထိုးယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း MFC က အသိပေးထုတ်ပြန်သည်။ ၎င်းတို့ နှစ်ဦးသည် ဒုခေါင်တွဲဆိုင်းနေရာတွင် ယှဉ်ပြိုင်က စားကြမည်ဖြစ်ပြီး ဖာမီချိုင်းမှာ မြန်မာပရိတ်သတ်များနှင့်ရင်းနှီးပြီးသားဖြစ်သည့် မွေထိုင်းလက်ဝှေ့ကျော် တစ်ဦးဖြစ်သည်။ ဖာမီချိုင်းသည် BKFC ထိုင်း ရွှေခါးပတ် နှစ်ခု ရရှိပိုင်ဆိုင်ထားသည့်အပြင် ယခုလ မတ် (၁၄) ရက်၌ ကရင်ပြည်နယ်ထို့ကော့ကိုးတွင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် လာရောက်ထိုးသ-တ်ပြီး ရိုးရာလက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071