Tuesday, January 13, 2026

တရားမဝင်ပြည်ပနိုင်ငံသား(၁၀၃)ဦးကို ပြန်လည်လွှဲ ပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး က ရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရို-က်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၀၃)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန်...

တည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်တွင်း/ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်ရန် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

အင်းစိန်ရွာမဆရာတော်ကြီး၏ သက်တော်(၈၇)နှစ်ပြည့်မွေးနေ့အလှူတော်အဖြစ် အလှူငွေကျပ်သိန်း (၁၂၀)လှူဒါန်း

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၏ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသ(အင်းစိန်ရွာမဆရာတော်ကြီး)၏ သက်တော်(၈၇)နှစ်ပြည့် မွေးနေ့မင်္ဂလာအ ထိမ်းအမှတ်အဖြစ် အလှူငွေကျပ်သိန်း(၁၂၀)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကျပ်သိန်း(၁၂၀)အား...

သီရိလင်္ကာနိုင်ငံမှ မုန်တိုင်းသင့်သူများအတွက် မြန်မာ နိုင်ငံမှ...

သီရိလင်္ကာနိုင်ငံတွင်တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် အခက်အခဲများကြုံတွေ့နေရသည့် မုန်တိုင်းသင့်သူများအတွက် မြန်မာနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)ကို ယနေ့ ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ရန်ကုန်ဆိပ်ကမ်း၊...
HomeCelebrities' Newsသမီး နှစ်ယောက်ကို ကိုယ်တိုင်...

သမီး နှစ်ယောက်ကို ကိုယ်တိုင် စောင့်ရှောက်ကြရလို့ အနုပညာအလုပ်တွေ မလုပ်ဖြစ်တာပါဆိုတဲ့ အဆိုတော် ကော်ဘရာ နဲ့ ခင်မဉ္ဇူခိုင် တို့ ဇနီးမောင်နှံ

အဆိုတော်ကော်ဘရာနဲ့  ခင်မဉ္ဇူခိုင်တို့ရဲ့ ဒုတိယမြောက် ရင်သွေးကိုတော့ နိုဝင်ဘာလက ပန်းလှိုင်ဆေးရုံမှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒုတိယမြောက်သမီးလေးက နှစ်လကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး နိုရာလို့ ချစ်စနိုးနဲ့အမည်ပေးထားတယ်လို့ဆိုပါတယ်။ ဒုတိယ မြောက်သမီးလေးမွေးဖွားတဲ့အပေါ်မှာ မိခင်ဖြစ်သူ ခင်မဉ္ဇူခိုင်ရဲ့ ဝမ်းသာပီတိစကားသံက…

“ဒုတိယကလေးလေးမွေးဖွားသွားပြီဆိုတော့ စိတ်ထဲမှာလည်း ပျော်ပါတယ်။ သမီးကြီးကာရာ အတွက်လည်း အစောကြီးကတည်းက အဖော်ရအောင် နှစ်ယောက်ယူ မယ်လို့ စဉ်းစားထားပြီး သားပါ။ ကြီးလာရင်လည်း ညီအစ်မတွေ အဖော်ရတယ်။ အခုကိုယ်တွေ အတွက် ကလေးသေးသေး လေး တစ်ယောက်ထပ်ရောက် လာတယ်ဆို တော့ အစကနေပြန်ထိန်းရ တယ်။ နည်းနည်းတော့ စိတ်မောတာပေါ့။ အငယ်လေးကတော့ အခု၂လခွဲလောက် ရှိပါပြီ။ သမီးအကြီးနဲ့လည်း သုံးနှစ်နဲ့ ဆယ်လလောက်ကွာတယ်။ အကြီးမကိုကာရာလို့ အိမ် မှာခေါ် တယ်ဆိုတော့ အငယ်လေးကိုလည်း နိုဝင်ဘာလ မွေးတာဆိုတော့  နိုရာလို့ ခေါ်တယ်။

နာမည်အရင်းတော့ မပေးရသေးဘူး။ အားလုံးဝိုင်းစဉ်းစားနေကြတုန်းပါ” လို့ပြောပြပါတယ်။ သမီးနှစ်ယောက်ကို ကိုယ်တိုင် စောင့်ရှောက်နေရင်း၊ အိမ်မှု ကိစ္စများကို လုပ်ကိုင် ရင်းနဲ့ပဲ လင်မယားနှစ်ယောက်စလုံး အနုပညာ အလုပ်တွေနဲ့ ဝေးကွားသွားကြတာပါလို့လည်း ခင် မဉ္ဇူခိုင် ကဆိုပါတယ်။ တခြားဘေးလူအကူအညီမပါဘဲ ကလေး ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ ပတ်သက်လို့လည်း မေး မြန်းတော့ …

“မြလေးက ကလေးရသွားတဲ့ အချိန်မှာ ကလေးကို ကိုယ်တိုင်ပဲ စောင့်ရှောက် ပေးဖြစ် တယ်။ ကလေး နှစ်ယောက်စလုံးကို ကိုယ်တွေ လင်မယားနှစ်ယောက်တည်းပဲ ပြုစုတာဖြစ်တဲ့အတွက်တော့ တကယ် ကိုပင်ပန်းပါတယ်။ ဘေးအကူအညီကိုလည်းမလိုချင်လို့ မယူတာမဟုတ်ပါဘူး။ မြလေး ဘက်မှာလည်း အမေက တခြားအပြင်ကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ အမြဲအလုပ်များတော့ သူများအဖွားတွေလိုအနားမှာအမြဲတမ်း မစောင့်ရှောက်ပေးနိုင်ဘူး။ ကော်ဘရာရဲ့ အဖေတွေ၊အမေတွေ ဘက်ကျတော့လည်း သူတို့က အသက်တွေကြီးပြီဖြစ်တယ်။ နောက်ပြီးနေတဲ့နေရာက လည်း ဝေးတော့ မြေးကိုသွားပို့ထားဖို့က အဆင်မပြေဘူးဖြစ်နေတယ်။ အဘိုး၊ အဘွားတွေနဲ့လည်း မြေးကနည်း နည်းစိမ်းတယ်ဆိုတော့ ကိုယ့်မှာက ဘယ်သွားသွားခေါ်သွားနေရတယ်။ တကယ် လည်း သူများရဲ့အကူအညီ ကိုမလိုချင်လို့မဟုတ်ဘဲ အဆင်ကို မပြေလို့ပါ။ ဒါကြောင့်လည်း လင်မ ယားနှစ်ယောက်စလုံးက အပြင်ကိစ္စ တွေနဲ့နည်းနည်းလှမ်းလာတယ်။ အိမ်ထဲမှာပဲနောက်ထပ် ကမ္ဘာတစ်ခု လိုဖြစ်နေတယ်” လို့ပြောပြပါတယ်။

နောက်ပြီး သီချင်းမသီဆိုဖြစ်တဲ့ အပြင် သီချင်းရေးဖို့ပါအဆင်မပြေတာလေးတွေ ရှိနေသေး တယ်ဆိုတဲ့ ဖေဖေကော်ပရာအတွက်လည်း ကြုံတွေ့ရတဲ့အခက်အခဲတွေက ဘာတွေရှိမလဲဆိုတော့ “သီချင်းက မရေးဖြစ်ဘူး။ ရေး ဖြစ်တဲ့ အပုဒ်လည်း တအားနည်းတယ်။ အခွေထွက်တာ မထွက်တာထက် ကိုယ်တိုင်က သီချင်းရေးရတာကို ကြိုက် တာပါ။ တကယ်လို့ သီချင်းရေးဖို့ စိတ်ကူးရလာပြီ ဆိုရင်လည်း သမီးအကြီးက ရောက်လာပြီး ဂစ်တာလာလုတာ မျိုးတွေရှိတော့ သီချင်း ကမထွက် တော့ဘူး။ ဒါနဲ့ မရေးဖြစ် တော့ပြန်ပါဘူး။ ဒါပေမဲ့ သမီးအငယ် မွေးပြီးတော့ နယ်ဘက်မှာ သီချင်း တွေဆိုတာမျိုးတော့ လုပ်ဖြစ် တယ်” လို့ ကော်ပရာက ပြောပြ ပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071