Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeCelebrities' Newsသမီးလေးတွေကို ဘာသာ သာသနာ...

သမီးလေးတွေကို ဘာသာ သာသနာ ကို ချစ်မြတ်နိုးတဲ့သူတွေ ဖြစ်စေချင်တယ် ချစ်သုဝေ

ChitThuWaiခရစ်ယာန် ဘာသာဝင်ဖြစ်တဲ့ ချစ်သုဝေက အမြွှာသမီးလေးတွေ ဖြစ်တဲ့ မေမြန်မာ ခေတ်နဲ့ မေမြန်မာသစ် တို့ကို ခရစ် ယာန် ဘာသာ ဝင်တွေရဲ့ထုံးတမ်းစဉ်လာ အတိုင်း Baptism ပြုလုပ်ရန် မတ်လ ၃ဝရက်နေ့က စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်း ကို ခေါ် သွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေး ၂ဦးက ၂လကျော် ရှိသွားပြီ ဖြစ်ပြီး သမီးလေးတွေ အရွယ်ရောက် လာတဲ့အခါမှာ သူတို့ ကိုယ်တိုင် ရွေးချယ်တဲ့ ဘာသာကို ကိုးကွယ်စေမှာ ဖြစ်ကြောင်း ချစ်သုဝေကပြောပါတယ်။

“သမီးလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့ရွေးချယ်မှုပဲ။ ထရီဇာရော၊ ကိုလင်းရောက ဗုဒ္ဓဘာသာမှ ခရစ်ယာန် ဘာသာမှ ငါယုံကြည်တဲ့ ဘာသာကို ရွေးချယ်ရမယ် ဆိုတဲ့ အတ္တတွေနဲ့ သမီးလေး နှစ်ယောက်ကို မရှင်သန်စေ ချင်ဘူး။ အဓိကက ဘယ်ဘာသာဝင် ပဲဖြစ်ဖြစ်ပါ။ ဗုဒ္ဓ ဘာသာဖြစ်မယ် ဆိုလည်း ဗုဒ္ဓရဲ့ ခံယူချက်တွေ လမ်းစဉ်တွေကို သေသေချာချာလေး လိုက်နာနိုင်တဲ့ ဗုဒ္ဓဘာသာဝင် ကောင်းဖြစ် စေ ချင်တယ်။ တကယ်ဘာသာ သာသနာကို ပြန့်ပွားအောင်လုပ်နိုင်တဲ့ ဘာသာသာသနာကို မြတ်နိုးတတ်တဲ့ ဘာသာ သာသနာ ရဲ့လမ်း စဉ်တွေကို လိုက်လုပ် တတ်တဲ့ လူတွေပဲဖြစ်စေချင်တယ်။ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်။ ဘာသာ နာမည်ခံကြီး မဖြစ်စေချင်ဘူး။ အဓိကက လူကောင်းလူ တော် လေးတွေဖြစ်ဖို့၊ ဘာသာသာသနာ ကို ချစ်မြတ်နိုးဖို့။ ဘုရားညွှန်ကြားခဲ့တဲ့ လမ်းစဉ် အတိုင်း ကျင့်သုံး နေ ထိုင်တတ်ဖို့ အရေးကြီး တယ်လို့ထင်တယ်။ သမီးလေးတွေ ကိုလည်း အဲဒီလိုပဲဖြစ် စေချင်တယ်။ သမီးလေးတွေ နား သတဲ့ အရွယ် ကို ရောက်လာ ရင်လည်း နားသ ပေးဦးမှာပဲ။ သမီးလေးတွေ ရှင်သန်ရတဲ့ တစ်လျှောက်မှာ ဘာသာ၂ခု စလုံးရဲ့ ကောင်းရာ မွန်ရာတွေကို လမ်းညွှန်ပေးဦးမှာပဲ။ ကျန်တာတွေ ကတော့ သူတို့တွေရဲ့ ဘဝဖြစ်တဲ့အတွက် သူတို့တွေ ရဲ့ရွေးချယ် မှုပါပဲ” လို့ပြောပါ တယ်။

ချစ်သုဝေက ကြော်ငြာတွေ ရိုက်ကူးဖို့ ရှိသလို နယ် ရှိုးပွဲ တွေလည်း လက်ခံထားပြီး တစ် ကိုယ်တော်အခွေ ကို လည်း သီတင်းကျွတ်မှာ ထွက်ရှိနိုင်ဖို့လည်း ကြိုး စားနေကြောင်းပြောပါ တယ်။ ဇာတ်ကား ရိုက် ကူးမှုအ နေနဲ့ကတော့ အချိန် အများကြီး ပေးမှာဖြစ်တဲ့ အ တွက် ကလေး တွေငယ်သေးတဲ့ အချိန်ဖြစ်တာ ကြောင့် လက်ခံ ဖြစ်မှာ မဟုတ် သေး ကြောင်း ချစ် သုဝေက ပြောပါ တယ်။ လင်းလင်းက ဒီနှစ် သင်္ကြန်ကို မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုမှာဖြစ်တာ ကြောင့် ချစ်သုဝေ နဲ့ အမြွှာသမီးလေး တွေပါ မန္တလေး ကို လိုက်သွားကြ ရင်း သင်္ကြန်မှာ မိသားစုတွေ အတူ ဖြတ်သန်းသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071