အနဂ္ဂနဲ့သံသာဝင်း တို့ရဲ့ သမီးဦးလေးကို ဒီဇင်ဘာလပထမ အပတ် ပန်းလှိုင်ဆေးရုံမှာ မွေးဖွားတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သံသာဝင်း က ကိုယ်ဝန် ၈လရှိပြီဖြစ်ပြီး သမီးဖြစ်တဲ့ အတွက်လည်း သိပ်ကိုနူးညံ့နေသလို ခံစားနေရတယ်လို့ ကိုယ် ဝန်ဆောင် မိခင်တစ်ယောက် ရဲ့ ခံစား ချက်ကို ပြောပြပါတယ်။
“အစ်မနဲ့ ကိုအနဂ္ဂကတော့ မိန်း ကလေး ပဲဖြစ်ဖြစ်၊ ယောက်ျားလေး ပဲဖြစ်ဖြစ် ကိုယ့်ရင်သွေးပဲ ဆိုတော့ လေ။ ဒါပေမဲ့ မိန်းကလေး ပိုလိုချင် တော့ အတော်ဖြစ်သွားတာပေါ့။ အစ်မအနေနဲ့လည်း အခုအချိန်က ကိုယ်ဝန်ရင့်လာပြီ ဆိုတော့ အသွားအလာလေးတွေတော့ နည်းနည်း လျှော့ထားတယ်။ ကိုယ်ဝန်ကို ပဲအထူး ဂရုစိုက်ဖြစ်နေတယ်” လို့ ကိုယ်ဝန်နဲ့ ပတ်သက်လို့ သူ့ရဲ့ဂရုစိုက်နေမှုကို သံသာဝင်း ကပြောပြပါတယ်။ ဖခင်ဖြစ်တော့မယ့် အနဂ္ဂကလည်း သူ့ရဲ့ပီတိကို အခုလိုပြောပြတာက
“ကျွန်တော့်တို့ကတော့ ဘုရား ပေးတာပါပဲ။ ဘာပဲရရချစ်မှာပါပဲ။ ကိုယ်ဝန်လွယ်ထားရပြီ ဆိုတာသိတဲ့ နေ့က ခံစားချက် ကတော့ ဘာနဲ့မှကိုမလဲနိုင်ပါဘူး။ သံသာကျွန်တော့်ကို ပြောတဲ့နေ့မှာပဲ မယုံနိုင်လောက် အောင်ကိုဖြစ်တယ်။ ပြီးတော့ ကျွန်တော် ကိုယ်တိုင်ကလည်း က လေးချစ် တတ်တော့ ကိုယ့်ရဲ့ရင်သွေး လေးရလာတော့မယ်ဆိုတော့ တအားကို ပျော် သွားတယ်။ သံသာ့ ကိုလည်း အရင်က ဂရုစိုက်တာထက် ပိုဂရုစိုက်ဖြစ်တယ်။ ထတာသွားတာ တို့ဆိုရင် လေးလေးပင်ပင် ရှိတော့ အစ်ကိုကဘေးနားကနေ ကူပေးရတာပေါ့” လို့ ပြောပြပါတယ်။
နွေးထွေးတဲ့ မိသားစု အသိုက်အဝန်း ဖြစ်တဲ့ အတွက်ကြောင့်လည်း မိသားစု တွေ အကုန်လုံးက သမီးဦးလေး ကိုယ်ဝန် လွယ်ထားရတဲ့ သံသာဝင်းကို အထူးဂရု တစိုက်နဲ့ စောင့်ရှောက် ကြည့်ရှုပေးနေကြ ပြီးခင်ပွန်းဖြစ်သူ အနဂ္ဂကလည်းဇနီးဖြစ် သူကို အချိန်တိုင်း အရိပ်တကြည့်ကြည့်နဲ့ ချစ်မေတ္တာရိပ် လွှမ်းခြုံပေးလျက်ပါပဲ။ မွေးဖွားလာတော့မယ့် သမီးလေးရဲ့ နာမည် အတွက်ကိုလည်း ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေက နာမည်တွေ အများ ကြီး ပေးထားကြတယ်လို့ ပျော်ရွှင်ကြည်နူး စွာနဲ့ သံသာဝင်းက ပြောပြပါတယ်။
လင်းအက္ခရာ