Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeCelebrities' Newsသမီးကို အနုပညာသမားမဖြစ်စေချင်တဲ့ မေကဗျာ

သမီးကို အနုပညာသမားမဖြစ်စေချင်တဲ့ မေကဗျာ

may-k-byar-copy

သရုပ်ဆောင် မေကဗျာက အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေနဲ့ နည်းနည်း အလှမ်းကွာနေပြီး စီးပွားရေးဘက်ကိုပဲ ပိုလုပ်ဖြစ်နေတယ်လို့ သိရပါ တယ်။ မေကဗျာက ရှေ့ဆက်လည်း စီးပွားရေးနဲ့ ဘာသာရေးဘက်တွေကိုသာ ပိုလုပ်သွားဖို့ရှိနေပါတယ် လို့ ပြောပါတယ်။

“အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေ ဘာမှမလုပ် ဖြစ်ပါ ဘူး။ ဒီ့အတွက်လည်း ကဗျာနဲ့ ပရိသတ်တွေ နည်းနည်းအ လှမ်း ဝေးနေပါ တယ်။ သီချင်းလေးတွေကိုတော့ တစ်ခါတလေဆိုဖြစ်တယ်။ ကဗျာ စီး ပွားရေးဘက်ကို ပိုလုပ်ဖြစ်နေပါတယ်။ စီးပွားရေး ဆိုတာကလည်း သိပ် ကြီးကြီးမားမားအလုပ်ကြီးတော့မဟုတ်ပါဘူး။ ကဗျာ အင်္ကျီချုပ်ဆိုင် လေးတစ်ခု ဖွင့်လှစ်ထားတယ်။ နောက်ပြီး အွန်လိုင်းမှာလည်း မန္တလေး အမရပူရကနေ ချိတ်တွေယူပြီးရောင်းနေတယ်။ ဆိုင်ဖွင့်ထားတာ အခုဆို တစ်နှစ်ကျော်ကျော်လောက် ရှိသွားပြီဆိုတော့ ဆိုင်ကတော့ တအားအကြီးကြီးတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဆိုင်လေးကို တိုးချဲ့သွားဖို့တော့ အစီအစဉ်ရှိ ပါတယ်။ ကဗျာကတော့ ရှေ့ဆက်ပြီး လည်း စီးပွားရေးအလုပ်တွေနဲ့ ဘာသာရေးဘက်ကိုပဲ ပိုလုပ်သွားဖို့ ရှိနေပါတယ်။ အနုပညာအလုပ် ကတော့ ကိုယ်ပဲ အသက်ရလာ လို့လား မသိဘူး။ သိပ်မလုပ်ချင်တော့ဘူး။ ဒါ ကဗျာအမှန်အတိုင်း ပြောတာပါ။ ဆိုင်ကလည်းတစ်ဖက် ဆိုတော့ ဇာတ်ကားရိုက်ကူးဖို့ အချိန်သိပ် မပေးနိုင်တာလည်းပါတယ်။ နောက် ပြီး အနုပညာ အလုပ်က တစ်သက်လုံးစာမရတဲ့အတွက်ေ ကြာင့် စီးပွား ရေး ဘက်ကို လှမ်းထားရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကဗျာ့ကို ဇာတ်ကားတွေပြန်ရိုက်ကူးစေချင်တဲ့ ပရိ သတ်တွေ ကဗျာ့ကို နားလည်ပေးကြပါလို့ မေတ္တာရပ်ခံ ပါတယ်” လို့ ပြောပါတယ်။ မေကဗျာက သူ့ရဲ့ သမီး လေး ဂင်္ဂါမေ ကိုလည်း အနုပညာ အလုပ်တွေ မလုပ် စေချင်ကြောင်းကို…”သမီးလေးကGrade- 7  တက်ရောက်နေတယ်။သူကစာတအားတော်တယ်။ အနုပညာကို ဝါသနာမပါဘူး။ ကဗျာကလည်း သမီးလေး ကို အနုပညာသမား မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအလုပ် က ပင်ပန်းတယ်။ သူ့ဘဝကိုပညာနဲ့ပဲ ရပ်တည်စေချင်တယ်။ အဲဒါ ကြောင့် ပညာရေးနဲ့ ပတ်သက်တာမှန်သမျှ၊ သင်တန်းမှန်သမျှ ကဗျာ အကုန်လုပ်ပေး တယ်” လို့ ပြောပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071