Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeArticlesသမိုင်းထဲက ...

သမိုင်းထဲက ဆရာ တောင်သမန်အထက် နားဆီက အသက်များ ၈ ၈ နော် ပန်းချီဆရာ

သီတင်း ကျွတ်လရာသီ၊ ဆီမီး ကျွတ်လရာသီ၊ ဆီမီး မြိုင်မြိုင်လတန်ဆောင် တိုင်နှင့်အတူ ဝေးကွာသွားခဲ့လေပြီ ဆရာ။ ပန်းချီဒီဇိုင်းပုံဖော်တိုင်း ရာသီမသိ ပန်းနဲ့ညှိဆိုသလို လရာသီ တွေကို တစ်ဆင့်တစ်ဆင့် အလီလီ ရေးဆွဲခဲ့ရင်း၊ သမိုင်းနောက်ခံ ပန်း ချီများနှင့်အတူ ဆရာထားရစ်ခဲ့တဲ့ ပန်းချီဒီဇိုင်းစာအုပ်များမှ နှစ်ပေါင်း လပေါင်း စုဆောင်းပြီး ပန်းချီသမား တွေရဲ့ ရင်ထဲကို အရောက်ပို့ပေးခဲ့တဲ့ ကျေးဇူး။ တစ်ခါတလေ ကျွန်တော် နှင့်အတူ ဘုရားကြိုဘုရားကြားသွား ခဲ့ကြရင်း အုတ်နံရံတွေပေါ်မှာ ဒါ အင်းဝခေတ်ဦး၊ ဒါကုန်းဘောင်ခေတ် နှောင်း၊ ဒါပုဂံစသော အသိပညာပေး ရင်း ဆေးမင်ကောက်ကြောင်းတွေကို ပိုင်နိုင်စွာစုဆောင်းခဲ့တဲ့ဆရာ။  အေးဆေးစွာ တည်ထားရေးဖွဲ့ ခဲ့ရင်း ယခုတော့ ဝေးကွာသွားခဲ့ သော်လည်း မမေ့နိုင်ပါပြီဆရာ။

  စာမျက်နှာနှင့် အတိတ်က မြန်မာမှုတွေကို ပုံဖော်ခဲ့ရင်း ဘဝဆုံး သည်အထိ ဝမ်းစာပြည့်စွာ မြန်မာ မှုများကို ထိန်းသိမ်းခဲ့ရင်း၊ ဆီမီးတိုင် လေးတွေက အလင်းရောင်ပေးသလို တစ်ဆင့်တစ်ဆင့် ကူးယူစွာ ထွန်းညှိ ရင်းနှင့်အတူ ယခုတော့။  နှစ်များစွာကြာခဲ့သော မန္တလေး၊ ၁၉၅၃ ခုနှစ်များကမှ အစပြု၍ ၁၉၅၆ ခုနှစ်တွေကို ပြန်လည်သတိရ နေမိတယ်။ ဆိုင်းတန်းရုပ်ရှင်ရုံအနီး ရှိ ရွှေတောင်တန်းသံသေတ္တာရပ် ဝန်းနှင့် သကြားချက်ကြတဲ့ ကြံသကာ ထည့်ထားတဲ့ စည်ပိုင်းကြီးတွေနဲ့ ဘဝအဖော်ပြုသော နှစ်များစွာနှင့် အတူ ထိုရုပ်ရှင်ရုံတွင် ပန်းချီတာဝန် ယူရေးဆွဲလေ့ရှိတဲ့ ကိုဘဦးလေးနှင့် ဆရာကိုကျော်ရှင်တို့နှင့်အတူ၊  ပန်းချီ တင်မောင်ဦးငယ်စဉ်အခါက ဆယ့်နှစ်နှစ်ဝန်းကျင်ခန့် ရှိလိမ့်မည် လားမသိ။ ခင်ဆွေဦး၊ မောင်သိန်းဦး လေး၊ မွေးကာစကပင် မမသိန်းတို့ အိမ်မှာ ပညာဆည်းပူး၍ ဘဝပုံ ဖော်ခဲ့ရတယ်။ ဆိုင်းတန်းရုပ်ရှင်ရုံမှာ စောရ နက္ခရွှေဘ၊ ညမင်းသား တင်ညွန့် စသော အသံတိတ်ခေတ်က အေဝမ်း ဆရာညှာက ကျွန်တော်တို့ရုပ်ရှင်ရုံ ထဲကို ရုပ်ရှင်ပြကာနီးမှ သူ့သမီးလေး က သူတပည့်လေးလားမသိ ဝင်လာ ခဲ့ရင်း၊ အသံတိတ်ခေတ်မို့ နောက်ခံ ပြောတဲ့နှစ်တွေကို ပြန်လည်သတိရ ရင်းနှင့် မန္တလေးဈေးချိုတန်း၊ ထမင်း တန်းလေးအပါအဝင် မြင်းခွာသံလေး တွေက ကျွန်တော့်ရင်ထဲ မမေ့နိုင်ခဲ့ ပါပေ။ တိရစ္ဆာန်များ မစားချင်လျှင် သူတို့အား ကြင်နာမှာဆိုတဲ့မြင်း သောက်တဲ့ အင်းကတေကန်ကြီးတွေ ရဲ့ရှေ့မှာ စာလုံးကြီးတွေနှင့်။ မြင် ယောင်နေမိတယ်။ အော် နှစ်များစွာ ကြာခဲ့သော်လည်း မမေ့နိုင်ခဲ့ပါပြီ။

မန္တလေးတောင်ခြေက မြရတနာ မဂ္ဂဇင်းဆိုဒ်ကြီး ထွက်တဲ့အချိန်၊  ၁၉၅၄ ခုနှစ်များဆီက ကျွန်တော့် ဆရာ ဦးအေးမြင့် (မြန်မာ့ရိုးရာ)၊ မဂ္ဂဇင်းရေးဆွဲနေတဲ့ ဆရာဦးအေးမြင့် နှင့် သိကျွမ်းခဲ့ရာ ယခု ဆရာဆုံးပါး သွားသည့်တိုင် ဆရာနှင့်အတူ တွေ့ ဆုံရတဲ့အချိန်တွေကို အမှတ်ရနေမိ တယ်။  ဆရာနှင့်သိကျွမ်းခါစမှာပဲ ဆရာရန်ကုန်ကိုပြောင်းလာတော့ ရန်ကင်းရုပ်ရှင်က လေးလေးထွန်းဝေ၊ ရုပ်ရှင်မင်းသားကြီးတွေရဲ့တွေ့ဆုံ မှုပြုတဲ့ ရန်ကင်းရုပ်ရှင်ပထမထပ်မှာ ဆရာရောက်လာတဲ့အချိန် ၁၉၇ဝ ပြည့်နှစ်ကျော်လောက်က ဖြစ်မည် ထင်တယ်။ ဆရာနှင့်အတူ တွေ့ဆုံခဲ့ ရင်း ကျွန်တော်က ဝမ်းသာကြည် နူးစွာနှင့် အိမ့်စပို့ ၇ဝ နှင့် ဂျပန်အို ဆာကာမှာ ဆရာသွားရောက်ခဲ့ရင်း အဲဒီအချိန်က ယခုတမ္ပဝတီဦးဝင်း မောင်ရယ်၊ အဖေရယ်၊ မစ္စတာ ဟယ်ရီရယ်၊ ကရဝိတ်ပုံစံငယ်သွားပြ တဲ့အချိန်ဖြစ်တယ်။ ဂျပန်အတွေ့အ ကြုံတွေ ပြောပြခဲ့တယ်။ ကျွန်တော် နှင့်အတူ ရန်ကင်းမှာ အိပ်ခဲ့ရတယ်။ တစ်ခါတလေ ပဲဟင်းလေးဆင်းဝယ် ရတယ်။

အဲဒီအချိန် ဥာဏ်မြင့်ရုပ်ရှင် မန္တလေးက ဇင်ယော်မောင်မောင်က ဂျင်းဘောင်းဘီလေးနှင့် ဓာတ်ပုံလေး တွေ ရန်ကင်းပြသနေရင်း အလုပ် ခန်းလေးဖြစ်နေလေတော့ တနင်္ဂနွေ နေ့များမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အပါးတော်မြဲ တက္ကသိုလ်နေဝင်းက လာတယ်။ ဗိုလ်သခင်ဆရာလာတယ်။ တစ်ခါတလေ ပန်းချီဆရာကြီး ဝင်း ဖေလည်းလာတယ်။ တစ်ခါတလေ ကျွန်တော့်ဇနီးသည်လည်းပါတယ်။ လေးလေးထွန်းဝေရဲ့ ရန်ကင်းရုပ်ရှင် မှာ ခေတ္တဆုံသလို၊ ညနေပိုင်းများမှာ ဆုံကြရင် စန္ဒယားကိုသိန်းမောင်နှင့် လည်း တွေ့ဆုံခဲ့ရတယ်။ ဂီတပန်းချီ များနှင့်ပင်။   တစ်နေ့တော့ ကျွန်တော့်ဇနီး သည်က မုန်ဆီကြော်လေး ဝယ်စား ခဲ့ရင်း အညာသူဖြစ်လေတော့ မုန်ဆီ ကြော်ကြိုက်ရှာတယ်။ ရန်ကင်းမှာ ထိုင်စားရင်း လေးလေးက ငါလည်း စားချင်တယ်၊ ကျွေးဦးဟုဆိုပြီး ကိုဝင်းဖေနှင့်အတူ မုန့်ဆီကြော်စားခဲ့ ရတဲ့ ချိုမြိန်တဲ့နှစ်တွေကို ကျော်ခဲ့ပြီပေါ့။  ဆရာဦးအေးမြင့် ရန်ကုန်၊ ရန် ကင်းရောက်တော့ မန္တလေးက လက် ရာရှင်၊ အနုပညာရှင် ရန်ကုန်ရောက် နေပြီဆိုပြီး ကျွန်တော်သတင်းလွှင့် ကာ ရေကျော်ကဆန်းညွှန့်ဦး၊ ဦးလှ ခင်တို့၊ ဆရာ့ကိုပုံတွေ အပ်ခဲ့တယ်။ နောက်ပြီး ရှုမဝကိုလည်း ဆရာ ရောက်နေတယ်ဆိုပြီးပြောတော့ ရှုမ ဝကိုစန်းမြင့်က အတိတ်ကမြန်မာမှု ဆိုပြီး ပုံတွေရေးပေးခဲ့ရင်း၊ ဆရာနှင့် တွေ့ဆုံပညာယူခဲ့ရင်း နြှုဃ ပြက္ခ ဒိန်တွေမှာ ရွှေစကားဝါရေးနည်း ပြက္ခဒိန်ဆယ့်နှစ်ချက်ကို ပါအောင် ရေးဆွဲခဲ့ရင်း ရိုးစင်းလွန်းတဲ့ဆရာ။ ယခုတော့ တမလွန်ကို ဆရာအရင် ထွက်ခွာသွားခဲ့တယ်။

ဆရာ့ကို လစဉ်တွေ့ဆုံခွင့်ပြုပြီး ဆရာပြောင်းသွားခဲ့တဲ့နေရာတွေကို ပါ ရောက်ခဲ့ရင်း ရွှေတိဂုံစောင်းတန်း စသော အနုပညာဖန်တီးမှုများ၊ မြန်မာမှုများစွာတို့ကို ရေးဆွဲမှတ် တမ်းတင်ခဲ့ရသော အနုပညာရှင်ကြီး ကို ပူဇော်လို့ဆုံးမှာ မဟုတ်ပါဘူး။ မန္တလေးကိုပြန်သွားတော့ ကျွန်တော် အညာတစ်ခေါက်ရောက်တိုင်း ဆရာ့ ကို သွားသွားကန်တော့ခဲ့ရင်း တောင် သမန်လေညှင်းနှင့်အတူ ရောက်ခဲ့တဲ့ နှစ်တွေကို ပြန်လည်လွမ်းမိရတယ် ဆရာ။ ဆရာနှင့်အတူ မဟာဂန္ဓာရုံရဲ့ ဗုဒ္ဓရှင်သာသနာပြု ကျောင်းတော်နား မှာ စာဖွဲ့သံ၊ အဘိဓမ္မာတရားသံတွေ နှင့်အတူ ထူးမြတ်လှစွာနှင့် ဆရာရဲ့ စကားသံများမှာ တမလွန်ကိုသိလျက် နှင့်ပင် မောင်တင်လှဝင်းရေဆိုပြီး သမီးကြီးလှလှဝင်းနှင့်အတူ သားအဖ နှစ်ဦး ဒီနှစ် မိုးအဝင်မှာ ဆရာ့ကို နောက်ဆုံးတွေ့ဆုံဂါရဝပြုခဲ့ရတယ်။ ဒီနှစ် မိုးအကုန်မှာပဲ ဆရာနှင့် ဝေး ကွာသွားခဲ့ရပြီဆရာ။  ဖြေမဆည်နိုင်ခဲ့ပြီမို့ ဆရာရဲ့ ဓမ္မပန်းချီတွေ၊ ဓမ္မစေတီတွေ၊ ဆရာ ရဲ့ ပန်းချီမြန်မာမှုနှင့်အတူ ကျွန်တော့် ရင်ထဲမှာ မြရတနာ၊ ပန်းချီရတနာ၊ ပန်းချီပြတိုက်၊ သမိုင်းသုတေသီ မန္တလေးမှာ ၈၆နှစ်ပြည့်မွေးနေ့ကို မန္တလေးတောင်ခြေနားက ပန်းချီပြ ခန်းမှာ ဆရာ့မွေးနေ့ပွဲလေးလုပ် တော့ ဆရာသားသမက်၊ သမီးမမိုး။ ကျွန်တော်တို့နှင့်အတူ ဆရာ့ကို ချစ် ခင်ကြသူများနှင့်အတူ။ ယခုတော့ မန္တလေးတောင်ခြေက လွမ်းတော်မူ လို့ စာပန်းချီရေးဖွဲ့ရင်း ရွှေပန်းဆီသို့ ရောက်တိုင်း၊ ဝေးကွာသွားတဲ့ တောင်သမန်လေးမှာ ဆရာ့ရဲ့ နိဗ္ဗာန်ဘုံလေးပေါ်မှာ လေပြေလေ ညင်းလေးနှင့်အတူ ကန်တော့ပန်း ဆင်နေမှာပါဆရာ။

ကျွန်တော့်ရင်မှာဖြင့်

တင်လှဝင်းတင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071