သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ (၂၉) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ အောက်တိုဘာ ၃၁ ရက်နံနက် ၁၀ နာရီကကျင်းပရာ သန်လျင်မြို့၊ ဝိသုဒ္ဓါရာမဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်အမှူးပြုသည့် သံဃာတော်(၅)ပါးကြွရောက်တော်မူခဲ့ကြကြောင်း သိရသည်။
ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကိုရွတ်ပွားချီးမြှင့်တော်မူကာ တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ (၂၉) ကြိမ်မြောက်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပဒေသာပင်(၉)ခုအပါအဝင် ငွေသားနှင့် အလှူပစ္စည်းတန်ဖိုးငွေကျပ် (၁၀,၇၀၇,၈၀၀) ဖြစ်ကြောင်း သိရသည်။
