ယူကရိန်းနဲ့ပတ်သက်ပြီး သဘောတူညီချက်ရမယ်လို့ ယုံကြည်ရပြီဆိုရင် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ သူ့အနေနဲ့ အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
ပူတင်နဲ့ တွေ့ဆုံဖို့ ဘယ်လိုအခြေအနေမျိုးမှာ ဆန္ဒရှိမလဲဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ အမေရိကန်ခေါင်းဆောင်က “ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ရနိုင်မလားဆိုတာ သိဖို့လိုပါတယ်” လို့ သူကပြောကြားခဲ့တာပါ။ မလေးရှားကိုအသွား ဒိုဟာမှာ လေယာဉ်ဆီဖြည့်တုန်း ထရမ့်က လေယာဉ်ပေါ်ကနေ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ထရမ့်က ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တိုးတက်မှုအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို၊ သူဟာ “ဗလာဒီမာပူတင်နဲ့ အမြဲတမ်း ဆက်ဆံရေးကောင်း ရှိခဲ့ပါတယ်” လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
