ယခုနှစ် အတွင်း သဘာဝ ဘေးအန္တရာယ် များ ကြုံတွေ့ရလျှင် သတင်း အချက်အလက် ဖလှယ်၍ ပူးပေါင်း ဖြေရှင်းရန် ရန်ကုန် တိုင်း ဒေသကြီး လူကယ်ပြန်နှင့် CSO အဖွဲ့ အစည်းများ ဖေ့စ်ဘုတ် စာမျက်နှာ တစ်ခု ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် များက ရန်ကုန် တိုင်းဒေသကြီး အတွင်း သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ ခဲ့ရမှုတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့ အစည်း များ သေချာ စွာ ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ခြင်း မရှိသဖြင့် အကူအညီ လိုအပ်သည့် နေရာများကို လိုအပ်ချက်နှင့် ထောက်ပံ့မှု ကိုက် ညီအောင်ပေးနိုင် ခြင်း မရှိခဲ့ သည့် အတွက် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက် ရန် စီစဉ်ရခြင်း ဖြစ် ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကယ် ဆယ် ရေးနှင့် ပြန်လည်နေရာ ချထား ရေး ဦးစီးဌာန ဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဦးဝင်းရွှေက ပြောသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်ရာ တွင် ဝန်ကြီး ဌာနနှင့် CSO အဖွဲ့အစည်းများကြား သတင်း အချက် အလက်များ မျှဝေ ကာ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရန် “နိုင်ငံ အကျိုးပြု လူမှု အဖွဲ့အစည်းများ ဆုံရပ်(ရန်ကုန်)” ဟု အမည်ပေးထားသော ဖေ့စ်ဘုတ် စာမျက် နှာတစ်ခုကို ဖွင့်လှစ် ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
“ဒီစာမျက်နှာကနေ သတင်း အချက် အလက်တွေ၊ ပြီးတော့ ဘယ်အဖွဲ့က ဘာလုပ်နေတယ်၊ ဘယ် နေရာမှာတော့ ဘာ အကူအညီတွေ လိုတယ် ဆိုတာတွေကို အချိန်နဲ့ တစ်ပြေးညီ သိရှိမှာ ဖြစ်ပါတယ်။ ပိုမို ပေါင်းစည်းနိုင်ဖို့၊ အချိတ်အဆက် မိမိနဲ့ ထောက် ပံ့နိုင်ဖို့ ဖြစ်ပါ တယ်”ဟု ဦးဝင်းရွှေက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ လူမှုဝန်ထမ်း ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာန ရုံးခန်းမတွင် တာဝန်ရှိသူများ နှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ CSO အဖွဲ့ အစည်းများ တွေ့ဆုံပွဲ တစ်ခုကိုပြု လုပ်ခဲ့ပြီး ယခုကဲ့သို့ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ ဖွင့်လှစ် လိုက်သည့် ဖေ့စ်ဘုတ် စာမျက်နှာ ကို ရန်ကုန်တိုင်း ဒေသကြီး လူကယ်ပြန်မှ ကိုင်တွယ်မည် ဖြစ်ပြီး Viber Group တစ်ခုကိုလည်း ဖွင့်လှစ် အသုံးပြု သွား မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Group တွင် CSO အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးနှုန်း ထည့်သွင်း၍ ချိတ် ဆက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ရန်ကုန်တိုင်း လူကယ် ပြန်မှ တာဝန်ရှိ သူများနှင့် CSO အဖွဲ့အစည်း များကြား ချိတ်ဆက် ဆောင် ရွက်သွား နိုင်ရန် သုံးလတစ်ကြိမ် တွေ့ဆုံပွဲ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရ သည်။ ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ပြုလုပ်သော တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ CSO အဖွဲ့အစည်း ပေါင်း ၄ဝ ခန့် တက်ရောက် ခဲ့သည်။