Saturday, February 14, 2026

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု...

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင်...

ဘယ်လာရုစ်အစိုးရတက္ကသိုလ်နှင့်မြန်မာအာကာသအေဂျင်စီတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဖေဖေါ်ဝါရီလ ၁၀ ရက် ဘယ်လာရုစ်အစိုးရတက္ကသိုလ် ပညာရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ဒုတိယပါမောက္ခချုပ် ဗစ်တာကိုချင် နှင့် မြန်မာအာကာသအေဂျင်စီ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ဦးမျိုးသန့်တို့က သက်ဆိုင်ရာအဖွဲ့အစည်းများကိုယ်စား...
HomeNewsLocal Newsသဘာဝပတ်ဝန်းကျင်နှင့်‌ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ယခုနှစ် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌...

သဘာဝပတ်ဝန်းကျင်နှင့်‌ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ယခုနှစ် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်ပေါင်း ၂ သိန်းကျော်စိုက်ပျိုး

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ယခုအကြိမ် အထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၇ ကြိမ်ကျင်းပ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား နေပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည်အနီးတွင် ဇူလိုင် ၁၄ ရက်က ပြုလုပ်ခဲ့သည်။

ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲသို့ နစက ဥက္ကဋ္ဌနှင့်ဇနီးဒေါ်ကြူကြူလှတို့တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင်အားဦးဆောင်စိုက်ပျိုးပေးခဲ့ကာ တက်ရောက်လာကြသူများမှလည်း သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များကိုစိုက်ပျိုးပေးခဲ့ကြသည်။

ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲ၌ ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင်(စုစုပေါင်း ၃၅၂၈ ပင်)အား ရေဆင်းဆည်ဝန်းကျင်တွင် သဘာဝပတ်ဝန်းကျင်နှင့်‌ဂေဟစနစ်ထိန်းသိမ်းရေးအတွက် စိုက်ပျိုးပေးခဲ့ကြသည်။

ယနေ့တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင်လည်း သစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၉၅၀၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၁၃၁၀ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ၂၁၂၅၈ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၁၄၄၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၁၉၉၉ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄၃၂၂ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ ၁၃၂၇၃ ပင်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၂၉၆၄ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၁၇၂၈၆ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၌ ၇၁၉၅ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅၉၆၂ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ၈၇၁၃ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၃၅၂၄၇ ပင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၃၂၀၀ ပင်(စုစုပေါင်း ၂၂၇၂၀၂ ပင်)အား ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရေဆင်းဆည်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့်‌ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများက ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒုတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၇ ကြိမ်ကျင်းပ၍ ရတနာတန်းဝင်ပင်၊နှစ်ရှည်သီးနှံပင်နှင့်အရိပ်ရလေကာပင်ပေါင်း ၁၈၈၀၅၅ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်၊

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေ​ကြေး​စျေးကွက် တည်ငြိမ်​မှုများပျ-က်ပြားစေနိုင်သည့်​ကောလဟာလများ​သတိထား

ဗဟိုဘဏ်သည် ဘဏ်များအားဘဏ်လုပ်ငန်းလိုင်စင်ထုတ်ပေးထားပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား စောင့်ကြည့်ကြပ်မတ်ကွပ်ကဲလျက်ရှိသည်။ လက်ရှိအချိန်၌ ရုံးပိတ်ရက်ရှည်ဖြစ်သော ဖေဖော်ဝါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်တွင် Internet Banking၊ Mobile Banking၊ Mobile Payment များဖြစ်သည့်ဒီဂျစ်တယ်ငွေပေးချေမှုများ၊ Card လုပ်ငန်းများ အဆင် ပြေစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရန်ညွှန်ကြားထား​ကြောင်းသိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ATM တွင်ငွေလုံ‌လောက်စွာ ထည့်သွင်းစေခြင်း၊ System Connection ပြတ်တောက်မှုမရှိစေရေး လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာအစီအမံများဆောင်ရွက်ထားရန် ဘဏ်များအားညွှန်ကြားထားသည်ဟု တာဝန်ရှိသူတစ်ဦးက ​ပြောကြားသည်။ ငွေပေးချေမှုလုပ်ငန်းများအဆင်ပြေစွာလည်ပတ်နိုင်ရေး၊...

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာ

ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)ကျင့်သုံးခဲ့၍ ရွေးကောက်တင်မြှောက်ခံရသည့်ပါတီအရေအတွက်မြင့်မားလာသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယ နေ့ ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းက UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၅၇)ပါတီအနက် နိုင်ငံရေးပါတီ(၃၁)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်(၁)ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရသည်ဟု ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များလွှတ်တော်အတွင်းကိုယ်စားပြုခွင့်ပိုမိုရရှိလာကာ ရော နှောထားသောကိုယ်စားလှယ်အချိုးကျစနစ်(MMP) ကျင့်သုံးခြင်းဖြင့် ရွေးကောက်တင်မြှောက်ခံရသည့်ပါ တီအရေအတွက်လည်းမြင့်မားလာသည်ဟု ပြောသည်။ " ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပပြီးသွားပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်တဲ့ အမြဲတမ်းရှင်သန်နေတဲ့ မဲဆန္ဒရှင်စာရင်းဖြစ်စေဖို့ဆောင်ရွက်တာ၊ ကျင်းပပြီးခဲ့တဲ့ ‌ရွေးကောက်ပွဲအပေါ်မှာ အားသာချက်၊ အားနည်းချက်တွေများကိုလည်းပြန်လည်သုံးသပ်နေပါတယ်"ဟု UEC...

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိပါတီကိုယ်စားလှယ်လောင်းများနစ်နာမှုရှိသည်ဟု ယူဆပါက သတ်မှတ်ကာလအတွင်းကန့်ကွက်လွှာတင်သွင်းနိုင်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါ ရီ ၂၅ ရက်အထိ အပိုင်း(၃)ပိုင်းဖြင့်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ဥက္ကဋ္ဌဦးသန်းစိုးမှ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်က UEC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်(၂၄ ဒသမ ၂၂)သန်းရှိပြီး ဆန္ဒမဲပေး သူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိ၍ မဲပေးမှုခိုင်နှုန်းမှာ (၅၄ ဒသမ ၂၂)ရာခိုင်နှုန်းကျော်ဖြစ်သည်ဟု ပြောသည်။ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071