Sunday, May 10, 2026

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄...

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊...

အမေရိကန်ကို ထောက်ခံသည့် နိုင်ငံများ၏ သင်္ဘောများ...

အီရန်နိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမူဝါဒတွင် ပူးပေါင်းပါဝင်သည့် နိုင်ငံများမှ သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းခွင့်ပြုမည်မဟုတ်ကြောင်း အီရန်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာကရာမီးနီးယားက ပြောကြားလိုက်သည်။ "အခုချိန်ကစပြီး...
HomeNewsLocal Newsသဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်းများစွာတိုးတက်ထွက်ရှိနေသည့် မအူပင်(တောင်)ရေနံနှင့် သဘာဝ...

သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်းများစွာတိုးတက်ထွက်ရှိနေသည့် မအူပင်(တောင်)ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေ

ဧရာဝတီတိုင်း၊ မအူပင်မြိုရှိ မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှသဲကြောများအား သုတေသနပြုဆန်းစစ်ဖောက်ယူရာ သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်းများစွာတိုးတက်ထွက်ရှိလျက်ရှိကြောင်း သိရသည်။

မအူပင်(တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ်(၁၈)မှ သဲကြောများကို ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောက်ယူရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗ ပေ(၁ ဒသမ ၆)သန်းနှင့် လေဆီ(၈)စည်၊ တွင်းအမှတ် (၂၀)ကို မတ် ၁၅ ရက်တွင်ဖောက်ယူရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ(၁ ဒသမ ၅)သန်းနှင့် လေဆီ (၇)စည်၊ တွင်းအမှတ်(၁၆)ကို ဧပြီ ၃ ရက်တွင်ဖောက်ယူရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေ(၁ ဒသမ ၆)သန်းနှင့် လေဆီ(၈)စည်တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များ၌ C3 (ပရိုပိန်း) ၊C4 (ဗျူတိန်း)ပါဝင်မှုများပြား၍ မီးဖို ချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG)နှင့် Naphtha ဓာတ် ဆီတို့ကို ပထမအဆင့်ထုတ်ယူနိုင်ပြီး မီးဖိုချောင်သုံးရေနံဓာတ်ငွေ့ရည်(LPG)နှင့် Naphtha ဓာတ်ဆီထုတ်ယူထားပြီးသော ဓာတ်ငွေ့များကို ဒုတိယအဆင့်အနေဖြင့် ဓာတ်မြေဩဇာစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်များသို့ ဆက်လက်ဖြန့်ဖြူးပေးနိုင်သဖြင့် အလွန်တန်ဖိုးရှိသော သဘာဝဓာတ်ငွေ့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုးတက်ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များသည် မြန်မာပြည်အောက်ပိုင်းဒေသရှိ သဘာဝ ဓာတ်ငွေ့သုံးစွဲမှုကဏ္ဍတွင်များစွာအထောက်အကူပြုမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့သုံးမော် တော်ယာဉ်များအတွက် သဘာဝဓာတ်ငွေ့များကို ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက်လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သိရသည်။

သဘာဝဓာတ်ငွေ့များတိုးတက်ထွက်ရှိနေသည့် မအူပင် (တောင်)ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ စွမ်းအင်ဝန် ကြီးဌာန ဒု-ဝန်ကြီးဦးကျော်နိုင်ဝင်းမှ ဧပြီ ၉ ရက်ကကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအားဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါကစ္စတန်တွင် ကားဗုံးပေ-ါက်ကွဲ၍ ရဲ ၁၄ ဦး ‌ေ-သဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ စနေနေ့က တို-က်ခိုက်မှုအပြီး ရို-က်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျ-က်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလေ-ာင်ကျွမ်းနေသော အပျ-က်အစီးများနှင့် ပျ-က်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။ ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့...

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

          အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။       "မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ" ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။      အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင်...

သဲချောင်းထဲရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု လွိုင်ကော်မြို့နယ်တွင်ဖြစ်ပွား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ သဲချောင်းအ တွင်းရေဆင်းကူးသူ(၃)ဦး ရေနစ်သေဆုံးခဲ့မှု ယနေ့ မေ ၁၀ ရက်နံနက် ၁၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်) ကျေးရွာရှိ သဲချောင်းတွင်ရေဆင်းကူးသည့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့သဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရှာ ဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ရေနစ်သူ(၃)ဦးအား နေ့လည် ၁ နာရီ ၂၀ မိ နစ်ခန့်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့၍ ရွှေညောင်ပင်နာရေးကူညီမှုအသင်းက လွိုင်ကော်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071