Wednesday, April 30, 2025

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး...

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည်...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ...

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊...

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထိုင်းအသင်းကို ဂိုးပြတ်ဖြင့် ရှုံးနိမ့်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့ ဧပြီ (၂၉)ရက်က ထိုင်းဖူဆယ်ကလပ် SWU Aimane အသင်းနှင့် ခြေစမ်းကစားရာ (၄)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လက်ရွေးစင် ဖူဆယ်အသင်းသည်...
HomeNewsLocal Newsသပိတ်ကျင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွား

သပိတ်ကျင်းမြို့အားဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်သွား

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်အားဗဟိုပြု၍ ဖေဖော်ဝါရီ ၄ ရက်(ယနေ့)မွန်းလွဲပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၄ မိနစ် ၄၄ စက္ကန့်က သပိတ်ကျင်းမြို့၏ အ‌ရှေ့တောက်ဘက်(၉)မိုင်ခန့်အကွာ၊မြောက်လတ္တီတွဒ်(၂၂ ဒသမ ၇၆)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၀၄)ဒီဂရီ၊အနက် (၁၂)ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး(၄ ဒသမ ၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်း၌ ၂၀၂၂ ခုနှစ်ဒီဇင်ဘာလအတွင်းကလည်း ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒီနေ့လှုပ်တဲ့ငလျင်က အနည်းအကျဥ်းကြမ်းတယ်လို့ပြောရမှာပေါ့ ဒီဇင်ဘာလကလှုပ်သွားတဲ့ ငလျင်တွေကြောင့် ပျက်စီးသွားတာတွေကိုပြန်ပြီးပြင်ဆင်နေတုန်းပဲရှိသေးတယ် အခုထပ်လှုပ်တာပါ ဒီတစ်ခါလှုပ်တာပျက်စီးမှုတော့မရှိဘူး အသင်းက ကလေးတွေတော့လိုက်ကြည့်နေကြတယ်”ဟု သပိတ်ကျင်းမြို့အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ ၂ ရက်နံနက် ၇ နာရီ ၃၄ မိနစ် ၅၃ စက္ကန့်ကလည်း ရခိုင်ပြည်နယ်၊အမ်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိ

မန္တလေးတွင် ပြိုကျရန် အန္တရာယ်ရှိနေသည့် အဆောက်အဦးထဲမှ ကျပ်သိန်း (၄,၀၀၀) ကျော်ဖိုး ရွှေနှင့် ငွေသားခိုးယူသူများကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် အခင်းဖြစ် အဆောက်အဦးပိုင်ရှင်သည် ငလျင်ဘေးကြောက်သောကြောင့် မျက်နှာချင်းဆိုင်လမ်းတစ်ဘက်ရှိ တိုက်ခန်းမြေညီထပ်၌ သွားရောက်အိပ်နေချိန် ၎င်းပိုင်ဆိုင်သည့် ရွှေထည်များနှင့် ကျပ်သိန်း (၂,၀၀၀) ခန့် စုစုပေါင်းကျပ်သိန်း (၄,၃၀၀)ကျော် ပျော-က်ဆုံးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရာ ပျေ-ာက်ဆုံးမှုဖြစ်ပွားခဲ့သည့် တိုက်ခန်းနှင့်ကပ်လျက်ရှိ ဆောက်လက်စအဆောက်အဦးရှိ အလုပ်သမားတစ်ဦး ပျေ-ာက်ဆုံးနေရာမှ ခြေရာခံ စုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ စုံစမ်းမှုများအရ...

နေပြည်တော် အပါအဝင် ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြင်ဆင်ရန် နည်းလမ်း(၃) မျိုးဖြင့် ဆောင်ရွက်မည်

‌ငလျင်ကြောင့် ပျ-က်စီးသွားသည့် နေပြည်တော်အပါအဝင်ဒေသ(၆) ခုမှ ရုံးဌာနအဆောက်အဦးများ ပြန်လည်ပြင်ဆင်ရန် နည်းလမ်း (၃) ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း အဆောက်အဦးများပြန်လည်ပြုပြင် အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။ ဧပြီလ (၂၉) ရက်က နေပြည်တော်တွင် ကျင်းပသည့် အဆိုပါကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုံးဌာန အဆောက်အဦးများအား ပြင်ဆင်ရန်အတွက် မူလတည်ဆောက်ခဲ့သော ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် တည်ဆောက်ရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေသည့် ကုမ္ပဏီများအား တာဝန်ပေးဆောင်ရွက်ခြင်းနှင့် အင်ဂျင်နီယာအသင်း (၃)သင်းမှ သတ်မှတ်ထောက်ခံပေးထားသည့် ကုမ္ပဏီများအား...

နိုင်ငံတကာမှ ထောက်ပံ့ပစ္စည်းများ ဆက်တိုက်ရောက်ရှိလာ

ငလျင်ဘေးသင့် ဒေသများသို့ လှူဒါန်းရန် နိုင်ငံတကာမှထောက်ပံ့ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ (၂၈)ရက်တွင် ရောက်ရှိခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှထုတ်ပြန်ထားသည်။ အဆိုပါ ပစ္စည်းများမှာ တဘက်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ စောင်၊ ခြင်ထောင်၊ အိပ်ယာ၊ ဆိုလာမီးအိမ်၊ ရွက်ဖျင်တဲ (၃.၉၁၈) တန်၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်းက ထောက်ပံ့ပေးသည့် ဆေးဝါး (၂.၁၈၅) တန်၊ Buddhist Tzu Chi Charity Foundation ကထောက်ပံ့ပေးသည့် ခြင်ထောင်၊ အိပ်ယာ (၅.၅၄၇) တန်၊ Serum...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071