၂၀၂၄ ခုနှစ် လူဦးရေးနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ကောက်ယူပြီးဖြစ်ကြောင်း ပြည့်သူ့အင်အားဦးစီးဌာနက သိရသည်။
လာမည့် အောက်တိုဘာ(၂၄)ရက်နေ့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ယနေ့ အောက်တိုဘာ(၁၇)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာက တဆင့်အသိပေးထားသည်။
သတင်းအချက်လက်များရယူလိုပါက ပြည်သူ့အင်အားဦးစီးဌာန၏ ဝက်ဆိုဒ်တွင်ရယူနိုင်ကြောင်းလည်း အသိပေးထားသည်။
သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။
ထပ်မံထုတ်ပြန်မည် ပြည်ထောင်စုအစီရင်ခံစာတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ ေ-သဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်ေ-သဆုံးခြင်း စသည့်အကြောင်းအရာများ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
