Wednesday, July 16, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeNewsLocal Newsသန်းခေါင်စာရင်း ကောက်ရင် ဘာတွေမေးမှာလဲ

သန်းခေါင်စာရင်း ကောက်ရင် ဘာတွေမေးမှာလဲ

(၁၀)နှစ်လျှင် တစ်ကြိမ် ကောက်ယူသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အကြောင်းအရာကောက်ယူခြင်းသန်းခေါင်စာရင်းကို လာမည့် အောက်တိုဘာ (၁)ရက်မှ (၁၅) ရက်အတွင်း ကောက်ယူတော့မည် ဖြစ်သည်။

ယင်းသို့ကောက်ယူရာတွင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်သူများကို ကောက်ယူသွားမည် ဖြစ်ကာ ဖြည့်စွက်ရမည့်မေးခွန်းများလည်း ပါဝင်သည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမည့် တာဝန်ရှိအဖွဲ့များသည် သန်းခေါင်စာရင်း ကောက်ယူမည့်နေ့အတွက် ကြိုတင်အကြောင်းကြားစာကို အိမ်ထောင်စုတိုင်းသို့ မကောက်ယူမီ ကြိုတင်ပေးပို့သွားမည်ဖြစ်ကာ လူဦးရေနှင့် အိမ်အကြောင်းအရာ မေးခွန်း (၆၈) ခုကို စာရင်းကောက်များက မေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

မေးမြန်းရာတွင် အမည်၊ အိမ်ထောင်ဦးစီးနှင့် တော်စပ်ပုံ၊ ပြည့်ပြီးအသက်၊ မွေးသက္ကရာဇ် ရက်၊ လ၊ နှစ်၊ ကိုးကွယ်သည့်ဘာသာ၊ အိမ်တွင် အဓိကပြောဆိုကြသော ဘာသာ စကား၊ ကိုင်ဆောင်သည့် မှတ်ပုံတင်ကတ်ပြားအမျိုးအစား၊ အိမ်ထောင်ရေးအခြေအနေ၊ မွေးစာရင်း ရှိ/မရှိ၊ ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း အကြောင်းအရာ၊ ပညာရေးအကြောင်းအ ရာ၊လုပ်သားအင်အား အကြောင်းအရာ၊ အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ မွေးဖွားခြင်း အကြောင်းအရာ၊ မသန် စွမ်းမှု အကြောင်းအရာ၊ နေအိမ်အမျိုးအစား ပိုင်ဆိုင်မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးပစ္စည်းများ၊ အိမ်ရှိအခန်းအရေအတွက်၊ အိပ်ခန်းအရေအတွက်၊ သောက်သုံး ရေရရှိမှု၊ အလင်းရောင်အတွက် မီးအသုံးပြုခြင်း၊ လောင်စာအသုံးပြုမှု၊ အိမ်သာအမျိုးအစားနှင့် မျှဝေသုံးစွဲမှု၊ အမှိုက်စွန့်ပစ်မှု၊ လက်ဆေးခြင်းအကြောင်းအရာ၊ လွန်ခဲ့သော (၁၂)လအတွင်း အိမ်ထောင်စုဝင်များထဲမှ ‌ေ-သဆုံးမှု စသည့်မေးခွန်းများ ပါဝင်သည်ဟု သိရသည်။

ထို့ပြင် ပြည်ပရွှေ့ပြောင်းသွားလာခြင်းအကြောင်းအရာနှင့် ပတ်သက်၍ မေးမြန်းမှုရှိမည်ဖြစ်ပြီး မေးမြန်းရာတွင် တရားဝင်ဗီဇာဖြင့် သွားခြင်း/မသွားခြင်း၊ အောက်လမ်းမှ တရားမဝင်သွားခြင်း စသည်တို့ကို မေးမြန်းမည်မဟုတ်သလို အဓိကမေးမြန်းလိုသည့် အချက်သည် မည်သည့်နိုင်ငံတွင် သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည်ကိုသာ သိလိုရင်း ဖြစ်သည်ဟု သိရသည်။

ထိုနည်းတူ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် အိမ်ထောင်စုစာရင်းပုံစံ (၆/၆) သို့မဟုတ် ပုံစံ(၁၀) ရှိခြင်း၊ မရှိခြင်း နိုင်ငံသားစိစစ်‌ရေးကတ်ရှိခြင်း မရှိခြင်းနှင့် မသက်ဆိုင်ဘဲ အိမ်‌ထောင်စုတစ်စု စာရင်းကောက်ချိန် မိနစ် (၂၀) ဝန်းကျင် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များသည် တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် တက်ဘလက်များဖြင့် နံနက် (၇) နာရီမှ ညနေ (၆) နာရီအထိအတွင်း ကောက်ယူမည် ဖြစ်ကာ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂ ၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက် ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ယင်း သန်းခေါင်စာရင်းမှရရှိသည့် ကိန်းဂဏန်းများမှာ နောင်အစိုးရအဆက်ဆက်အထိ လက်ဆင့်ကမ်းပေးနိုင်မည့် အချက်အလက်များဖြစ်ကာ ယင်းမှရရှိသည့် အချက်အလက်များသည် ရွေးကောက်ပွဲအတွက် အခြေခံကျသည့် မဲစာရင်းမှန်ကန်ပြည့်စုံရေးအတွက်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

ကိုးကားအချက်အလက်- Guide 4U

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071