Thursday, November 13, 2025

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂...

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက...

ထိုင်း Lumpinee Super Fight...

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊...

IBEC ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း...
HomeNewsLocal Newsသန်းခေါင်စာရင်းသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက်...

သန်းခေါင်စာရင်းသည် နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ၌ကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ပြိးနောက် သန်းခေါင်စာရင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကိုပြသနေသည့် သံလိုက်အိမ်မြှောင်ဟုတင်စားလိုသည့်အပြင် နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်၍ ယုံကြည်အားထားရသည့် နိုင်ငံ ၏အသက်သွေးကြောဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် သန်းခေါင်စာရင်းကောက်ယူခြင်းမှာ အလွန်ကျယ်ပြန့်ပြီးလုပ်ငန်းပမာဏကြီးမားပြီး ငွေကြေးကုန်ကျမှုများလွန်းသော်လည်း နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာစာရင်းအင်းအချက်အလက်များရရှိရန်၊ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင်စာရင်းကို (၁၀)နှစ်တစ်ကြိမ်ကောက်ယူရန်လိုအပ်၍ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် မဖြစ်မနေကောက်ယူခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်ပရွှေ့ပြောင်းခြင်းသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းရှိအလုပ်အကိုင် အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ်တည်မှီနေသဖြင့် မြန်မာနိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များချမှတ်ဆောင်ရွက်ရမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

” မြန်မာနိုင်ငံရဲ့ လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှုတွေမြင့်မားနေပေမယ့်လူငယ်တွေကို အကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးရင် အနာဂတ်မှာလူဦးရေဆုလာဘ်ရဲ့ ကောင်းကျိုးတွေကိုဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲလူငယ်တွေကို လျစ်လျူရှုထားရင် Demographic Burden နဲ့အတူ တည်ငြိမ် အေးချမ်းမှုလျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် ယာယီသမ္မတမှ လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များဖန်တီးပေးရန်၊ ပညာရေးကို လုပ်သားဈေးကွက်လိုအပ်ချက်များနှင့် ချိန်ညှိပေးပြီး ခိုင်မာသည့်အသက်မွေးဝမ်းကျောင်းသင်တန်းများထူထောင်ပေးရန်၊ နည်းပညာနှင့် မောင်းနှင်သည့် အနာဂတ်ဖြစ်စေရေးအတွက် လုပ်သားအင်အားကို ပြင်ဆင်နိုင်အောင်ကြိုးစားရန်၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် လူ မှုကာကွယ်စောင့်ရှောက်ရေးစနစ်များတည်ထောင်ပေးရန်၊ နိုင်ငံတွင်း၌ ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ရွှေ့ ပြောင်းခြင်းကိုအကျိုးရှိအောင်စီမံခန့်ခွဲရန်၊ မြန်မာနိုင် ငံ၏ လူဦးရေဖွဲ့စည်းမှုနှင့်အညီ မြေ၊ ရေနှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ မျှတစွာအသုံးပြုနိုင်အောင်စီမံပေးရန်၊ ယနေ့ ကျောင်းစာသင်ခန်းတွင်ရှိနေသည့် ကလေးတိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာရှင်၊ အတတ်ပညာ ရှင်များအဖြစ်မှတ်ယူပြီး ပညာရေးကိုမြှင့်တင်ရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၏ ပြောကြားချက်အရ သိရသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၌ တရုတ်စီးပွားရေးအသင်းနှင့် တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၈၈- ၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စက်တင်ဘာလအထိ ရန်ကုန်တွင် တရုတ်နိုင်ငံက ဝင်‌ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၅၁ ခုရှိပြီး အမေရိကန် ဒေါ်လာ ၂ ဘီလျံခွဲကျော်ရှိကြောင်း သိရသည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားပြီး စက်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ ကဏ္ဍများတွင် ဒုတိယနှင့် တတိယအများဆုံးဝင်ရောက်...

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်အစိုးရနှင့် AHA Centre ကြား ကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာလက်မှတ်ထိုး

မန္တလေးငလျင်ဒ-ဏ်သင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် တရုတ်နိုင်ငံအစိုးရနှင့် AHA Centre ကြား အမေရိကန်ဒေါ်လာ(၁)သန်းကူညီပံ့ပိုးခြင်းဆိုင်ရာသဘောတူစာချုပ်အား နိုဝင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ ငလျင်ဒ-ဏ်သင့်ဒေသများမှ စာသင်ကျောင်းများပြန်လည်တည်ဆောက်ရေးအပါအဝင် ပြန်လည်ထူ‌ထောင်ရေးလုပ်ငန်းများကိုထောက်ပံ့ကူညီရန် တရုတ်နိုင်ငံအစိုးရက AHA Centre သို့ အမေရိကန်ဒေါ်လာ(၁)သန်းအား ပေးအပ်လှူဒါန်းခြင်း သဘောတူစာချုပ်အား အာဆီယံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Hou Yangqi နှင့် AHA Centre ၏ အမှုဆောင်ဒါရို-က်တာ Mr. Lee Yam Ming တို့ကလက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ထိုင်း Lumpinee Super Fight မှာ ပွဲထွက်လာတဲ့ ရိုးရာဖိုက်တာကျော်စွာဝင်း

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Lumpinee Super Fight ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ ကျော်စွာဝင်း စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီဖြစ်သည်။ ယင်းပွဲစဉ်ကို နိုဝင်ဘာ (၂၂)ညနေ (၅)နာရီအချိန်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ ရိုးရာဖိုက်တာ ကျော်စွာဝင်းမှာ မွေထိုင်းဖိုက်တာအဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ယင်းပွဲစဉ်အတွင်း နောက်ထပ်ရိုးရာဖိုက်တာနှစ်ဦးလည်း ဝင်ရောက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ လက်ရှိအချိန်၌ ရိုးရာဖိုက်တာ ကျော်စွာဝင်းသည် ထိုင်းနိုင်ငံက နာမည်ကြီး ကလပ်တစ်ခုတွင် လေ့ကျင့်ပြင်ဆင်နေပြီး၊မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနှင့်လည်း ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071