(Unicode)
သန်လျင်တံတားအဆင်း ကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရ
ရန်ကုန်- သန်လျင်တံတားအဆင်းရှိ ကင်းစခန်းတစ်ခုကို ယနေ့ ၁၁ နာရီဝန်းကျင်ခန့်က PDFအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုင်းရင်းသားကျေးရွာအနီး မီးပွိုင့်တွင်လည်း ပစ်ခတ်မှုဖြစ်ခဲ့သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပျံလွှားအောင် စစ်ဆင်ရေးစီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သေဆုံးသူရှိခဲ့သည်ဟု ကနဦးသတင်းထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကမူ လုံခြုံရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရ၊သေဆုံးမှု မရှိကြောင်းနှင့် အနီးနားရှိ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
“ကားတွေ ပိတ်ပိတ်စစ်ဆေးနေတာတွေ့ရတယ်။ပစ်ခတ်မှုဖြစ်လို့ ဆိုပြီးတော့”ဟု တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။
(Zawgyi)
သန္လ်င္တံတားအဆင္း ကင္းစခန္း ပစ္ခတ္တိုက္ခိုက္ခံရ
ရန္ကုန္- သန္လ်င္တံတားအဆင္းရွိ ကင္းစခန္းတစ္ခုကို ယေန႔ ၁၁ နာရီဝန္းက်င္ခန႔္က PDFအဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့သည္။
တိုင္းရင္းသားေက်း႐ြာအနီး မီးပြိဳင့္တြင္လည္း ပစ္ခတ္မႈျဖစ္ခဲ့သည္။
ရန္ကုန္တိုင္းရဲတပ္ဖြဲ႕က ပစ္ခတ္မႈျဖစ္ပြားသည္မွာ မွန္ကန္ေၾကာင္း အတည္ျပဳေျပာသည္။
ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ပ်ံလႊားေအာင္ စစ္ဆင္ေရးစီမံခ်က္ျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ေသဆုံးသူရွိခဲ့သည္ဟု ကနဦးသတင္းထုတ္ျပန္ထားသည္။
ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ကမူ လုံၿခဳံေရးဝန္ထမ္းမ်ား ထိခိုက္ဒဏ္ရာရ၊ေသဆုံးမႈ မရွိေၾကာင္းႏွင့္ အနီးနားရွိ သန႔္ရွင္းေရးဝန္ထမ္းတစ္ဦးေတာ့ ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု ေျပာသည္။
“ကားေတြ ပိတ္ပိတ္စစ္ေဆးေနတာေတြ႕ရတယ္။ပစ္ခတ္မႈျဖစ္လို႔ ဆိုၿပီးေတာ့”ဟု တကၠစီယာဥ္ေမာင္းတစ္ဦးကေျပာသည္။