နိုင်ငံခြားငွေလဲလှယ်နှုန်းထားများကို သတ်မှတ်ထားသည့် AD လိုင်စင်ရဘဏ်များတွင်သာ ကြည့်ရှု့ရန် ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ထားသည်။
Online Social Platform များဖြစ်သည့် facebook၊ viber၊ Telegram အစရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့် (Fake Account)များအသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ မမှန်ကန်သည့်သတင်းများထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း၊ Website များကိုလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏ တရားဝင် Website များပေါ်တွင် Exchange Counter များ၏ အရောင်းအဝယ်ငွေလဲလှယ်နှုန်းများကို ကြေညာပေးလျက်ရှိကြောင်း၊ ထို့ပြင် KBZ ၊ AYA ၊ MAB ၊UAB ၊ A bank ၊ CB ၊ Yoma၊ MCB ၊ MOB ဘဏ်တို့၏ Website တွင်သာ ငွေလဲလှယ်နှုန်းကို ကြည့်ရှု့လေ့လာနိုင်ကြောင်း အသိပေးထားပြီး မမှန်ကန်သည့် Website များကိုယုံကြည်မှုမရှိပဲ သက်ဆိုင်ရာဘဏ်များတွင်သာ လေ့လာနိုင်ကြောင့်အသိပေးထားသည်။
