သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် အလွတ်တန်း သတင်းထောက် မထက်ထက်ခိုင်တို့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် ပဲခူးတိုင်း၊ သာယာဝတီထောင်တွင် အကျဉ်းကျခံနေရသည့် အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့သည် ယမန်နေ့ ဒီဇင်ဘာ(၁)ရက်၌ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
မကြာမီကျင်းပမည့် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ ပြစ်မှုထင်ရှားစီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်းသီးသီးတွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသ ည့် အကျဉ်းသား / အကျဉ်းသူများ လွတ်ငြိမ်းခွင့်ပေးသည့် နောက်ဆက်တွဲတွင် ပြန်လည်လွတ်မြောက်မှုများ ရှိလာခဲ့ခြင်း ဖြစ်သည်။
Photo: BBC Media Action
