Friday, May 23, 2025

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...
HomeArticlesသစ်ဆင်းပွဲသဘင်

သစ်ဆင်းပွဲသဘင်

 

မြန်မာ တို့၏ ၁၂လရာသီတွင် တော်သလင်းလသည် ခြောက်လ မြောက်ဖြစ်သည်။ မိုး ကောင်းကင်တွင် မိုးသားမိုးတိမ်များ ကင်းစင်ကြည်လင် သာယာသည့်လ ဖြစ်သည်။ နေမင်းသည် ကောင်းကင် ပြင်တွင် မိုးသားမိုးတိမ် အကာအကွယ် များ ကင်းမဲ့နေ သည်ကြောင့် ပြင်း ပြစွာ ထွန်းလင်းတောက်ပနေသည့် လဖြစ်သည်။

‘တော်သလင်းနေ ပုစွန် သေ’ ဟူသောစကားအတိုင်း ‘ငါးငယ်၊ ပုစွန်ငယ်များပင် သေလောက်အောင် ပြင်းပြစွာ ထွန်းလင်းသည်။ တို့၏ ၁၂လရာသီ တွင် တော်သလင်းလသည် ခြောက်လ မြောက်ဖြစ်သည်။ မိုး ကောင်းကင်တွင် မိုးသားမိုးတိမ်များ ကင်းစင်ကြည်လင် သာယာသည့်လ ဖြစ်သည်။ နေမင်းသည် ကောင်းကင် ပြင်တွင် မိုးသားမိုးတိမ် အကာအကွယ် များ ကင်းမဲ့နေသည်ကြောင့် ပြင်း ပြစွာ ထွန်းလင်းတောက်ပနေသည့် လဖြစ်သည်။ ‘တော်သလင်းနေ ပုစွန် သေ’ ဟူသောစကားအတိုင်း ‘ငါးငယ်၊ ပုစွန်ငယ်များပင် သေလောက်အောင် ပြင်းပြစွာ ထွန်းလင်းသည်။  တော်သလင်းလတွင် ရေပြင် များသည် ကြည်လင်သော ကောင်း ကင်ပြင်နှင့် လိုက်ဖက်စွာ လှိုင်းလေ ကင်းစင်သဖြင့် သင်ဖြူးဖျာ ဖြန့်ခင်း ထားသကဲ့သို့ ပြန့်ပြူးငြိမ်သက်လျက် ရှိသည်ကြောင့် ‘တော်သလင်းကို ပြည်တွင်း သင်ဖြူးခင်း’ဟု အဆိုရှိ ပေသည်။  သို့သော်တစ်ခါတရံ ရာသီဥတု ဖောက်ပြန်သည့်အခါတွင် တော်သ လင်းလသည် ဝါဆို၊ ဝါခေါင်များကဲ့သို့ မိုးများတတ်သည်။ လယ်ကန်သင်း များတို့သည် မပြတ်မစဲ တသည်း သည်း ရွာတတ်သည်ကြောင့် ‘ တော် သလင်းမိုး ကန်သင်းကျိုး’ ဆိုရိုးစကား ဖြစ်တည်ခဲ့သည်။  ဤသို့သာယာကြည်လင်သော တော်သလင်းလ၏ ရှေးမြန်မာမင်းတို့ ကျင်းပခဲ့သော ရာသီပွဲတော်များမှာ (၁) လှေသဘင်ပွဲတော်နှင့် သိစ်ဆင်း ပွဲတို့ဖြစ်သည်။

လှေပြိုင်ပွဲသဘင်ကို ပန်းအလှ သဘင်၊ ရေပွဲသဘင်၊ မြစ်ယံပွဲ စသည် ဖြင့် အမျိုးမျိုးခေါ်ခဲ့ကြသည်။ ရှေး လှေသဘင်ပွဲသည် မြန်မာဘုရင်တို့ လွန်စွာနှစ်သက်မြတ်နိုးတော်မူကြ သော ပွဲဖြစ်သည်။ ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ‘ ပြည်ကြီးမွန်’ ဟူ သော ဘုရင့်ရွှေလှေတော်ကြီးပေါ်၌လေညင်းခံကာ ရှုစားအားပေးတော် မူလေ့ရှိ၏။  လှေပြိုင်ပွဲသဘင်ကို တော်သ လင်းလဆန်း ၈ ရက်၊ လပြည့်နေ့မှ လပြည့်ကျော် ၈ ရက်၊ လကွယ်နေ့ များတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲ တွင် လှော်ကားလှေတော်ကြီး၊ လှော် ကားတော်၊ လှော်လှေတော်၊ ခတ် လှေတော်၊ လောင်းတော်၊ ရဲလှေ စသည်တို့ကို အမျိုးအစားအလိုက် ပြိုင်ဆိုင်စေသည်။ ဘုရင့်ရေတပ်မ တော်အဖွဲ့များ၊ ရပ်ကွက်များအနက် အမည်ရအဖွဲ့ရများ ပါဝင်ယှဉ်ပြိုင် ကြသည်။

ရှေးမြန်မာမင်းများသည် ဤသို့ လှေပြိုင်ပွဲကို ပျော်ပွဲသက်သက် မဟုတ် ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် ရေတပ်အင်အားကို စမ်းသပ်လေ့ကျင့် ခြင်း၊ သို့မဟုတ် ရေတပ်မတော်သား များ၏ အရည်အသွေးကို တိုးတက်စေ လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပ ခြင်းဖြစ်သည်။ ယခုခေတ်၌ အချို့ ကျေးလက် တောရွာမှအပ လှေပြိုင်ပွဲ သည် ပျောက်ကွယ်သလောက်ရှိနေ ချေပြီ ဖြစ်သည်။  ရှေးမြန်မာမင်းတို့လက်ထက်၌ တော်သလင်းလရာသီပွဲအဖြစ် ‘သစ် ဆင်းပွဲ’ကို ကျင်းပလေ့ရှိသည်။ တော်သလင်းလ မြစ်ရေပြင် ရေစီးရေ ဟုန် ညင်သာ၍ သစ်ဖောင်၊ ဝါးဖောင် များ စုန်ဆင်းလေ့ရှိကြသည်ကို အကြောင်းပြု၍ တော်သလင်းလကို ‘သစ်ဆင်းလ’ဟု ခေါ်ဆိုကြသည်။  ရှေးပညာရှင်များသည် လှေပွဲ သဘင်ကိုပင် သစ်ဆင်းသဘင်ဟု ခေါ်ဆိုကြသည်များ ရှိခဲ့သလို သစ် ဆင်းပွဲသည်လည်း ခမ်းခမ်းနားနား ကျင်းပလေ့ရှိသည့်ပွဲသဘင် တစ်မျိုး ဖြစ်သည်ဟူ၍ အယူအဆအ အမျိုး မျိုး ရှိခဲ့သည်။ သို့သော်လည်း အယူ အဆ အမျိုးအမျိုးအနက် သစ်ဆင်းပွဲ ကျင်းပပုံကို ရှေးပညာရှိများ စပ်ဆိုခဲ့ သည့် ဧချင်း၊ လူးတားတို့အပြင် ဒုတိယအင်းဝခေတ်၊ ညောင်ရမ်းဆက် မကုန်မီ နန်းတော်၊ သိမ်တော်တို့၌ အမှုထမ်းခဲ့သော ဆည်သည်ရွာစား ဦးအောင်ကြီး၏ ကန်ရာသီဘွဲ့လူးတား တို့၌ လှေသဘင်ပွဲနှင့် သစ်ဆင်းပွဲနှစ်ခု ကို ကိုယ်တိုင်တွေ့မြင်ဆောင်ရွက်ခဲ့ရ သည်ကြောင့် သစ်ဆင်းပွဲသည် သီးခြား ကျင်းပသောပွဲအဖြစ် လက်ခံထားကြ သည်။

ရှေးစာဆိုကြီးများ၏ အဆိုအရ သစ်ဆင်းပွဲကျင်းပပုံမှာ စိတ်ဝင်စား ဖွယ်ဖြစ်သည်။ မနိမ့်မမြင့်လွန်းသော သစ်တိုင်လေးတိုင်တို့ကို လှေနှစ်စင်း တွင် ချည်နှောင်စိုက်ထူပြီး လေးတိုင် စင်ကလေးဆောက်ကာ ထိပ်တွင်ပုဆိုး နီနီမိုးထားသည်။ ယင်းလေးတိုင် စင်မြင့်ပေါ်သို့ လူတက်၍ မြစ်တွင်းသို့ ခုန်ဆင်းသည့်အခါ ထိုလူသည် ရေစီး တွင် မျောမပါသွားစေရန် ရေပေါ် တွင်ပိုက်ကွန်ကို ဖြန့်ကြက်ခံထား သည်။  အယူသည်းသော တောင်သူ များသည် လေးတိုင်စင်ပေါ်မှ ကခုန် ဆင်းသူသည် မှောက်လျက်ကျလျှင် မိုးကောင်းမည်။ ပက်လက်လှန်ကျ လျှင် မိုးမကောင်းဟု ယူဆကြသည်။ ထို့ကြောင့် ၄င်းတို့သည် နတ်ပွဲများကို ငါးကြော်၊ မုန့်ဖြူ၊ မုန့်နီ  စသည်တို့ဖြင့် ပူဇော်ပသပြီး နတ်ဆိုင်းများ တီးလျက် သစ်ဆင်းပွဲ သဘင်ကို ကျင်းပကြ သည်။  ဤပွဲသဘင်သည် အင်းဝခေတ် တွင် လ၏အမည်ကိုစွဲမြဲမှတ်သား လောက်အောင် အလေးဂရုစိုက်ကာ သိုက်သိုက်မြိုက်မြိုက် ကျင်းပလေ့ရှိ သည်ဟု ခန့်မှန်းကြသည်။ သို့သော် ဤ ပွဲသည် လူ၏အသက် ပျက်စီးတတ် ခြင်း၊ တောင်သူတို့ ကောက်ယူသည့် နိမိတ်များကို မယုံကြည်ခြင်းတို့ ကြောင့် ကုန်းဘောင်ခေတ်သို့ ရောက် ချိန်မှစပြီး ထိုသစ်ဆင်းပွဲသည် လုံးဝ ကွယ်ပျောက်သွားခဲ့သည်ဖြစ်၍ ယနေ့ ၁၂လရာသီပွဲတော်များတွင် ထိုပွဲ  အကြောင်းမပါဝင်တော့ခြင်းဖြစ်သည်။

 မြတ်မင်းလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071