ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင်ကန်လမ်းရှိ လက်ဆည်ကန်အတွင်း အမျိုးသား (၁)ဦး ရေနစ်ကာအသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
ယနေ့ မေ (၂၃) ရက်၊ နေ့လယ် (၂)နာရီ (၄၅)မိနစ်အချိန်က အဆိုပါ လက်ဆည်ကန်အတွင်း အမျိုးသား (၁)ဦး ရေနစ်နေကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင် ရွက်ခဲ့ကြောင်း သိရသည်။
နေ့လယ် (၃)နာရီ (၄၈)မိနစ် အချိန်တွင် ရေနစ်သူ၏ ရုပ်အ လောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၆/၂ ရပ်ကွက် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

