(Unicode)
သင်္ဃန်းကျွန်းမြို့နယ်မှာ စိတ်ကြွဆေးပြား ၁၄၀၀၀ ဖမ်းမိ
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၇ ရက်မွန်းလွဲ ၂ နာရီခွဲက လမ်းလျှောက်လာသူတစ်ယောက်ကိုင်ထားတဲ့လက်ဆွဲအိတ်ထဲကနေ စိတ်ကြွဆေးပြား ၁၄၀၀၀ ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်က ဆ/ခ ရပ်ကွက်မှာ လေးထောင့်ကန်လမ်းဖက်ကနေ အာနန္ဒာဘုရားလမ်းဖက်ကို လမ်းလျှောက်လာတဲ့ ဘိုသီ(ခ)ကျော်လင်းထွန်း(၂၇)နှစ်ကို သူကိုင်ထားတဲ့လက်ဆွဲအိတ်ထဲကနေ စိတ်ကြွဆေးပြား ၁၄၀၀၀ ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။
စိတ်ကြွဆေးပြားတွေသယ်လာတဲ့သူကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ဆက်စပ်စိတ်ကြွဆေးပြားတွေ ထပ်ပြီးဖမ်းဆီးရမိဖို့အတွက် စစ်ဆေးနေပါတယ်။
(Zawgyi)
သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ၁၄၀၀၀ ဖမ္းမိ
ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၇ ရက္မြန္းလြဲ ၂ နာရီခြဲက လမ္းေလွ်ာက္လာသူတစ္ေယာက္ကိုင္ထားတဲ့လက္ဆြဲအိတ္ထဲကေန စိတ္ႂကြေဆးျပား ၁၄၀၀၀ ကို မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲဝင္ေတြက ဖမ္းဆီးရမိခဲ့ပါတယ္။
သဃၤန္းကြၽန္းၿမိဳ႕နယ္က ဆ/ခ ရပ္ကြက္မွာ ေလးေထာင့္ကန္လမ္းဖက္ကေန အာနႏၵာဘုရားလမ္းဖက္ကို လမ္းေလွ်ာက္လာတဲ့ ဘိုသီ(ခ)ေက်ာ္လင္းထြန္း(၂၇)ႏွစ္ကို သူကိုင္ထားတဲ့လက္ဆြဲအိတ္ထဲကေန စိတ္ႂကြေဆးျပား ၁၄၀၀၀ ကိုဖမ္းဆီးရမိခဲ့ျခင္းျဖစ္ပါတယ္။
စိတ္ႂကြေဆးျပားေတြသယ္လာတဲ့သူကို သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားၿပီး ဆက္စပ္စိတ္ႂကြေဆးျပားေတြ ထပ္ၿပီးဖမ္းဆီးရမိဖို႔အတြက္ စစ္ေဆးေနပါတယ္။