Saturday, February 15, 2025

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန်...

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။ ကရင်နယ်ခြားစောင့်တပ်...

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့်...

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို...

HIV နှင့် တီဘီဆေးဝါးများ အလုံအလောက်ရှိဟု...

ပြည်တွင်း၌ HIV နှင့် တီဘီရောဂါ ဆေးဝါးများ ပြတ်လပ်ခြင်းမရှိဘဲ အလုံအလောက်ရှိနေကြောင်း ကျန်းမာရေးဝန် ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးကပြည်တွင်းသတင်းမီဒီယာအချို့မှ အသိပေးပြောကြားထား...
HomeNewsLocal Newsသင်္ကြန်အပြီး ဆန်ကြမ်းဈေး အနည်းငယ်တက်လာ

သင်္ကြန်အပြီး ဆန်ကြမ်းဈေး အနည်းငယ်တက်လာ

သင်္ကြန်ပိတ်ရက် ကာလအတွင်း ကုန်စည်ဒိုင်သို့ ဆန်အဝင်နည်းခြင်းကြောင့် ပြည်တွင်းစားသုံးသည့် ဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဆန်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ပြည်တွင်း၌ စားသုံးမှုများသည့် ဇီယာ၊ ဆင်းသွယ်၊ ရက် ၉၀ ဆန် အမျိုးအစားများသည် သင်္ကြန်မတိုင်မီကထက် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ မှ ၅,၀၀၀ ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။

သို့သော် ဆန်ချောဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းသည် သင်္ကြန်မတိုင်မီကဈေးတန်းမှာပင် ဆက်လက်ရှိနေပြီး ဆန်ကြမ်းအမျိုးအစားများသာ ဈေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်ပိတ်ရက်ကာလတွင် ဧရာဝတီတိုင်းဘက်မှ ဆန်ကုန်စည်ဒိုင်သို့ ဆန်အဝင်နည်းခဲ့ပြီး ကုန်စည်ဒိုင်အ များစုသည် သင်္ကြန်ကာလတွင် ပိတ်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၁၅၀, ၀၀၀  မှ ၁၆၄,၀၀၀ ဝန်းကျင်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ မှ ၁၄၈,၀၀၀ ဝန်းကျင်နှင့်ဆန်ကြမ်းဖြစ်သည့် ရက် ၉၀ ဆန် တစ်အိတ်လျှင် ကျပ် ၁၀၈,၀၀၀ မှ ၁၂၀,၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုဝန်ကြီးချုပ်ထံ BGF ခေါင်း‌ဆောင်စာပို့အကူညီတောင်း

လူ-ကုန်ကူးမှုနှင့် ကျားဖြန့်လိ-မ်လည်သူများအား တိုက်ဖျက်မှု မြန်ဆန်စေ‌ရေးလမ်းညွှန်ကူညီရန် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ကရင်နယ်ခြားစောင့်တပ်(BGF) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စောချစ်သူက စာ‌ပေးပို့အကူညီ တောင်းခဲ့ကြောင်း သိရသည်။ ကရင်နယ်ခြားစောင့်တပ် ဗိုလ်ချုပ်စောချစ်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့်စာကို ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖွန်သမ်ဝဲချရာချိုင်ထံ ဖေဖော်ဝါရီ (၁၃)ရက်က ပေးပို့လိုက်ခြင်းဖြစ်သည်။ ပေးပို့စာ၌ မိမိဒေသအတွင်း ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများတွ င် တရားမဝင် လာရောက်လုပ်ကိုင်နေကြသည့် လူ-ကုန်ကူးမှုကျူးလွန်သူများနှင့် လိ-မ်လည်လှည့်ဖျားသူများ (ကျားဖြန့်) အား ဖော်ထုတ်ဖမ်းဆီး စစ်ဆေးလျက် ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာ သံရုံးများသို့ ပို့ဆောင်ပေးလျက်ရှိပါသည်ဟု ဖော်ပြထားသည်။ ထို့သို့...

ဘုရားသုံးဆူမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်ပိုင်း သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက်ပိုင်း သောက်ရေသန့်စက်ရုံများ မလည်ပတ်နိုင်သဖြင့် သောက်သုံးရေ ပြတ်လပ်မှုများဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။ လျှပ်စစ်မီးအခက်အခဲကြောင့် သောက်ရေသန့်စက်ရုံများ ရေမတင်နိုင်ခြင်း၊ ရေသန့်စက် မလည်ပတ်နိုင်ခြင်းတို့ကြောင့် ဒေသတွင်း ရေသန့်ဖြန့်ဖြူးရောင်းချနိုင်ခြင်း မရှိတော့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။ "လျှပ်စစ်မီးရမှ လုပ်နိုင်မယ့် လုပ်ငန်းတွေအားလုံး ရပ်ကုန်တာ။ မဖြစ်မနေ လိုအပ်တဲ့ ထဲမှာ ရေသန့်လုပ်ငန်းတွေလည်း ပါနေတော့ အခု တွင်းရေကိုဘဲ အားပြု သောက်နေရတာပေါ့။ အားလုံးပြတ်နေတာမျိုး မဟုတ်ပေမယ့် ရှားပါးလာတာပေါ။ အခု ဆိုလာမီးနဲ့ လုပ်ဖို့တော့ စီစဉ်နေကြတယ်"ဟု ၎င်းကပြောသည်။ ဘုရားသုံးဆူမြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့်...

CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲ

EV ကားများအပါအဝင် Brand New Cars Models အမျိုးအစားပေါင်းများစွာကို CarsDB Showroom တွင် အရစ်ကျစနစ်များဖြင့် ၀ယ်ယူနိုင်မည့် ကားအရောင်းပြပွဲကို ရတနာလမ်း နှင့် ဆိပ်ကမ်းသာလမ်းထောင့်၊ ရတနာအိမ်ရာ၊ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် (စနေနေ့) မှ ၁၆ ရက် (တနင်္ဂနွေနေ့) အထိ မနက် (၉) နာရီမှ ညနေ (၅)နာရီ အတွင်း အဆိုပါ အရောင်းပြခန်း၌ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။ " အရစ်ကျစနစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071