ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ယနေ့ သြဂုတ် (၂၈) ရက် နံနက်ပိုင်းက သင်္ကန်းစဆိုင်ကယ်နောက်ဘီးထဲညပ်သွားပြီး ပြုတ်ကျသွားခဲ့ရာမှ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။
“ဆိုင်ကယ်နောက်မှာ ထိုင်စီးလာရင်း သင်္ကန်းစက ဆိုင်ကယ် နောက်ဘီးထဲကို ညပ်ပြီး ကိုရင်လေးက အောက်ကိုပြုတ်ကျသွားတာ။ ခေါင်းဖု၊ နှုတ်ခမ်းပေါက်၊ ခြေလက်ပွန်းပဲ့ ပေါက်ပြဲဒဏ်ရာတွေ ရသွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင် တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကိုရင်အား မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)