Thursday, May 22, 2025

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့်...

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန်...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင်...

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem...

(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့်...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း)ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင်...
HomeArticlesသင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ...

သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)

ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းတို့ကိုဖန်တီးနိုင်စွမ်းရှိတဲ့ DALL-E

“DALL-E”ဆိုတဲ့နာမည်ဟာ စပိန်အနုပညာရှင် Salvador Dail နဲ့ ကာတွန်းစက်ရုပ်ဇာတ်ကောင်ဖြစ်တဲ့ WALL-E ဆိုတဲ့နာမည်တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ DALL-E ဆိုတာ စာသားနဲ့ရေးသားဖော်ပြထားတာတွေကို ပုံရိပ်တွေအဖြစ်ပြန်ပြီးထုတ်ပေးနိုင်တဲ့ OpenAI က တီထွင်ထားတဲ့ Neural Network  (အာရုံကြောကွန်ရက်စနစ်) တစ်မျိုးပဲ ဖြစ်ပါတယ်။ 

DALL-E က ကိုယ်လိုချင်တဲ့ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းပုံတွေကို စာသားနဲ့ရေးသားခိုင်းစေလိုက်တာနဲ့ ဒစ်ဂျစ်တယ်ပုံတွေကိုပြန်ပြီးဖန်တီးပေးနိုင်ပါတယ်။၂၀၂၁၊ ဇန်နဝါရီလမှာ OpenAI က DALL-E အကြောင်းကို ဘလော့ပို့စ်တစ်ခုမှာ ရေးသားခဲ့ဖူးပြီး ပုံတွေကိုဖန်တီးနိုင်ဖို့ GPT-3 ကိုသုံးထားကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ အရည်အသွေးမြင့်ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့ DALL-E 2 အကြောင်းကို OpenAI ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ OpenAI က စောင့်ဆိုင်းသူစာရင်းဝင် လူဦးရေ ၁ သန်းထံသို့ဖိတ်ခေါ်စာပို့ခဲ့ပြီး DALL-E 2 ရဲ့စမ်းသပ်မှုအဆင့် Beta Version အဖြစ်သို့ပြောင်းလဲပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လစဉ်လတိုင်း ပုံအချို့ကိုအခမဲ့ဖန်တီးနိုင်ပြီး ဒီထက်ပိုဖန်တီးချင်တယ်ဆိုရင်တော့ ဝယ်ယူအသုံးပြုလို့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့  DALL-E 2 ကို လူတိုင်းအတွက်တရားဝင်အသုံးပြုခွင့်ပြုခဲ့ပါတယ်။

သင့်အနေနဲ့ DALL-E ကိုအသုံးပြုပြီး ပုံတူပန်းချီရေးဆွဲခိုင်းတာ၊ ရေဆေးပန်းချီနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးဖန်တီးခိုင်းတာအပြင် အပြင်လက်တွေ့ဘဝမှာမရှိတဲ့ သင့်စိတ်ကူးထဲကစိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ရေးသားပြီး သူ့ကိုဖန်တီးပုံဖော်ခိုင်းလို့ရပါတယ်။  ဥပမာသင့်အနေနဲ့ လကမ္ဘာပေါ်ရောက်နေတဲ့အာကာသယာဉ်မှူးတစ်ဦးပုံဖန်တီးပေးပါလို့တောင်းဆိုလိုက်ရင် ပုံစံမတူတဲ့ ပုံ ၄ ပုံကို ပြန်ပြီး ထုတ်ပေးပါတယ်။ အဲ့ဒီ ၄ ပုံထဲကမှ ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး စိတ်တိုင်းကျဖြစ်မည့် ပုံကိုပြန်ရွေးလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် DALL-E ဟာ ပြင်ပလောကပတ်ဝန်းကျင်မှာရှိနေတဲ့ဓာတ်ပုံတွေကိုလည်း သဘာဝကျကျဖန်တီးပုံဖော်ပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ “လေးထောင့်ပုံလိပ်ထားတဲဆူရှီ” “A cube made of Sushi” လို့ English လိုရေးထည့်ပေးလိုက်တာနဲ့ လေးထောင့်ပုံလိပ်ထားတဲ့ဆူရှီလိပ်ပုံစံမျိုးစုံကို  ဖန်တီးထုတ်လုပ်ပေးပါတယ်။ 

DALL-E ဟာ ကျွန်တော်တို့ရေးသားခိုင်းစေလိုက်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တာတွေကိုပါ နားလည်နိုင်စွမ်းရှိပါတယ်။ ဥပမာ “ A bag made of strings” “ကြိုးတွေနဲ့လုပ်ထားတဲ့အိတ်တစ်လုံး ” လို့ရိုက်ထည့်လိုက်တာနဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ အိတ်ပုံစံတွေကို ဖန်တီးပုံဖော်ပေးပါတယ်။

ဒီလိုမျိုးပုံတွေကိုဖန်တီးထုတ်လုပ်ပေးတဲ့နေရာမှာလည်း အရည်အသွေးမြင့်ပုံရိပ် High-resolution image ကိုထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် AI နည်းပညာသုံးပြီး ဓာတ်ပုံတွေထုတ်လုပ်ဖန်တီးတဲ့နည်းပညာနယ်ပယ်မှာတော့ DALL-E ဟာ အခြားသော App တွေထက်ကို သိသိသာသာ ရှေ့ရောက်နေပြီလို့ဆိုနိုင်ပါတယ်။ DALL-E ကို ထုတ်ကုန်ဒီဇိုင်းထုတ်ပေးတာ၊ ဗိသုကာပညာရပ်နဲ့ အခြားသောအနုပညာနယ်ပယ်တွေမှာလည်းအသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

ပရိုဂရမ်တွေရေးပေးနိုင်တဲ့ ChatGPT

ChatGPT ဟာ စကားပြေနဲ့ကဗျာတွေကိုရေးသားပေးနိုင်ယုံသာမကဘဲ နယ်ပယ်အမျိုးမျိုး အတွက် ကွန်ပျူတာဘာသာရပ်အတော်များများရဲ့ Code တွေကိုလည်း ရေးသားနိုင်စွမ်း ရှိပါတယ်။ ChatGPT ဟာ ဖန်ရှင်အမျိုးမျိုးအတွက်ဖြေရှင်းပေးပြီးသားကုတ်တွေကို ဘယ်လိုရေးသင့်တယ်ဆိုတဲ့ဆွေးနွေးချက်တွေပါရှိတဲ့စာရွက်စာတမ်းတွေနဲ့အတူ ယခင် ကတည်းကရေးသားထားပြီးသား ကုတ်အမြောက်အများကိုလည်း ပြန်လည်ပြီး သင်ယူ ထားပြီးဖြစ်ပါတယ်။  

သင်သိချင်တဲ့ ကုတ်အကြောင်းကို ထည့်ပေးလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ ကုတ်တွေကိုချက်ချင်းထုတ်ပေးနိုင်တယ်။ အခြားသင်သိချင်တဲ့ မေးခွန်း တစ်ခုခုကိုမေးရင်လည်း ဖြေပေးနိုင်စွမ်းရှိတယ်။

ဥပမာ Application တစ်ခုကို ဘယ်လို ရေးရမလဲလို့မေးလိုက်ရင်လည်း ရေးရမည့်လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ဆင့်ချင်းစီ ဘယ်လိုလုပ်ရမလဲ ပြောပြပါလိမ့်မယ်။

သင်ရေးထားတဲ့ပရိုဂရမ်တစ်ခုရဲ့အပြစ်ကိုရှာဖွေပေးတဲ့နေရာမှာလည်း အလွန်ကို အသုံး တည့်လှပါတယ်။ ဒါ့အပြင် Input Code ကဘယ်လိုမှားနေတယ်ဆိုမျိုးရှင်းပြပေးမှာဖြစ်ပြီး ChatGPT ကို သင်သိလိုတဲ့ပညာရပ်သင်ကြားနိုင်တဲ့အရင်းမြစ်တစ်ခုအဖြစ် အသုံးပြု နိုင်တာကြောင့် ကုတ်ရေးသားသူတွေအတွက် အလွန်ကောင်းမွန်တဲ့လက်နက်တစ်မျိုး လည်းဖြစ်ပါတယ်။ 

သို့ပေမည့်လည်း ChatGPT ကထုတ်ပေးတဲ့ ကုတ်တွေဟာ မှားနိုင်တာမျိုးလည်း ရှိတဲ့အတွက် သင့်လုပ်ဆောင်ရမည့်လုပ်ငန်းနယ်ပယ်ကြီးလာတာနဲ့အမျှ ရှုပ်ထွေးလာမှာ လည်း ဖြစ်ပါတယ်။ အလားတူအသုံးမတည့်တဲ့ ကုတ်တွေ မလိုအပ်ဘဲဖောင်းပွတာကြောင့် အမှားအယွင်းရှိလာနိုင်ပါတယ်။ ဒီ ChatGPTဟာ ယခင်ကဘာတွေလုပ်ခဲ့ဖူးလဲဆိုတဲ့အပေါ် အလွန်အမင်း တည်မှီနေတာကြောင့် ယခင်က

မဖြေရှင်းရသေးတဲ့ပြဿနာတွေအတွက်တော့ ချက်ချင်း အဖြေထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ChatGPT ဟာ ပရိုဂရမ်ရေးသူများအတွက် အနည်းနဲ့အများတော့အချိန်ကုန်သက်သာစေတဲ့မရှိမဖြစ် ကိရိယာဖြစ်လာမှာဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

အပိုင်း(၂)ဖတ်ရန်>>

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ကမ္ဘာလုံးကိုစွမ်းအင်‌တင်ပို့သောနိုင်ငံဖြစ်လာရန်ဂျကာတာရည်မှန်း

ဂျကာတာ၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို က ၎င်း၏နိုင်ငံတွင် ကြီးမားကျယ်ပြန့်၍ အသုံးမပြု၊မဖော်ထုတ်ရသေးသော စွမ်းအင်အရင်းအမြစ်အရန်သိုလှောင်ထားမှုနှင့် အမြဲမပြတ်ပြန်လည် ဖြည့်တင်း နိုင်စွမ်းတို့ကြောင့် ၎င်းတို့နိုင်ငံသည် ကမ္ဘာကြီးအတွက် အဓိက စွမ်းအင်ထောက်ပံ့ ဖြည့်တင်း ပေးသွင်းသူ ဖြစ်လာရန် အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် တန်ဂဲရန်မြို့ ၌ ကျင်းပခဲ့ သော ၄၉ ကြိမ်မြောက် အင်ဒိုနီးရှားရေနံအသင်းကွန်ဗင်းရှင်းနှင့် ပြပွဲဖွင့်ပွဲတွင် ပရာဘိုဝို က ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အင်ဒိုနီးရှားရဲ့ မဟာဗျူဟာမြောက် ရပ်တည်ချက်သည် အရေးကြီးဆုံးဖြစ်ကြောင်း...

တရုတ်နှင့်ဆက်ဆံရေးကြောင့်ယူအက်စ်နှင့်ကုန်သွယ်ရေးမထိခိုက်–အန်ဝါ

မလေးရှားနိုင်ငံသည် ဝါရှင်တန်၏ အဓိကပြိုင်ဘက် တရုတ်နှင့် ဆက်ဆံရေးကို ခိုင်မာစေရန် ကြိုးပမ်းနေသော်လည်း စည်းကြပ်ခွန်များ လျှော့ချပေးရေး ၎င်း၏ ပန်ကြားချက်ကို နားလည်စာနာစွာဖြင့် ပြန်လည်သုံးသပ်သွားရန် အမေရိက,က ကတိပြုထားသည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြောကြားခဲ့သည်။ စည်းကြပ်ခွန်များနှင့် ပတ်သက်၍ မလေးရှားနှင့် အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်များ စတင်ဆွေးနွေးမှုများ မလုပ်မီရက်သတ္တတစ်ပတ်ခန့်ဖြစ်သော ဧပြီလ လယ်က မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ်က ချီးကျူးခဲ့ကာ သဘောတူညီချက် ၃၁ ခုကို...

အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဝါရှင်တန်ဒီစီ ဂျူးပြတိုက်အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံး

ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးမှ ဝန်ထမ်းနှစ်ဦး ဗုဒ္ဓဟူးနေ့ညက Capital Jewish Museum အနီးတွင် ပ-စ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က ပြောကြားခဲ့သည်။ “ဝါရှင်တန်ဒီစီရှိ ဂျူးပြတိုက်အနီးမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အဓိပ္ပာယ်မဲ့စွာ ‌ေ-သဆုံးခဲ့ပါတယ်” ဟု Noem က X တွင် ရေးသားခဲ့သည်။ “ကျွန်ုပ်တို့ တက်ကြွစွာ စုံစမ်းစစ်ဆေးနေပြီး အခုထက် ပိုမိုသိရှိရအောင် ကြိုးစားနေပါတယ်” ဟု သူမက ဆိုသည်။ ပ-စ်ခတ်မှုမှာ ‌ေ-သနတ်သမားတစ်ဦးတည်းက ကျူးလွန်ခဲ့သည်ဟု ယူဆရပြီး ၎င်းအား ဖမ်းဆီးထားပြီဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071