Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeCelebrities' Newsသင်ဇာဝင့်ကျော် အိမ်ထောင်ပြုဖို့စဉ်းစားတော့မှာလား

သင်ဇာဝင့်ကျော် အိမ်ထောင်ပြုဖို့စဉ်းစားတော့မှာလား

လတ်တလောမှာတော့ သင်ဇာဝင့်ကျော်က ကြော်ငြာရိုက်ကူးမှုတွေ၊ ဓာတ်ပုံ ရိုက်ကူးမှုတွေ ပြုလုပ်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားကိုတော့ နိုဝင်ဘာလထဲကျမှ ပြင်ဦးလွင်မှာ သွားရောက် ရိုက်ကူးဖြစ်မယ်လို့ သိရပါတယ်။ ချစ်သူက အဝေး မှာရောက်နေတယ်လို့ ဆိုထားဖူးတဲ့ သင်ဇာဝင့်ကျော်ကို ဝါကျွတ်ပြီ ဖြစ် တဲ့အတွက် အိမ်ထောင်ပြုဖို့စဉ်းစားတော့မှာလားလို့ မေးကြည့်တော့………………

” အိမ်ထောင်ပြုဖို့ စဉ်းကိုမစဉ်းစားရသေးဘူး။ ဒီအချိန်မှာက ကိုယ့်ရဲ့ ပရိသတ်တွေရယ်၊ မိသားစု ရယ်၊ ကိုယ်ချစ်တဲ့သူတွေရယ်၊ ဒါပဲ ခေါင်းထဲမှာရှိတယ်။ အိမ်ထောင်ပြုဖို့က စိတ်ထဲမှာ မရှိသေးဘူး။ အနုပညာအလုပ်တွေ ဘယ်လိုကောင်းအောင် လုပ်ရမယ်ဆိုတာပဲ၊ စိတ်ထဲမှာလည်း အဲဒါပဲရှိတယ်”လို့ ပြောပါတယ်။

 အပျိုကြီးလုပ်မယ်လို့လည်း ကြိုမပြောချင်ဘဲ သူ့အပေါ်နား လည်မှုရှိတဲ့သူနဲ့ တွေ့ရင်တော့ အိမ် ထောင် ပြုသွားမှာ ဖြစ်ကြောင်းကိုလည်း သင်ဇာဝင့်ကျော်က “အပျိုကြီးလုပ်မယ်လို့လည်း မပြောချင်ဘူး။ စကားဆိုတာ ကုန်အောင်မပြောချင်ဘူးလေ။ တော်ကြာ အပျိုကြီးလုပ်မယ်လို့ ပြောပြီးမှ ကိုယ့်အပေါ်တအားကောင်းပြီး နားလည်ပေးတဲ့လူနဲ့ တွေ့လာခဲ့လို့ အိမ်ထောင်ပြုလိုက်ရင် အပြောခံရမှာဆိုးလို့ပါ” လို့ ပြော ပါတယ်။သင်ဇာဝင့်ကျော်က သက်ကြီးပူဇော်ပွဲနေ့မှာ ဝါရင့်အနုပညာရှင် သက်ကြီးတွေကို လာရောက်ဂါရဝပြုခဲ့သလို ဘာဂါ စတုဒိသာလည်း ကျွေးမွေးခဲ့ပါတယ်။

“ဒီနှစ် သင်ဇာ အနေနဲ့ ဘာဂါ စတုဒိသာ ကျွေး ဖြစ်ပါတယ်။ အရင်နှစ်ကလည်း ကျွေးဖြစ်ပါတယ်။ ဒီနှစ်က လူကြီး တွေရဲ့ ဆော်သြမှုကြောင့်ပါ။ ကိုယ်ကအလုပ်တွေ ရှုပ်နေတော့ သတိ မရဘူး။ ပိုက်ဆံတော့ လှူပြီးသွားပြီ။ လူကြီးတစ်ယောက်က သမီး စတုဒိသာ ကျွေးပါလားဆိုပြီး ဆော်သြမှုကြောင့် သင်ဇာသတိရပြီး ကျွေးတာပါ။ အသက်ကြီးတဲ့လူတွေကို ဂါရဝပြုတာ မင်္ဂလာပဲလေ။ ကိုယ်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် သူ့တို့နေရာ ရောက်လာမှာ ပဲလေ။ ဒီလိုမျိုး စတုဒိသာတွေကျွေးကြတယ်။ လှူကြတန်းကြတယ်ဆိုတာ နောင် လာ နောက်သားတွေအတွက် ရှေ့ ဆောင်လမ်းပြဖြစ်ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071