မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံမှ သြဂုတ် (၁၀) ရက်နံနက် (၁၁) နာရီက ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာဌာနအကြီးအကဲ Minister Marcelo Della Nina နှင့်ကောင်စစ်ရေးရာ၊ လူဝင်မှုကြီးကြပ်ရေး၊ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမူများပြုလုပ်ခဲ့ကြသည်။
ယင်းသို့တွေ့ဆုံစဉ် ဘရာဇီးလ်နိုင်ငံ၊ဆိပ်ကမ်းများသို့ဆိုက်ရောက်လာသည့် သင်္ဘောသား အသိအမှတ်ပြုသက်သေခံကတ်ပြား (Seafarers Identity Document‒SID) ကိုင်ဆောင်ထားခြင်း မရှိသေးသည့် မြန်မာသင်္ဘောသားများ ဒဏ်ကြေးပေးဆောင်နေရခြင်းမှ ကာလတစ်ခုအထိ ကင်းလွတ် ခွင့်ရရှိရေးနှင့် ၎င်းတို့အား လိုအပ်သည့်ကောင်စစ်ရေးရာ အကာအကွယ်များ ပေးအပ်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ လက်ရှိ စတုတ္ထ (၅) နှစ်စီမံကိန်း (၂၀၂၂- ၂၀၂၆) အကောင်အထည်ဖော်ပြီးစီးမှုနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။