Monday, January 20, 2025

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂...

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...
HomeNewsLocal Newsသက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများကြုံတွေ့ရသည့်ဖြစ်စဉ်များကို ရက်ပေါင်း...

သက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများကြုံတွေ့ရသည့်ဖြစ်စဉ်များကို ရက်ပေါင်း ၃၀ အတွင်းဖြေရှင်းရမည်

ပြည်ပနိုင်ငံများတွင်ရောက်ရှိလုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများကြုံတွေ့နေရသော အခက်အခဲများကို လျင်မြန်စွာဖြေရှင်းပေးရေးနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်က မှာကြားသည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်မှ သြဂုတ် ၂၉ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာအေဂျင်စီများအနေဖြင့် စာချုပ်ချုပ်ဆိုပြီးသည့်အလုပ်သမားများကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ရမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိပါက အလုပ်သမားများ၏ တိုင်ကြားမှုများဖြစ်ပေါ်လာနိုင်၍ အေဂျင်စီများအနေဖြင့် အလေးထားဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့ပြင် MoU အလုပ်သမားများ၏ မိသားစုငွေလွှဲအများစုအား နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် စနစ်တကျစီးဆင်းစေရေးအတွက် ဆောင်ရွက်ရမည်ဟု မှာကြားသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများအနေဖြင့် စေလွှတ်လိုက်သည့်အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိလုပ်ငန်းခွင်များတွင် အလုပ်ရှင်၊အလုပ်သမားမပြေလည်မှု၊လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရရှိမှု/သေဆုံးမှုဖြစ်စဉ်တို့အား ရက်ပေါင်း ၃၀ အတွင်းဖြေရှင်းရန်လည်းပါဝင်သည်။

ထို့အတူ အလုပ်သမားရေးရာကိစ္စများ ပြဿနာများ၊ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်ပါက သက်ဆိုင်ရာသို့သတင်းပို့၍ အချိန်နှင့်တစ်ပြေးညီ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ မိမိတို့စေလွှတ်သည့်အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိချိန်အထိ တာဝန်အပြည့်အဝရှိပြီး ပြည်ပသို့အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊စည်းမျဉ်း၊စည်းကမ်း၊လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဩဂုတ် ၂၃ ရက်အထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၄၅၇ ခုနှင့်ထိုင်းလိုင်စင်ရအေဂျင်စီ ၁၅၀ ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအစိုးရသို့ နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် ၂ နှစ်ကျော်ကာလအတွင်း Online လိ-မ်လ-ည်မှုလုပ်ငန်းများတွင် မတရားခို-င်းစေခြင်းခံရသူ ၁၂၉၂ ဦးကို ရှာဖွေလွှဲပြောင်းပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ(၂ နှစ်ကျော်)အတွင်း နိုင်ငံပေါင်း(၃၈)နိုင်ငံမှ အကူအညီတောင်းမှုကြောင့် Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ်ငန်းများ၌ ခို-င်းစေခြင်းခံခဲ့ရသည့် နိုင်ငံခြားသား(၁၂၉၂)ဦးကို ရှာဖွေကယ်တင်ပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို နှိမ်နှင်းနေမှုနှင့်ပတ်သက်၍ ယနေ့ ဇန်နဝါရီ ၂၀ ရက်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂ နှစ်ကျော်အတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071