ထိုင်းလွတ်တော်တွင်းစစ်တပ်ကိုယ်စားလှယ်ဖြစ်သည့်အထက်လွှတ်တော်အမတ် ၇၀ ကျော်က ဝန်ကြီးချုပ်သစ်ရွေးရာ၌ မဲခွဲဆုံးဖြတ်ပြီးနောက် ဖြူထိုင်းပါတီ၏ ၀န်ကြီးချုပ်လောင်း Srettha Thavisin ဆရီသာ သာဝီဆင်သည် ထိုင်းနိုင်ငံ၏ ၃၀ ဦး မြောက် ၀န်ကြီးချုပ် ဖြစ်လာသည်။
ဆရီသာ သာဝီဆင် သည် စီးပွားရေးကို ပြန်လည်အသက်သွင်းရန်နှင့် ဝင်ငွေကွာဟမှုကို လျှော့ချမည်ဟု မူဝါဒအားဖြင့်ရည်မှန်းထားသူဖြစ်သည်။ ၄င်းသည် အိမ်ခြံမြေလုပ်ငန်းကြီးမလုပ်ကိုင်ခင်ကတည်းက Procter & Gamble Thailand တွင်ထုတ်ကုန် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဝန်ကြီးချုပ်အသစ် သည် Claremont Graduate University မှ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံ အိမ်ခြံမြေလောက၏ သူဋ္ဌေးကြီးတစ်ဦးဖြစ်သည်။
သက်ဆင်ပြန်လာပြီး တရားရင်ဆိုင်သည့်ရက်တွင်ပင် ၄င်း၏ရှပ်နီပါတီမှ အမတ်က ဝန်ကြီးချုပ်ဖြစ်လာခြင်းလည်းဖြစ်သည်။နိုင်ငံရေးတွင်တိုက်ဆိုင်မူမရှိဆိုသည့်စကားကိုသက်သေပြလိုက်သော အဖြစ်အပျက်ပင်ဖြစ်သည်။
ယနေ့ နံနက်ကလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်အသစ် ဟွန်မာနက် တက်လာသဖြင့် အာဆီယံတွင်း နှစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်ပြောင်းသည့် သမိုင်းဝင်နေ့ သြဂုတ် ၂၂ ရက်ပင်ဖြစ်တော့သည်။
ပြီးခဲ့သည့်ရက်များက သက်ဆင်သည် ညီမဖြစ်သူ ယင်လပ်နှင့်အတူကမ္ဘောဒီးယားသို့သွားရောက်ပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏ မွေးနေ့တက်ရောက်ခဲ့ရင်း ဝန်ကြီးချုပ်လောင်းလျာ ဟွန်မာနက်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။
Ref: Khaosod