ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးမယ့် ‘သခင် ကြီးနှင့် ငါးပိတို့စရာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ သက်မွန်မြင့်ရဲ့ ညီမလေးအဖြစ်သရုပ်ဆောင် ရွှေသမီးက ပါ ဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး သူ့ရဲ့ ကာရိုက်တာလေးကတော့ စကားမပြောတတ် တဲ့ကောင်မလေးတစ်ယောက်ရဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကာရိုက်တာနဲ့ပတ်သက်ပြီး ရွှေသမီးက…….
“ဒီကာရိုက်တာလေးကို ညီမ တစ်ခါမှ မလုပ်ဖူးသေးဘူး။ စကားမပြောရတဲ့ ကာရိုက်တာဆိုတော့ ညီမအတွက် နည်းနည်းခက်ခဲမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ညီမက အပြင်မှာဆိုရင် တအားစကားပေါတာပေါ့နော်။ အဲဒီတော့ ဒီကာရိုက်တာလေးက ခက်ခဲမယ်။ အဲဒီ အတွက်လည်း ဒီဇာတ်ကားလေးကို လက်ခံရိုက်ကူး ဖြစ်တာပေါ့နော်။ ကာရိုက်တာတိုင်းကတော့ အရေးကြီးပါတယ်။ ကိုယ်လက်ခံရိုက်ကူးထားတဲ့ ကာရိုက်တာတစ်ခုအပေါ်ကိုတော့ ပီပြင်အောင် တာဝန်ကျေအောင်အမြဲ ကြိုးစားပါတယ်။ အခု ဒီဇာတ်ကားရဲ့ ကာရိုက်တာလေးအတွက်ကို စိတ်လှုပ်ရှား တယ်။ ပျော်လည်းပျော်တယ်။ ကိုယ့်အတွက် ဒီကာရိုက်တာ က ပထမဆုံးလည်းဖြစ်တယ်။ ပြီးတော့ ကိုယ်အားကျခဲ့ရတဲ့ အနုပညာရှင် မသက်မွန်မြင့်နဲ့လည်း တွဲဖက်ပြီးသရုပ်ဆောင် ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားတယ်။ အတွေ့အကြုံသစ် တွေလည်း အများကြီးရသွားမယ်လို့ယုံကြည်တယ်” လို့ ပြော ပြပါတယ်။
ဒီဇာတ်ကားမှာ သူ့ရဲ့ဝတ်စားဆင်ယင်မှု အပိုင်းနဲ့ ပတ်သက် ပြီးတော့လည်း ရွှေသမီးက “မိတ်ကပ်လိမ်းမယ်ဆိုရင် အြေကမေူ ဆန်ဆန် လေး ပါးပါးလေးတွေပဲ လိမ်းဖြစ်သွားမှာပါ။ အနုပညာအလုပ်စလုပ်တုန်းက မိတ်ကပ်နည်းနည်းထူတယ်။ အခုနောက်ပိုင်းတော့ မိတ်ကပ်ကို ပါးပါးလေး တွေပဲ လိမ်းဖြစ်နေပါတယ်။ အဝတ်အစားပိုင်းမှာဆိုလည်း သူကဒီဇိုင်နာ လုပ်ရတာ ဝါသနာပါတဲ့ ကောင်မလေးဆိုတော့ တည်တည်ငြိမ်ငြိမ်လေး နဲ့ ချစ်စရာကောင်းတဲ့ပုံစံမျိုးလေးလုပ်သွားမယ်ပေါ့နော်” လို့ ပြော ပါတယ်။
ဒီဇာတ်ကား ရိုက်ကူးပြီးရင်တော့ နောက်ထပ် ကာရိုက်တာ ဆန်းဆန်းလေးတွေနဲ့ ဟာသဒရာမာ ဇာတ်ကားများအပြင် သည်းထိတ် ရင်ဖို ဇာတ်ကားများ ဆက်လက်ရိုက်ကူးသွားဖို့ရှိနေကြောင်း ရွှေသမီး က ပြောပြခဲ့ပါတယ်။ ဒီအပြင်ကို ရှေ့မှာရိုက်ကူးထားတဲ့ ရိုက်ရှင်ဇာတ် ကားများလည်း ရုံတင်ပြသလာတော့မှာဖြစ်တဲ့အတွက် အားပေးကြည့် ရှုပေးကြဖို့ ပြောပြပေးခဲ့ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း