သားသမီး၂ဦးရဲ့ မိခင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က အခုလတ်တလောမှာ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ကျူး လွန်သူတွေကို ထိရောက်စွာအရေးယူပေးစေချင်မိကြောင်း သူ့ရဲ့ဆန္ဒကိုပြောပြပါတယ်။
“အဲဒီလို သတင်းတွေကြားရင် ဘယ်လိုမှမခံစားနိုင်တာပဲ။ ကြားလည်းမကြားချင်ဘူး။ အဲ့ဒီခေါင်းစဉ်တွေနဲ့ သတင်းတွေတွေ့ရင် ဆက်မ ဖတ်ချင်တော့ဘူး။ ရင်ထဲမှာမြည့်ခနဲမြည့်ခနဲ ခံစားရတယ်။ တကယ်ကို အရေး ယူပေးပါ။ နောင်ကို ဒီလိုလူမဆန်တဲ့လုပ်ရပ်တွေ မလုပ်မိဖို့ ထိရောက်စွာအရေးယူပေးဖို့၊ အပြစ်ပေးဖို့ပဲ ပြောချင်ပါတယ်”လို့ မိခင်တစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
အိန္ဒြာကျော်ဇင်က ဒါရိုက်တာမောင်မျိုးမင်း ရိုက်ကူးတဲ့ ‘ကျွန်မအချစ်ဆုံး ယောက်ျားသုံး ယောက်’ ရုပ်ရှင်ဇာတ်ကားကို ပါဝင် ရိုက်ကူးနေပြီး အရွယ်သုံးမျိုးနဲ့ သရုပ်ဆောင်ထားပါတယ်။ “ဒီဇာတ်ကားမှာ အစ်မရဲ့ ငယ်ဘဝကို ဝါဆိုမြင့်အောင်ကသရုပ်ဆောင် ထားတယ်။ အစ်မက တက္ကသိုလ်အရွယ်ကနေ စသရုပ်ဆောင်တယ်။ ဒီခေတ်မဟုတ်ဘူး၊ လွန်ခဲ့တဲ့ ၁၉၉၃-၉၄ ဝန်းကျင်လောက်ကပေါ့။ အဲဒီအရွယ်ပြီးတော့ ယောက်ျားယူတဲ့ အရွယ် ရယ်၊ နောက်သားကြီးလာတဲ့အခါ အမေအရွယ် ဖြစ်လာတယ်ဆိုတော့ ဒီဇာတ် ကားမှာ အရွယ်၃မျိုးနဲ့ သရုပ်ဆောင်ထားတယ်။ ကျွန်မအချစ်ဆုံး ယောက်ျား သုံးယောက်ဆိုတာ အဖေရယ်၊ ယောကျာ်းရယ်၊ သားရယ်ကို ပြော ချင်တာ။ ပထမ တက္ကသိုလ်ကျောင်းသူအရွယ် အဖေအမေရှိနေသေးတဲ့ အရွယ်မှာ အဲဒီခေတ်ကအဝတ်အစား အပြင်အဆင်တွေကို ပြင်ဆင် တယ်။ ငယ်တဲ့အရွယ်မှာ အဖေနဲ့ ပတ်သက်ပြီး ခံစားရတဲ့ ခံစားချက်တွေရှိမယ်။ ဒုတိယအရွယ်ကြတော့လည်း အဖေအမေေ တွလည်းဆုံးသွားပြီ ယောက်ျားနဲ့ ပတ်သက်တဲ့ ပြဿနာတွေခံစားမှုတွေ အဲဒီအရွယ်မှာရှိမယ်။ ဒီအရွယ်မှာ ရှိတဲ့ အသက်အရွယ်အတိုင်း ဆံပင်၊ အဝတ်အစား၊ မိတ်ကပ်ကို ပြင်ဆင်တယ်။ တတိယအရွယ်မှာသားရှိလာတော့ သားနဲ့ပတ် သက်တဲ့ ဒုက္ခတွေ၊ ခံစားရတဲ့ ခံစား ချက်တွေကိုလည်း အမေအရွယ်နဲ့အလိုက် ဆံပင်၊မိတ်ကပ်၊ အဝတ်အစားတွေကို ပြင် ဆင်ထားတယ်။ အမေအရွယ်ကျတော့ ဦးမျိုးက အစ်မကို မကြီး စိုးတို့ အရွယ်မျိုးလုပ်ပေးပါဆိုတော့ တအားအသက်ကြီးကြီး ပုံစံ မျိုးမလုပ်ခိုင်းဘူး။ ဒါကြောင့် မကြီးစိုးတို့အရွယ် ပုံစံမျိုး ပြင် ဆင်ထားတယ်” လို့ပြောပြီး သူ့အနေနဲ့ အကောင်းဆုံး ကြိုး စားသရုပ်ဆောင်ထားကြောင်းပြောပါတယ်။
ဒီဇာတ်ကားမှာ ကိုရီးယားမင်းသမီးလည်း ပါဝင်သရုပ်ဆောင်ထားပြီး ကိုရီး ယားမင်းသမီးနဲ့ အပြိုင်သရုပ်ဆောင်ရတဲ့ ဇာတ်ဝင် ခန်းတွေလည်း ပါဝင်ပါတယ်။ “မြန်မာ ပြည်က မင်းသမီးတစ်လက်မထည့်ဘဲနဲ့ ကိုရီးယားမင်းသမီးတစ်လက် ထည့်ထားတော့ နည်း
နည်းထူးထူးခြားခြားလေး ဖြစ်တာပေါ့။ အစ်မနဲ့ သူနဲ့ ဆုံတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတယ်။ တော်ပါတယ်။ ဒီဇာတ်ကားထဲမှာပါတဲ့ မင်းသမီးဆိုလည်း အိုက်တင်လုပ်နိုင်တယ်။ တော်တယ်လို့ ပြောလို့ရတယ်။ လူတွေအကုန်လုံးက ကိုရီးယားဇာတ်ကားကို ကြိုက်ကြတယ်၊
တစ်ကမ္ဘာလုံးက ကြိုက်ကြတယ် ဆိုကတည်းကိုက သူတို့ကတော်လို့ဆိုတာ ပြောလို့ရတယ်၊ ဒါကသက်သေပဲပေါ့။ မကောင်းရင် ဘယ်သူ မှ မကြိုက်ကြပါဘူး။ တော်လို့သာ ကြိုက်ကြတာပါ” လို့ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း