Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeCelebrities' Newsသက်ငယ်မုဒိန်းမှု ပပျောက်ရေး အတွက်...

သက်ငယ်မုဒိန်းမှု ပပျောက်ရေး အတွက် ပညာပေး လုပ်ငန်းများ လုပ်ဆောင်သွားမယ့် အလှမယ် ဒေါ်ရီရီသာ

သြဂုတ်လ ၃၁ရက်နေ့က ကျင်းပခဲ့တဲ့ Mrs. Golden Land Myanmar 2017 အိမ်ထောင်ရှင် အလှမယ်ရွေးချယ်ပွဲကြီးမှာ Classic Ms.. Golden Land Myanmar သရဖူဆုအပြင်Miss Weint Sein နဲ့ People Choice ဆုများကို ရရှိခဲ့သူကတော့ အလှမယ် ဒေါ်ရီရီသာပဲ ဖြစ်ပါတယ်။ အလှမယ် ဒေါ်ရီရီ သာက အသက် ၄၈နှစ် ရှိပြီဖြစ်ပြီး အသက် ၂၇နှစ် အရွယ် သားတစ်ဦးရှိကာ သားဖြစ်သူက အမေရိကန်နိုင်ငံက Master of Economic ဘွဲ့နဲ့ ကျောင်းပြီးသွားပြီလို့ သိရပါတယ်။ ခင်ပွန်း အမျိုးသားနဲ့ ၁၉၉၇ ခုနှစ်မှာ လမ်းခွဲခဲ့ပြီး သားဖြစ်သူကိုတစ်ဦးတည်း အုပ်ထိန်း စောင့်ရှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်ရီရီသာ က မြန်မာနိုင်ငံမှာYangon Academy International School ရဲ့ Managing Director တစ်ဦးဖြစ်သလို အရှေ့ပိုင်းရှမ်းပြည်နယ်မှ စည်သာကော်ဖီ ကုမ္ပဏီရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကလေး Day Care Center တွေလည်း ဖွင့်လှစ်ထားပြီး တခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိသူ တစ်ဦးဖြစ်ပါတယ်။
မိခင်တစ်ဦးအနေနဲ့သားသမီးချင်း ကိုယ်ချင်းစာမိတဲ့အတွက် သက်ငယ်မုဒိန်းမှု ပပျောက်ရေးအတွက် လုပ်ဆောင် သွားမယ်ဆိုတဲ့ ဒေါ်ရီရီသာက “ကျွန်မဟိုးအရင်ကတည်းက ကလေးတွေကို ချစ်တယ်။ ကျွန်မနိုင်ငံခြားမှာ သွားနေတုန်းကလည်း ကလေးတွေနဲ့ ပတ်သက် တဲ့ Early Childhood ကိုပဲကျောင်းတက်ခဲ့တယ်။ ကျွန်မ ကိုယ်တိုင်လည်း ဟိုဘက်မှာ ကလေးကျောင်းတွေ လုပ်တယ်။ အခုနောက်ပိုင်းမှာ သတင်းတွေ ဖတ်ရတဲ့အခါ သက်ငယ် မုဒိန်း ကို အထူးသဖြင့် သိပ်ငယ်လွန်းအားကြီးတဲ့ ကလေးတွေကို ဖတ်ရတဲ့အခါ ကျွန်မရင်ထဲမှာ တော်တော် လေးခံစားရ တယ်။ ခံစားရတဲ့အပြင် ကလေးတွေရဲ့ ဘဝပြန်ပျိုးထောင်ရမယ်။ သူ့တို့မှာ ထိခိုက်သွားတဲ့ စိတ်ဝေဒနာနောက် Physically, Mentally အကုန်လုံးထိခိုက်ပါတယ်။ အဲဒါတွေကို ရင်ထဲမှာခံစားရတဲ့ အတွက် သားသမီးချင်းလည်း ကိုယ်ချင်းစာ လို့ဒီလုပ်ငန်းကို လုပ်မယ်လို့ရည်ရွယ်လိုက်တာ ပါ”လို့ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံ အတွင်းမှာ ဖြစ်ပွားမှု များပြား လာနေတဲ့ သက်ငယ် မုဒိန်းပပျောက်ရေး အတွက် အသိပညာပေး ဆောင်ရွက်ပေးဖို့ အထူးလိုအပ်နေကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ရီရီသာက “အားလုံးကတော့ ဆက်စပ်နေတာပါ။ မိဘတွေအနေနဲ့ စီးပွားရေး အဆင်မပြေတဲ့အခါ မိမိသားသမီးကို ရင်အုပ်မကွာ မစောင့်ရှောက်နိုင်ဘူး။ ဘေးပတ်ဝန်းကျင် လူတွေကို ထိန်းသိမ်း ခိုင်းတာတို့ ကိစ္စတွေ အမျိုးမျိုးရှိကြတယ်။ မြန်မာ လူမျိုးတွေ ဆိုတာ အင်မတန် စိတ်သဘောထား နူးညံ့သိမ်မွေ့တဲ့ လူမျိုးတွေဖြစ်တယ်။ ကောင်းကောင်း မွန်မွန် စောင့်ရှောက်ကြတဲ့ အသိုင်းအဝိုင်း ကနေ နည်းနည်းလေး အခြေ အနေပြောင်းလာတယ်။ Technology တွေ တအားမြင့်လာတဲ့အခါမှာ ဖုန်းပေါ်မှာတင်ပဲ မကြည့်သင့် မကြည့်ထိုက် မလုပ်သင့် မလုပ်ထိုက်တာတွေမြင်ရတဲ့အခါကျတော့ နှစ်ဦးနှစ်ဖက်စလုံး ကလေးတွေ မှာလည်း အကာအကွယ်မဲ့ တယ်။ မိဘက အနားမှာ မရှိနိုင်ဘူး။ ပြစ်မှုကျူးလွန်ချင်တဲ့ သူတွေ အနေနဲ့ကလည်း သူတို့ ကိုယ်တိုင် ပိုက်ဆံမရှိ တဲ့အခါကျတော့ တခြားပြင်ပ မရှာဖွေနိုင်တဲ့ အခါ ဒီကလေးတွေကို target ထားပြီး လုပ်ကြတဲ့အနေ အထားရှိတယ်။ ဒါကြောင့် ကျွန်မတို့က နှစ်ပိုင်းပေါ့။ ဒေသတွေ ရဲ့ ဖွံ့ဖြိုးရေးကို အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်သလို မိဘတွေ အနေနဲ့ကလည်း ဘယ်လိုမျိုး ကလေးတွေကို ထားရမယ်။ ဘယ်လိုမျိုး အခြေ အနေမှာ ထိန်းသိမ်းရမယ်။ နောက်ပြီးဖြစ်လာတဲ့ အချိန်မှာလည်းကလေးတွေက ကြောက်ရွံ့ရှက်ရွံပြီး မပြောရဲကြတာတွေ ရှိတယ်။ အဲဒါတွေကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောရမယ်။ ဥပဒေကြောင်း ဆိုင် ရာအရလည်း မှန်ကန်တဲ့ တိကျတဲ့ ဥပဒေထားရှိမယ် ဆိုရင် ဒါကျဆင်းရေး အတွက်ဖြစ် လာမယ်လို့ ထင်ပါတယ်။ ပပျောက်ရေး ဆိုတာကတော့ မလွယ်ပါဘူး။ လျော့ကျရေး အတွက်ကိုသာ ကျွန်မတို့ ကြိုးစားပြီး အတတ် နိုင်ဆုံး လုပ်ပြီး လူ့ဘောင်ဘဝ အထူးသဖြင့် မျိုးဆက်သစ် ကလေးလေးတွေ စိတ် အနာတရ မဖြစ်ဖို့ကို အတတ် နိုင်ဆုံး ကြိုးစား သွားပါ့မယ်” လို့ဆိုပါတယ်။ မရီရီသာ ကသက်ငယ် မုဒိန်းပပျောက်ရေး အတွက် ဥပဒေပညာရှင်၊ ကလေး စိတ်ပညာရှင်များနဲ့ တိုင်ပင်ပြီး အောက်တိုဘာလမှာ ကချင်ပြည်နယ် နဲ့ ချင်းပြည်နယ် ဘက်တွေကို သွားရောက်ပြီး ပညာပေး လုပ်ငန်းများ လုပ်ဆောင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071