ပဲခူးတိုင်း၊ဝေါမြို့နယ်တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ICE များအား နိုဝင်ဘာ ၂၁ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ည ၈ နာရီကျော်ခန့်က ဝေါမြို့နယ်၊ဘုရားကြီး-ဝေါသွားကားလမ်း၏ ညောင်ခါးရှည်ကျေး ရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဘု ရားကြီးဘက်မှမော်လမြိုင်ဘက်သို့ စောအယ်တူလို မောင်းကာ စောအယ်ဒိုထူး လိုက်လာသည့် TOYOTA TOYOACE ၆ ဘီးကားအား သတင်းအရရှာဖွေခဲ့ကြသည်။
ကားပေါ်တွင် ရှမ်းပြည်နယ်မှမွန်ပြည်နယ်သို့ သယ်လာသည့် ငွေကျပ် ၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၃ ဒသမ ၄ သိန်းပြား၊ ICE (၂ ကီလို)တို့အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်း၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
