(Unicode)
ဝိုင်းမော်မြို့နယ်၊ကန်ပိုက်တီမြို့က နယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ဖို့စီစဉ်
ဝိုင်းမော်မြို့နယ်၊ကန်ပိုက်တီမြို့မှ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတယ်လို့ ကချင်ပြည်နယ်၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။
တရုတ်နိုင်ငံဘက်မှ ကားအစီးရေ ၅၀၀ ခွင့်ပြုထားပြီး ၄င်းအစီးရေစာရင်းကိုလည်း တရုတ်နိုင်ငံဘက်ကို ပို့ပေးပြီးသားလို့ ကချင်ပြည်နယ်၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးစောအေးချမ်းက ပြောပါတယ်။
တရုတ်နိုင်ငံဘက်ကို ပစ္စည်းပို့မယ့် ယာဉ်မောင်းတွေအနေနဲ့ ကိုဗစ် ၁၉ပိုးရှိ၊မရှိ စစ်ဆေးဖို့လိုပြီး Covid Test Kit နဲ့စစ်ဆေးရာမှာ တိကျသေချာမှုမရှိသောကြောင့် တရုတ်ဘက်မှ ကန်ပိုက်တီဘက်ကို လာရောက်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။
ပထမရည်ရွယ်ထားတာမှာ ဒီဇင်ဘာ ၅ရက်နေ့ဖွင့်ဖို့ စီစဉ်ထားပေမယ့် ဆေးစစ်ရမယ့်အချိန်ပါထည့်တွက်မယ်ဆိုရင်တော့ ဒီဇင်ဘာ ၈ ရက် (သို့) ၉ ရက်နေ့ ပြန်ဖွင့်နိုင်မယ်လို့ ဦးစောအေးချမ်းက ပြောပါတယ်။
ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်မှ အဓိကတင်ပို့နေတဲ့ပစ္စည်းတွေကတော့ တစ်ရှုးငှက် ပျော၊စားသောက်ကုန်၊လူသုံးကုန်ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာတို့ဖြစ် ပါတယ်။
Photo credit- iMyanmarHouse
(Zawgyi)
ဝိုင္းေမာ္ၿမိဳ႕နယ္၊ကန္ပိုက္တီၿမိဳ႕က နယ္စပ္ ကုန္သြယ္ေရးဂိတ္ ျပန္လည္ဖြင့္လွစ္ဖို႔စီစဥ္
ဝိုင္းေမာ္ၿမိဳ႕နယ္၊ကန္ပိုက္တီၿမိဳ႕မွ နယ္စပ္ကုန္သြယ္ေရးဂိတ္ကို ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔ ကခ်င္ျပည္နယ္၊ သီးႏွံစိုက္ပ်ိဳးေရးလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရပါတယ္။
တ႐ုတ္ႏိုင္ငံဘက္မွ ကားအစီးေရ ၅၀၀ ခြင့္ျပဳထားၿပီး ၄င္းအစီးေရစာရင္းကိုလည္း တ႐ုတ္ႏိုင္ငံဘက္ကို ပို႔ေပးၿပီးသားလို႔ ကခ်င္ျပည္နယ္၊ သီးႏွံစိုက္ပ်ိဳးေရးလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမႉး ဦးေစာေအးခ်မ္းက ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံဘက္ကို ပစၥည္းပို႔မယ့္ ယာဥ္ေမာင္းေတြအေနနဲ႔ ကိုဗစ္ ၁၉ပိုးရွိ၊မရွိ စစ္ေဆးဖို႔လိုၿပီး Covid Test Kit နဲ႔စစ္ေဆးရာမွာ တိက်ေသခ်ာမႈမရွိေသာေၾကာင့္ တ႐ုတ္ဘက္မွ ကန္ပိုက္တီဘက္ကို လာေရာက္စစ္ေဆးမယ္လို႔လည္း ေျပာပါတယ္။
ပထမရည္႐ြယ္ထားတာမွာ ဒီဇင္ဘာ ၅ရက္ေန႔ဖြင့္ဖို႔ စီစဥ္ထားေပမယ့္ ေဆးစစ္ရမယ့္အခ်ိန္ပါထည့္တြက္မယ္ဆိုရင္ေတာ့ ဒီဇင္ဘာ ၈ ရက္ (သို႔) ၉ ရက္ေန႔ ျပန္ဖြင့္ႏိုင္မယ္လို႔ ဦးေစာေအးခ်မ္းက ေျပာပါတယ္။
ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးဂိတ္မွ အဓိကတင္ပို႔ေနတဲ့ပစၥည္းေတြကေတာ့ တစ္ရႈးငွက္ ေပ်ာ၊စားေသာက္ကုန္၊လူသုံးကုန္ပစၥည္းေတြနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းကိရိယာတို႔ျဖစ္ ပါတယ္။
Photo credit- iMyanmarHouse