Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeCelebrities' Newsဝိတ်ချပြီး အနုပညာအလုပ်တွေ ပြန်လုပ်မယ့်...

ဝိတ်ချပြီး အနုပညာအလုပ်တွေ ပြန်လုပ်မယ့် ရတနာခင်

သရုပ်ဆောင် ရတနာခင်က အနုပညာသမားတွေနဲ့ ဆုံတွေ့ရ တဲ့အခါမှာ အနုပညာအလုပ်တွေ ပြန်လုပ်ချင်စိတ် ဖြစ်ပေါ်ပေမယ့် ခန္ဓာကိုယ်က ဝ နေတဲ့အတွက် မလုပ်ချင်သေးဘဲ တကယ်လုပ် ပြီဆိုရင်တော့ ဝိတ်ချပြီးမှပဲ အနု ပညာအလုပ်တွေ ပြန်လုပ်ဖြစ်မယ်လို့ ဆိုပါတယ်။ “ကိုယ်လုပ်ဖြစ်မယ်ဆိုရင် သေချာလေး ဝိတ်ချပြီးမှပဲ ပြန်လုပ်မှာပါ။ ဝိတ်ချတာတော့ အားကစားရော၊ အစားရောချမှရမှာပေါ့။ အစ်မတို့ကအားကစား သိပ်မလုပ်တော့အစား လျော့လိုက်ပြီ၊ အငတ်ခံလိုက်ပြီဆို နည်းနည်းလေး ပိန်သလိုလိုဖြစ်လာလိုက်၊ နည်းနည်းလေးစားလိုက်ပြီဆို ပြန်ဝလာလိုက်နဲ့ ပိန်လိုက် ဝလိုက် ပိန်လိုက်ဝလိုက်နဲ့ သံသရာကနေ မလွတ်ဘူး။ လေ့ကျင့်ခန်းလုပ်ပြီး အစားစားနေရင်လည်း မပိန်ဘူး။ ဒုတိယနဲ့ တတိယ ကလေးမွေးဖွားပြီး တဲ့ နောက်ပိုင်းမှာ အစ်မတအား ဝ သွားတယ်။ ပထမကလေးမွေးပြီးတုန်းကဆို အစ်မအစား တအားမ လျှော့ပေမယ့် အစ်မတောက်လျှောက် လေ့ကျင့်ခန်း လုပ် တယ်ဆိုတော့ အသားလည်း ကျစ်တယ်။ ဝိတ်လည်း တော်တော်နဲ့ ပြန်မတက်ဘူး။ ကိုယ်က အပြင်မှာနေရင်တော့ တအားကြီး ပိန်စရာမလိုဘူးပေါ့။ တီဗီထဲမှာ ကင်မရာထဲမှာ ကိုယ့်ကို ပရိသတ်ကပြန်ကြည့်မယ်ဆိုရင်တအားကြီး ပိန်အောင် တော့မလုပ်ပါဘူး။ အခုထက်တော့ နည်းနည်းလေး ပိန် အောင်လုပ်ပြီးမှပဲ ဇာတ်ကားရိုက်ကူးမှုတွေပြန် လုပ် မယ်။ အခုအတိုင်းတော့ပရိသတ် ရှေ့ကို မထွက်ရဲသေး ဘူး”  လို့ ပြောပါတယ်။

ရတနာခင်က စီးပွားရေး အနေနဲ့  ၅ဝဝတန် ရွှေ (အာဟာရ) ထမင်း ဆိုင် ၃ဆိုင် ဖွင့်လှစ်ထားသလို မြင့်ထွန်းဦး ကျောက်မျက်ရတနာ ဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေကိုတော့ ခင်ပွန်းဖြစ်သူက ဦး ဆောင်လုပ်ကိုင်နေတာဖြစ်ပြီး သူ့အနေနဲ့ ကတော့နောက်ကနေပဲ ပံ့ပိုးကူညီပေးဖြစ် တယ်လို့ဆိုပါတယ်။ ရွှေ(အာဟာရ) ထမင်း ဆိုင်ကို ဗျိုင်းရေအိုးစင်လမ်းမှာ တစ်ဆိုင်၊ တာမွေမှာတစ်ဆိုင်ဖွင့်လှစ် ထားပြီး နောက် ဆုံးဖွင့်လှစ်တဲ့အနော်ရထာလမ်းက ဆိုင် ကိုတော့ဆိုင်ဖွင့်ပွဲ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ ဆိုင်နဲ့ပတ်သက်ပြီး ဝေဖန်မှု တွေရှိတဲ့အပေါ်မှာရတနာခင်က. ..

“ဖေ့ဘုတ် ကွန့်မန့်တွေ သူများ တွေ တိုက်ခိုက်တာတွေ မကောင်း ပြောတာတွေ ရှိတယ်လေ။ အစ်မတို့ ကတော့ အရေထူ နေပြီ အနုပညာသမား တွေက ဒီလိုမျိုး ပြော တဲ့ comment တွေလောက် ကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ အစ်မအမျိုး သားက တော့ အပြင်လူ ဆိုတော့ မကောင်းတဲ့ comment တွေဆိုရင် စိတ် ခံစားလွယ်တာပေါ့။ ကောင်း တဲ့လူ ပြောတာရှိသလို မကောင်းတဲ့ လူပြောတာရှိတယ်။ ကိုယ့်စေတနာ မှန်မှန်နဲ့ ကိုယ်လုပ်စရာရှိတာကို တည့်တည့်မတ်မတ် ဆက်လုပ်နေဖို့ပဲ အရေးကြီး တယ်” လို့ပြောပါတယ်။ ထမင်းဆိုင်ကိုလည်း သန့် ရှင်းမှုရှိအောင်အမြဲမပြတ် ဂရုစိုက်ပြီးလုပ်ဆောင်နေကြောင်းလည်း ရတနာ ခင်ကပြောပါတယ်။

  ခိုင်ဝေလွင်

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071