Tuesday, December 16, 2025

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...
HomeCelebrities' Newsဝါသနာရှင် လူငယ် လူရွှင်တော်...

ဝါသနာရှင် လူငယ် လူရွှင်တော် တွေအတွက် သင်တန်းတွေ ဖွင့်လှစ်သွားမယ့် ဒါရိုက်တာ မောင်သီ

ဒါရိုက်တာမောင်သီက လူရွှင်တော်အသင်း(ရန်ကုန်)မှ နာယက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လူရွှင်တော်တွေကို ချစ်ခင်သလို လူရွှင် တော်တွေ အတွက်လည်း အခွင့်အလမ်းတွေရရှိအောင် ပြည်တွင်းရုပ်သံတွေမှာ ဟာသ ကဏ္ဍတွေ စီစဉ်လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီလိုမျိုးလူရွှင်တော်တွေ အတွက်ကဏ္ဍလေးတွေစီစဉ်လုပ်ဆောင်ပေးဖြစ်ရခြင်းအကြောင်းကိုတော့ သူက ဒါရိုက်တာမောင်သီက လူရွှင်တော်အသင်း(ရန်ကုန်)မှ နာယက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ လူရွှင်တော်တွေကို ချစ်ခင်သလို လူရွှင် တော်တွေ အတွက်လည်း အခွင့်အလမ်းတွေရရှိအောင် ပြည်တွင်းရုပ်သံတွေမှာ ဟာသ ကဏ္ဍတွေ စီစဉ်လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီလိုမျိုးလူရွှင်တော်တွေ အတွက်ကဏ္ဍလေးတွေစီစဉ်လုပ်ဆောင်ပေးဖြစ်ရခြင်းအကြောင်းကိုတော့…….

သူက “ကျွန်တော်ဒါရိုက်တာစလုပ်တော့ ဒရာမာတွေရိုက်ကူးတာများတယ်။ ဒရာမာတွေ တအားရိုက်ကူးတဲ့အခါကျတော့ ဒေါ်နွဲ့နွဲ့မူတို့က ငါကမောင်သီ ဆိုတာ အဘိုးကြီးထင်နေတာတဲ့။ နင်ကငယ်ငယ်လေးရှိသေးတဲ့။ ဘယ်နှယ့် ကြောင့် ဒရာမာကြီးတွေ ရိုက်ကူးနေတာတုန်းလို့ ပြောတယ်။ အဲဒီလို ပြောပါ များတော့ ကိုယ့်ဘာသာကိုယ်ပြန် သုံးသပ်တာပေါ့နော်။ ငါနည်းနည်းများ အဘိုးကြီးဆန်နေသလားပေါ့။ ဒရာမာကြီးတွေ ရိုက်ကူးတာ ကြာလာတော့ မွန်းကျပ်လာတာပေါ့။ အဲဒီတော့ပေါ့ပေါ့ပါးပါးလေးလည်း ဖြစ်အောင် ငါက ဒီအလုပ်ကို ရေရှည်လုပ်မှာဆိုတော့ ကိုယ်လည်းအသက်ရှည်အောင် ဟာသ လေးတွေပြောင်းရိုက်ကူးမယ်ဆိုပြီး ရိုက်နေရင်းနဲ့ ဟာသဒါရိုက်တာဖြစ် သွားတယ်။ ဖြစ်သွားတဲ့အခါကျတော့ အဲဒီဘက်မှာ ပျော်သွားတယ်။ ကုသိုလ် လည်းရ ဝမ်းလည်းဝမ်းဆိုသလို ရယ်စရာမောစရာလေးတွေနဲ့ ပျော်ပျော် ရွှင်ရွှင်လေးနဲ့ အလုပ်လေးတွေက ပြီးသွားတာပေါ့။အဲဒီမှာ လူရွှင်တော်တွေနဲ့ ဆက်ဆံပါများလာတော့ သူတို့ရဲ့ဘဝတွေကို ထဲထဲဝင်ဝင်သိလာတော့ သူတို့ကို ပိုချစ်လာတယ်။ ဒါနဲ့ပဲသူတို့အတွက် လုပ်ပေးဖြစ်လာတဲ့သဘောပါ”လို့ ဒါရိုက်တာမောင်သီက ပြောပြပါတယ်။

ဒါရိုက်တာမောင်သီက လူရွှင်တော်သက်ကြီးပူဇော်ပွဲဖြစ်တည် လာဖို့ အတွက်မှာလည်း တစ်တပ်တစ်အားပါဝင်ဆောင်ပေးခဲ့တာဖြစ်ပြီး ဒီပွဲကို အစဉ်အလာမပျက် လုပ်နိုင်ခဲ့ကာ နောင်ပိုင်းမှာလည်း လူငယ်တွေ အနေနဲ့ ပခုံးပြောင်း တာဝန်ယူနိုင်ဖို့အတွက်လည်း လွှဲပြောင်းပေးရဦးမှာ ဖြစ် ကြောင်း၊ လူငယ်တွေလုပ်နိုင်ဖို့ အရေးကြီးပြီး မလုပ်နိုင်ခဲ့ရင် ခါးပြတ်သွားမှာ ဖြစ်ကြောင်း၊ ခါးပြတ်သွားရင် ဒီအစဉ်အလာရှိတော့မှာမဟုတ်ကြောင်း၊ ဒါကြောင့် လူငယ်တွေကို သေချာပျိုးထောင်ပေးဖို့ အစီစဉ်တွေလုပ်ဆောင်ရ မယ်လို့ ပြောပါတယ်။

“နောက်တစ်ခုက နိုင်ငံတကာနဲ့ ပေါင်းကူးဆက်ဆံပြီးတော့ ကျွန်   တော်တို့ ဒီလောက်နဲ့ မရပ်နေဘဲနဲ့ပေါ့။ အသံမဲ့ဟာသဆိုရင် ကျွန် တော်တို့ ဆီမှာ မထွန်းကားခဲ့ဘူးပေါ့။ သူတို့ဆီမှာကတစ်ယောက်တည်းပဲ ပြက်တယ်။ ကျွန်တော်တို့ဆီမှာက  အနည်းဆုံးနှစ်ယောက်မှ ပြက်တတ်တယ်။ တစ်ယောက် ပြက်ရင် တစ်ယောက်ကလိုက်ပို့ပေါ့။ ဟိုမှာက တစ်ယောက်ပဲပြက်တာ။ မိုက်တစ်လုံးတည်းနဲ့ပေါ့။ ဒီပညာရပ်တွေက ကျွန်တော်တို့ဆီမှာ မထွန်းကား သေးဘူး။ ဒါလေးတွေကို ကျွန်တော်တို Sharing နဲ့WORKSHOP လေး တွေလုပ်ပြီး လုပ်နိုင်သလောက် လုပ်မယ်။ ပြီးတော့လူငယ် လူရွှင်တော်တွေ အတွက် ဝါသနာရှင်တွေအတွက် လူရွှင်တော် သင်တန်းလေးတွေဖွင့်မယ်။ ဒါမျိုးလေးတွေဆက်လုပ်သွားမှာပေါ့”လို့ လူရွှင်တော်တွေနဲ့ ပတ်သက်လို့ သူထပ်မံလုပ်ဆောင်ပေးသွားချင်တဲ့ အကြောင်းအရာတွေကို ဒါရိုက်တာ မောင် သီက ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071