Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsဝါရင့်သရုပ်ဆောင်ကြီး တွေကိုကြည့်ပြီး ပညာယူနေတဲ့...

ဝါရင့်သရုပ်ဆောင်ကြီး တွေကိုကြည့်ပြီး ပညာယူနေတဲ့ ယဉ်လက်

”နော်ပဲလှော်”၊ ”ခင်လေး”စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တဲ့ သရုပ် ဆောင်ယဉ်လက်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ဆက်တိုက်ဆိုသလို ပါဝင်ရိုက်ကူးနေရပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုမျိုး ပညာယူဖြစ်လဲလို့ ယဉ်လက်ကိုမေးမြန်းကြည့်တော့…

”ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲဖက်သရုပ်ဆောင်ရတော့ ပညာတွေလည်းအများကြီးရတယ်။ ရိုက်ကွင်းပေါ်မှာ မဟုတ်သည့်တိုင်အောင်အပြင်မှာသူတို့ရဲ့နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ အချိန်လေးစားတာ တွေကအစ အတုယူစရာတွေအများကြီးပါ။ ဝါရင့်သရုပ်ဆောင်တွေ တစ်ယောက်ချင်းစီကိုကြည့်ပြီး သင်ယူနေရတယ်။ ပညာတွေလည်းအများကြီးရတယ်။ အခွင့်အရေးထပ်ပေးရင် ယဉ်လက်အကောင်းဆုံး ကြိုးစားပြီးလုပ်သွားမှာပါ။ အက်ရှင်ကာရိုက်တာပုံစံမျိုးမဟုတ်ဘဲနဲ့ တခြားကာရိုက်တာတွေကိုလည်း ယဉ်လက်ကြိုးစားပြီး သရုပ်ဆောင်ကြည့်ချင်ပါတယ်”လို့ ယဉ်လက်က ပြောပါတယ်။

အက်ရှင်ဇာတ်ရုပ်လေးတွေနဲ့ပဲ အတွေ့ရများနေတဲ့ ယဉ်လက်က’တည်ကြက်’ရုပ်ရှင်ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားတာနဲ့ပတ်သက်ပြီးလည်း ”ဒီဇာတ်ကားထဲမှာ ဝါရင့်သရုပ်ဆောင် တွေနဲ့အတူတူ အလုပ်လုပ်ရတော့ ကြောက်စိတ်က တအား များတယ်။ ကိုနေတိုးနဲ့ဖိုက်တင်ချတဲ့ အခန်း၊ ကိုနေတိုးကို ကန်တဲ့အခန်းဆိုရင် မကန်ရဲဘူး။ ကိုယ့်ထက် ဝါရင့်တဲ့မင်းသားကြီး တစ်ယောက်ဆိုတော့ ဘယ်လိုလုပ် ကန်ရဲမှာလဲ။ ဒါပေမဲ့ ဒါရိုက်တာသင်ပြတဲ့အတိုင်း အကောင်း ဆုံးကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ ရိုက်ကူးနေတုန်းကလည်း တကယ်ပဲပျော်ဖို့ကောင်းခဲ့တယ်။ ဒီဇာတ်ကားကလည်း ရိုက်ကူးထားတာ သုံးနှစ်လောက်ရှိပြီဆိုတော့ ယဉ်လက်အဲဒီအချိန်တုန်းက အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့တယ်။ အခုပြန်ကြည့်တော့လည်းကျေနပ်မိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင် ပင်းမာကမ်းနှင့် ထမံသီကမ်းအထိ တံတားဆက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။ ထိုမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်လည်း ဖြစ်သည်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။ စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ “ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071