Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' Newsဝလာတဲ့ အပေါ်မှာ ဝေဖန်မှုတွေ...

ဝလာတဲ့ အပေါ်မှာ ဝေဖန်မှုတွေ ကြုံတွေ့ ခဲ့ရပေမယ့် ခံနိုင်ရည် ရှိလာပါပြီ အကယ်ဒမီ ပန်းဖြူ

သရုပ်ဆောင်အကယ်ဒမီပန်းဖြူက ဇာတ်ကား ရိုက်ကူးမှုတွေနဲ့ ဝေးကွာခဲ့တာအချိန်ကာလ ခြောက်နှစ် ကျော်ရှိပါပြီ။ ဇာတ်ကား မရိုက်ဖြစ်ချိန်မှာလည်း ခင်ပွန်းနဲ့ အတူကားပစ္စည်းတွေ ဖြန့်ဖြူးတဲ့လုပ်ငန်းကို လုပ်ကိုင်ဖြစ် တယ်လို့ သိရပါတယ်။ အခုတော့ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) ရိုက်ကူးတဲ့ ” ဂယက်တွေပါဟယ်” ဇာတ် ကားမှာပြန်လည်ပါဝင်သရုပ်ဆောင်ရိုက်ကူးမယ်လို့ဆိုတဲ့ ပန်းဖြူကအချိန်ကြာစွာ သရုပ်ဆောင်အလုပ်ကို ရပ်နား ထားတဲ့ အတွက် စိုးရိမ်စိတ်ရှိကြောင်းကို…

“အစ်မ စိုးရိမ်စိတ်တော့ရှိတယ်။ အချိန်ကာလအတော် ကြာမှပြန်ပြီး သရုပ်ဆောင်ရတော့သူများအပေါ်မှာ လည်း အနှောင့်အယှက် ဖြစ်မှာစိုးတာပါ။ ကိုယ်နဲ့တွဲဖက်ရိုက်ကူးတဲ့ သရုပ်ဆောင်တွေနဲ့ ကိုယ်က ဒိုင်ယာလော့ခ် မေ့တာပဲ ဖြစ်ဖြစ်၊ အိုက်တင် အဆင်မပြေတာဘဲ ဖြစ်ဖြစ်အခါခါ ပြန်ရိုက်ရမယ်ဆိုရင်တစ်ဖက်က သရုပ်ဆောင် တွေ၊ စက်အဖွဲ့တွေကို အားနာတယ်။ ဒါကြောင့် စိုးရိမ်တာပါ။ ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားမယ်။ ဒီဇာတ်ကား လေး ရိုက်ဖို့တုန်းကလည်း စမိုင်းကကမ်းလှမ်းလို့ပါ။ အစ်မ အနေနဲ့လည်း လက်ရှိအစ်မရဲ့ခန္ဓာကိုယ်နဲ့လည်း အဆင် ပြေတယ်။ ဇာတ်လမ်းကလည်း အစ်မနဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်တယ် ဆိုတာနဲ့လက်ခံဖြစ်ခဲ့တာပါ။

အစ်မကာရိုက် တာက လည်း အရင်က ပိန်တယ်။ နောက်ပိုင်းဝလာတဲ့ အခါမှာ ပတ်ဝန်းကျင်မှ လူတွေကဒီဝတဲ့အပေါ်မှာ ပြော ကြတာတွေကို ခံစားချက်ဖြစ်တဲ့ပုံစံလေးပါပဲ။ ဇာတ်ကား မရိုက် တာကြာပြီး အခုမှ ပြန်ရိုက်တာဆိုတော့ အားလုံးကို မှားတာလေးတွေရှိရင် ခွင့်လွှတ်ဖို့ခွင့်တောင်းရမှာပါ” လို့ ပန်းဖြူက ပြောပြပါတယ်။ ပန်းဖြူက အရင်က ခန္ဓာကိုယ်လို မဟုတ်ဘဲ ဝလာတဲ့ အတွက် အား ငယ်စိတ်တွေ ဝင်ခဲ့ဖူးတယ်လို့ ဆိုပါ တယ်။ ဝလာတဲ့ အပေါ်မှာလည်း ဝေဖန်မှုမျိုးစုံ ကြုံတွေ့ ခဲ့ပေမယ့် အခုတော့ တော်တော်လေး ခံနိုင်ရည် ရှိနေပါပြီဆိုတဲ့ ပန်းဖြူက

” အစ်မက လူကြီးကသာဝနေတာပါ။ အရင် ကတည်းက သွေးအား နည်း ရောဂါရှိတယ်။ အပင်ပန်း မခံနိုင်ဘူး။ အားနည်းတယ်။ အဆီထုတ် တာတွေ လုပ်ဖို့ ကလည်း ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ လုံးဝမဖြစ် နိုင်ဘူး။ ဒါကြောင့် လေ့ကျင့်ခန်း လည်း လုပ်ဖြစ်ပေမယ့်  သိပ်ဝိတ်မကျတဲ့အတွက် ဆက်မလုပ်ဖြစ်တာ ပါ။ အစ်မ အပြင်သွားတိုင်းလည်း Body Shaming လုပ်တာတွေ ခံရပါတယ်။ အကြိမ်ကြိမ်ပါပဲ။ ဥပမာ- ဝလွန်းလို့ မှတ်တောင်မမှတ်မိဘူး။ ဒီလိုမျိုး တွေ ကြားတော့ စိတ်ကတော့ တစ်မျိုးဖြစ်မိတယ်။

ဒါပေမဲ့ ဒီလိုပြောတာကိုအပြစ်မမြင်ပါဘူး။ ကိုယ် တွေလည်း တစ်ခါတလေ ပြောမိကြတယ်။ အစ်မ ဆိုရင် အရင်က အားငယ်စိတ် ဖြစ်တယ်။ ငါအရင် ပိန်ခဲ့တယ်။ ငါအရင်က အဆီမရှိဘူး။ ဒီလို အားငယ် နေတဲ့အပေါ်မှာ စကားတွေ ကြားရတော့ပိုပြီး စိတ် ဓာတ်ကျရဖူးတယ်။ ဒါပေမဲ့ နှစ်တွေကြာလာတော့ လည်း တော်တော်လေး ခံနိုင်ရည်ရှိလာပါပြီ”လို့ ပြောပါ တယ်။ လက်ရှိမှာ ပန်းဖြူက မိသားစုနဲ့အတူ မြန်မာနိုင်ငံမှာ ပြန်လည် အခြေချ နေထိုင်လျက်ရှိပြီး စီးပွားရေးကိုလည်း မြန်မာနိုင်ငံမှာပဲ လုပ် ကိုင်လျက် ရှိတယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071