(Unicode)
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ်အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်မည်ဟုဆို
NLDအစိုးရလက်ထက်၂၀၁၉ နှစ်ဆန်းပိုင်းက အစီအစဉ်ချမှတ်ခဲ့တဲ့ လက်ရှိပင်စင်စနစ်ထက် ပိုမို အားထားရပြီး ပိုမို ကောင်းမွန်တဲ့ ပင်စင်ဆိုင်ရာဝန်ဆောင်မှုများ၊ အကျိုးခံစားခွင့်များပါ ရရှိစေမယ့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကိစ္စကို နစကက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ “ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” (၂/၂၀၂၁) အစည်းအဝေးအရသိရပါတယ်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဟာ ရေရှည်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အစည်းအဝေးမှာပြောဆိုပါတယ်။
ဦးမောင်မောင်ဝင်းဟာ ယခင်အစိုးရလက်ထက်က စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကိစ္စနဲ့ ပတ်သတ်ပြီး ဥပဒေကြမ်းတစ်ခုကို ၂၀၂၀ ဇူလိုင်၂၈ရက်မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ စီမံ၊ဘဏ္ဍာ၊စက်မှုဝန်ကြီးဌာနကိုယ်စားတင်သွင်းခဲ့သူလည်းဖြစ်ပါတယ်။
ထိုစဉ်ကာလ ဥပဒေကြမ်းထဲမှာ လုပ်သက် ၁၀ နှစ်အောက် နိုင်ငံ့ဝန်ထမ်းတွေ ပင်စင်ခံစားခွင့်အတွက် လစာမှ ရာခိုင်နှုန်း အလိုက် ငွေစုဆောင်းရမယ့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ ကိစ္စရပ်တွေပါဝင်တာတွေ့ရပါတယ်။
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြီးခဲ့တဲ့ လွှတ်တော်မှာ ဆောင်ရွက်ခဲ့တာမှာ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပဲ အတည်ပြုခဲ့ပြီး၊ အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးဖို့ ကျန်နေသေးတာတွေ့ရပါတယ်။
နစကက ဆက်လက်ဆောင်ရွက်မယ့် ဝန်ထမ်းဗဟိုနောင်ရေးရန်ပုံငွေကိစ္စနဲ့ပတ်သတ်ပြီး အသေးစိတ်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ် ကိန်းဂဏန်းတွေအရ ဦးစီးဌာန၊ လုပ်ငန်းဌာနနဲ့ ကာကွယ်ရေး စတဲ့ နိုင်ငံ့ ဝန်ထမ်းများမှ ပင်စင်စား ဦးရေ စုစုပေါင်းဟာ ကိုးသိန်းခန့် ရှိပြီး ပင်စင်စားဦးရေဟာ နှစ်စဉ် သုံးသောင်းမှ လေး သောင်းကြားအထိ တိုးမြင့်လျက်ရှိနေပါတယ်။
၂၀၁၉ – ၂၀ ဘဏ္ဍာနှစ် စာရင်းအရ စုစုပေါင်းပင်စင် အသုံးစရိတ်မှာ ကျပ် ၁၁၁၆ ဘီလီယံ ရှိပြီး ထိုအသုံးစရိတ်ဟာ နိုင်ငံ့ GDP ရဲ့ ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ နိုင်ငံတော် အခွန်ရငွေရဲ့ ခြောက်ပုံ တစ်ပုံ၊ စုစုပေါင်း အသုံးစရိတ်ရဲ့ ၄ ဒသမ ၀၄ ရာခိုင် နှုန်း နီးပါး ရှိတယ်လို့ စီမံ၊ဘဏ္ဍာအချက်အလက်တွေအရသိရပါတယ်။
NLDအစိုးရလက်ထက် အကောင်အထည်ဖော်မယ့် ပုံစံက လုပ်သက် ၁၀ နှစ်ရဲ့အထက် ဝန်ထမ်းတွေကတော့ မူလ ပင်စင်စနစ်အတိုင်းပဲ သွားမှာဖြစ်ပြီး ပင်စင်လုပ်သက်မပြည့်သေးတဲ့ လုပ်သက် ၁၀ နှစ်အောက်အဖွဲ့တွေကတော့ ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေဥပဒေ (CPF) နဲ့ အကျုံးဝင်မယ်လို့ သတ်မှတ်ခဲ့တာရှိပါတယ်။
(Zawgyi)
ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြစနစ္အေကာင္အထည္ေဖာ္ေရး ဆက္လက္ေဆာင္႐ြက္မည္ဟုဆို
NLDအစိုးရလက္ထက္၂၀၁၉ ႏွစ္ဆန္းပိုင္းက အစီအစဥ္ခ်မွတ္ခဲ့တဲ့ လက္ရွိပင္စင္စနစ္ထက္ ပိုမို အားထားရၿပီး ပိုမို ေကာင္းမြန္တဲ့ ပင္စင္ဆိုင္ရာဝန္ေဆာင္မႈမ်ား၊ အက်ိဳးခံစားခြင့္မ်ားပါ ရရွိေစမယ့္ ဝန္ထမ္းေနာင္ေရး ဗဟိုရန္ပုံေငြစနစ္ အေကာင္အထည္ေဖာ္ေရးကိစၥကို နစကက ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ “ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြ အေကာင္အထည္ေဖာ္ေရးေကာ္မတီ” (၂/၂၀၂၁) အစည္းအေဝးအရသိရပါတယ္။
ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြဟာ ေရရွည္ေဆာင္႐ြက္ရမယ့္ ကိစၥျဖစ္တယ္လို႔ ဝန္ထမ္းေနာင္ေရး ဗဟိုရန္ပုံေငြ အေကာင္အထည္ေဖာ္ေရးေကာ္မတီ ဥကၠ႒ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက အစည္းအေဝးမွာေျပာဆိုပါတယ္။
ဦးေမာင္ေမာင္ဝင္းဟာ ယခင္အစိုးရလက္ထက္က စီမံ၊ဘ႑ာ၊စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတာဝန္ကို ထမ္းေဆာင္ခဲ့သူလည္းျဖစ္ၿပီး ဝန္ထမ္းေနာင္ေရးဗဟိုရန္ပုံေငြကိစၥနဲ႔ ပတ္သတ္ၿပီး ဥပေဒၾကမ္းတစ္ခုကို ၂၀၂၀ ဇူလိုင္၂၈ရက္မွာက်င္းပခဲ့တဲ့ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္မွာ စီမံ၊ဘ႑ာ၊စက္မႈဝန္ႀကီးဌာနကိုယ္စားတင္သြင္းခဲ့သူလည္းျဖစ္ပါတယ္။
ထိုစဥ္ကာလ ဥပေဒၾကမ္းထဲမွာ လုပ္သက္ ၁၀ ႏွစ္ေအာက္ ႏိုင္ငံ့ဝန္ထမ္းေတြ ပင္စင္ခံစားခြင့္အတြက္ လစာမွ ရာခိုင္ႏႈန္း အလိုက္ ေငြစုေဆာင္းရမယ့္ ဝန္ထမ္းေနာင္ေရး ဗဟိုရန္ပုံေငြ ကိစၥရပ္ေတြပါဝင္တာေတြ႕ရပါတယ္။
ဝန္ထမ္းေနာင္ေရး ဗဟိုရန္ပုံေငြဥပေဒ အတည္ျပဳျပ႒ာန္းႏိုင္ေရး လုပ္ငန္းစဥ္အဆင့္ဆင့္ကို ၿပီးခဲ့တဲ့ လႊတ္ေတာ္မွာ ေဆာင္႐ြက္ခဲ့တာမွာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာပဲ အတည္ျပဳခဲ့ၿပီး၊ အမ်ိဳးသားလႊတ္ေတာ္မွာ ဆက္လက္ ေဆြးေႏြးဖို႔ က်န္ေနေသးတာေတြ႕ရပါတယ္။
နစကက ဆက္လက္ေဆာင္႐ြက္မယ့္ ဝန္ထမ္းဗဟိုေနာင္ေရးရန္ပုံေငြကိစၥနဲ႔ပတ္သတ္ၿပီး အေသးစိတ္ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။
ျမန္မာႏိုင္ငံမွာ ၂၀၁၉ခုႏွစ္ ကိန္းဂဏန္းေတြအရ ဦးစီးဌာန၊ လုပ္ငန္းဌာနနဲ႔ ကာကြယ္ေရး စတဲ့ ႏိုင္ငံ့ ဝန္ထမ္းမ်ားမွ ပင္စင္စား ဦးေရ စုစုေပါင္းဟာ ကိုးသိန္းခန႔္ ရွိၿပီး ပင္စင္စားဦးေရဟာ ႏွစ္စဥ္ သုံးေသာင္းမွ ေလး ေသာင္းၾကားအထိ တိုးျမင့္လ်က္ရွိေနပါတယ္။
၂၀၁၉ – ၂၀ ဘ႑ာႏွစ္ စာရင္းအရ စုစုေပါင္းပင္စင္ အသုံးစရိတ္မွာ က်ပ္ ၁၁၁၆ ဘီလီယံ ရွိၿပီး ထိုအသုံးစရိတ္ဟာ ႏိုင္ငံ့ GDP ရဲ႕ ၁ ဒသမ ၀၅ ရာခိုင္ႏႈန္း၊ ႏိုင္ငံေတာ္ အခြန္ရေငြရဲ႕ ေျခာက္ပုံ တစ္ပုံ၊ စုစုေပါင္း အသုံးစရိတ္ရဲ႕ ၄ ဒသမ ၀၄ ရာခိုင္ ႏႈန္း နီးပါး ရွိတယ္လို႔ စီမံ၊ဘ႑ာအခ်က္အလက္ေတြအရသိရပါတယ္။
NLDအစိုးရလက္ထက္ အေကာင္အထည္ေဖာ္မယ့္ ပုံစံက လုပ္သက္ ၁၀ ႏွစ္ရဲ႕အထက္ ဝန္ထမ္းေတြကေတာ့ မူလ ပင္စင္စနစ္အတိုင္းပဲ သြားမွာျဖစ္ၿပီး ပင္စင္လုပ္သက္မျပည့္ေသးတဲ့ လုပ္သက္ ၁၀ ႏွစ္ေအာက္အဖြဲ႕ေတြကေတာ့ ဝန္ထမ္းေနာင္ေရးဗဟို ရန္ပုံေငြဥပေဒ (CPF) နဲ႔ အက်ဳံးဝင္မယ္လို႔ သတ္မွတ္ခဲ့တာရွိပါတယ္။