ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်သည် သူတာဝန်ယူစဉ် ကာလအတွင်း ဖြစ်ပျက်ခဲ့သမျှ နိုင်ငံရေးကိစ္စအဝဝကို ပြန်လည်ရေးသားဖော်ပြမည့် ကိုယ်တွေ့မှတ်တမ်း စာအုပ်ရေးရန်အတွက် ထုတ်ဝေသူ ဟာပါကော်လင်းစ်နှင့် သဘောတူညီမှုရခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ဂျွန်ဆင်သည် သူ၏ မကောင်းသတင်းများ နှင့် ရာထူးခန့်အပ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက် အပေါ် ပါတီတွင်းရှိ ဝန်ကြီးများက မကျေနပ်မှုဖြစ်ကာ အစုအပြုံလိုက် နုတ်ထွက်ခဲ့ပြီးနောက် ပြီးခဲ့နှစ် စက်တင်ဘာလအစောပိုင်း၌ ဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်ခဲ့ သည်။
ဟာပါကော်လင်းစ်က ဂျွန်ဆင်နှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သော်လည်း ဂျွန်ဆင်အား စာမူခ မည်မျှပေးချေရမည် ကိုသော်လည်းကောင်း စာအုပ်ထုတ်ဝေမည့်အချိန်နှင့် ပတ်သက်၍ သော်လည်းကောင်း ပြောကြားခဲ့ခြင်း မရှိပေ။
ဂျွန်ဆင် တာဝန်ယူစဉ်ကာလအတွင်း ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာခြင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် အစိုးရ အဆောက်အအုံများအတွင်း လော့ဒေါင်း စည်းမျဉ်းများကို ချိုးဖောက်ခဲ့သည့် ပါတီဝင်များနှင့် ပတ်သက်သော နောက်ဆက်တွဲကိစ္စများကို ဖွင့်ဟခြင်းနှင့် ရုရှား-ယူကရိန်း အရေးအခင်းအစအပေါ် ဗြိတိန်၏ ကနဦးတုံ့ပြန်ခြင်း စသည့်ကိစ္စရပ်များစွာ ဖြစ်ပွားခဲ့သည်။
Source: euronews