ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ဝဇီရာရုပ်ရှင်ရုံကို နိုင်ငံတကာအဆင့်မီဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေကာ မတ်လ ဒုတိယအပတ်အတွင်းအပြီး ဆောင်ရွက်မည်ဟု သိရသည်။
ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ဝဇီရာရုပ်ရှင်ရုံ ပြင်ဆင်ရေးလုပ်ငန်းများကို မူလဗိသုကာလက်ရာများ၊ မူလပုံစံများမပျက်ယွင်းစေဘဲပြင်ဆင်ရမည်ဖြစ်ကာ ပြင်ဆင်ရေးလုပ်ငန်းများကို စဉ်းစားဆောင်ရွက်ရာတွင် ရေတိုလုပ်ငန်းများ သာမက ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုပါ ထည့်သွင်းတွက်ဆ ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။
ထို့အပြင်ဝဇီရာရုပ်ရှင်ရုံသည် ရန်ကုန်မြို့လယ်ကောင်တွင်တည်ရှိသည့်အတွက် နိုင်ငံတကာအဆင့်မီကဇာတ်ရုံကြီးတစ်ခုဖြစ်ပေါ်လာစေရန် ဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
