Friday, December 13, 2024

မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူးဆပ်ရန်လိုသကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရန်...

ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘဆွေမျိုးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က...

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂...

တပ်ချုပ်တက်ရောက်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းကပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား...

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာဟု တပ်ချုပ်ပြော

ခေတ်သစ်စစ်ပွဲများတွင် အဆင့်မြင့်နည်းပညာများကိုအသုံးပြုလာကြသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ...
HomeNewsLocal Newsဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား...

ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိ

ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား အခမဲ့ဖြန့်ဝေပေးလျက်ရှိ

မွန်ပြည်နယ်၊မုဒုံမြို့ရှိ ဝင်းစိန်တောရကျောင်းဝင်းအတွင်း၌ တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များအား နေ့စဥ်အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မွန်ပြည်နယ်အခြေ စိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံအား အလှူရှင်များ ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် ကျောင်းဝင်းအ တွင်း၌ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းသွားယူလို့ရပါတယ် အမြဲတမ်းအခမဲ့ပါပဲ ကျွန်တော်တို့က လူ မှုကူညီရေးအသင်းဖြစ်နေတော့ အောင်ဆီဂျင်ကအမြဲတမ်းလိုအပ်နေတာ ကိုဗစ်ကာလအောက်ဆီဂျင်လိုအပ်တဲ့အချိန်တုန်းကဆိုရင် အတော်ခက်ခဲခဲ့တာ”ဟု မွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဝင်းစိန်တောရကျောင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ ဇူလိုင်လအတွင်း၌ မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့်အောက်ဆီဂျင် လိုအပ်သူများအတွက် အောက်ဆီဂျင် ၄၀ လီတာအိုး ၈၈ လုံး၊စက်ရုံမှငှားယူသည့်အိုး ၃၆ လုံး(စုစု ပေါင်း ၁၂၄ လုံး)အား ဖြည့်သွင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ လစဥ်လတိုင်း၌ အောက်ဆီဂျင်အလုံးရေ ၁၃၀ ခန့်အား ဖြည့်သွင်းဖြန့်ဝေပေးလျက်ရှိသည်ဟု သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် စက်ရုံက တစ်နေ့ကို အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၁၅၀ လောက်ဖြည့်ပေးနိုင်တယ် လုံလောက်မှုရှိပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့်ကျေးဇူးဆပ်ရန်လိုသကဲ့သို့ တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာစောင့်သိရန် တပ်ချုပ်မှာကြား

ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားအပြီးတွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ဗိုလ်လောင်းများနှင့် ၎င်းတို့၏မိဘဆွေမျိုးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က " ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘတွေရဲ့ ကျေးဇူးကိုသိတတ်ဖို့နဲ့ ကျေးဇူးဆပ်ဖို့လိုအပ်သလို တပ်မတော်အပေါ်မှာလည်း ကျေးဇူးသစ္စာ စောင့်သိရပါမယ် မိမိတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ မိသားစုတွေရဲ့ ရည်မှန်းချက်တွေ မပပျောက်စေဖို့အတွက် စစ်သားကောင်းတစ်ယောက်ပီသစွာနဲ့ ဘဝတစ်လျှောက်လုံးဆက် လက်ကြိုးစားဆောင်ရွက်သွားရပါမယ်"ဟု မှာကြားသည်။ ထို့ပြင် မိမိကိုယ်ကိုထိန်းထိန်းသိမ်းနေထိုင်ပြီး မိသားစု၊ တပ်မတော်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန်...

တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် တပ်ချုပ်မှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရန် နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ ရှေးဟောင်းတပ်မတော်ဧည့်ရိပ်သာများဖြစ်သည့် သဇင်မြိုင်၊ ချယ်ရီမြိုင်နှင့် ယုဇနမြိုင်တို့အား ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစဉ် တာဝန်ရှိသူများကိုမှာကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်ဧည့်ရိပ်သာများသည် ရှေးဟောင်းအဆောက်အဦများဖြစ်၍ မူလပုံစံမပျက်စနစ်တ ကျထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကာ ထိန်းသိမ်းရာတွင်လည်း ထည့်သွင်းအသုံးပြုရန်လိုအပ်သည့် ပရိဘောဂများနှင့် အခြား အသုံးအဆောင်ပစ္စည်းများအား ရှေးဟောင်းလက်ရာပစ္စည်းများကိုသာ အတတ်နိုင်ဆုံးရှာဖွေထည့်သွင်းသုံးစွဲရန်မှာကြားခဲ့သည်။ ထို့ပြင် ပြင်ဦးလွင်မြို့ရှိ အခြား ရှေးဟောင်းအဆောက်အဦများကိုလည်း စနစ်တကျထိန်းသိမ်း စောင့်ရှောက်ရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ရှိသူများအား...

တပ်ချုပ်တက်ရောက်ခဲ့သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲ

နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့သည် ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းကပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၆)၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ကာ တပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုကို ကြည့်ရှုအားပေး၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့ပြင် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့ ၏ တေးသီချင်းများဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ စစ်ဘက်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကျောင်းဆင်းဗိုလ်လောင်းမိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071