Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeMoviesလ.၀.ကမှ ပြည်နှင်ဒဏ်ပေးသူများအား ပြန်ပို့ရန်အတွက်...

လ.၀.ကမှ ပြည်နှင်ဒဏ်ပေးသူများအား ပြန်ပို့ရန်အတွက် Boeing 737 လေယာဉ်များ အမိမြေလုံခြုံရေးဌာန ဝယ်ယူမည်

အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေး (U.S. Immigration and Customs Enforcement – ICE) မှ ပြည်နှင်ဒဏ်ပေးသူများအား မိခင်တိုင်းပြည်ပြန်ပို့ရေး လုပ်ငန်းများအတွက် အသုံးပြုရန် Boeing 737 လေယာဉ် ခြောက်စင်း ဝယ်ယူရန် အမိမြေလုံခြုံရေးဌာန (Department of Homeland Security – DHS) က သဘောတူညီကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့သည်။

Daedalus Aviation ကုမ္ပဏီထံမှ 737 လေယာဉ်များအတွက် ဒေါ်လာ သန်း ၁၄၀ နီးပါး တန်ဖိုးရှိ DHS ၏ စာချုပ်အကြောင်းကို The Washington Post သတင်းစာက ပထမဆုံး ဖော်ပြခဲ့သည်။

အဆိုပါ ဗာဂျီးနီးယားအခြေစိုက် ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် (CEO) နှင့် ဘဏ္ဍာရေးအရာရှိချုပ် (CFO) တို့သည် Salus Worldwide Solutions ဟူသော သီးခြားကုမ္ပဏီတစ်ခုတွင် ရာထူးတူများအဖြစ် လုပ်ကိုင်နေကြပြီး၊ ထိုကုမ္ပဏီသည် စေတနာအလျောက် “ကိုယ်တိုင်-ပြည်နှင်ဒဏ်ပေးခြင်း” ကို ပံ့ပိုးရန်အတွက် DHS နှင့် ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိ စာချုပ်ချုပ်ဆိုထားကြောင်းကိုလည်း ယင်းသတင်းစာက မှတ်ချက်ပြုခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် ယခုနှစ်အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၁ သန်းကို ပြည်နှင်ရန် ပန်းတိုင်ထားရှိကြောင်း သိရသည်။

“ရာဇ၀တ်မှုကျူးလွန်သော တရားမဝင်နိုင်ငံခြားသားများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရန်အတွက် အမေရိကန်ပြည်သူလူထု၏ တောင်းဆိုချက်ကို ထရမ့်အစိုးရအဖွဲ့မှ ကုန်ကျစရိတ်သက်သာပြီး ဆန်းသစ်သောနည်းလမ်းများ ဖြင့် အကောင်အထည်ဖော်နေခြင်းကို မီဒီယာများက မီးမောင်းထိုးပြသည်ကို မြင်ရ၍ ကျွန်ုပ်တို့ ဝမ်းမြောက်မိပါတယ်” ဟု DHS ပြောရေးဆိုခွင့်ရှိသူ Tricia McLaughlin က ပြောကြားခဲ့သည်။

“ဒီ အစီအစဉ်အသစ်က အမေရိကန်ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေး ကို ပိုမိုထိရောက်တဲ့ ပျံသန်းမှုပုံစံများ အသုံးပြုခြင်းအပါအဝင် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်စေခြင်းဖြင့် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာ ၂၇၉ သန်း ကို သက်သာစေပါလိမ့်မယ်” ဟု McLaughlin က ဆိုသည်။

“သမ္မတ ထရမ့်နဲ့ [DHS ဝန်ကြီး Kristi] Noem တို့ဟာ ရာဇ၀တ်မှုကျူးလွန်တဲ့ တရားမဝင်နိုင်ငံခြားသားတွေကို ကျွန်ုပ်တို့နိုင်ငံကနေ လျင်မြန်ပြီး ထိရောက်စွာ ထွက်သွားအောင် လုပ်ဆောင်ဖို့ ကတိပြုထားပါတယ်” ဟုလည်း သူမက ပြောသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် ICE Air Operations မှ ကြီးကြပ်သော ပြည်နှင်ဒဏ်ပေးရေး လေယာဉ်ပျံသန်းမှု အများစုကို လေယာဉ်စင်းလုံးငှားရမ်းသည့် ကုမ္ပဏီများ က ပို့ဆောင်ပေးနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071