မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စားဝတ်နေရေး ခက်ခဲတဲ့ပြည်သူတွေကို ၂ပတ်တကြိမ် ဆန်နှင့်စားသောက်ကုန် ပစ္စည်းများကို ပရဟိတ အဖွဲ့အစည်းတွေမှတဆင့် ထောက်ပံ့ပေးလျက် ရှိပါတယ်။
ဩဂုတ်လ ၁၆ရက်နေ့မှာတော့ လှိုင်သာယာ အတွင်းကပြည်သူတွေကို ကူညီပေးဖို့အတွက် Myanmar kitchen ရဲ့ကြိုးပမ်းအားထုတ်မှုကို ကူညီ ပံ့ပိုးတဲ့အနေနဲ့ အစားအသောက်၊ စားသုံးဆီနဲ့ ဆေးဝါးတွေကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
“လူမှုအသိုက်အဝန်း တစ်ခုအတွင်းမှာ သင်ကိုယ်တိုင်နှစ်မြှုပ်ပြီး ကမ္ဘာကြီးကို ပိုမိုကောင်း မွန်တဲ့နေရာဖြစ်ဖို့ အတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နေကြသူတွေ နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံတစ်လွှားက လိုအပ်နေတဲ့ပြည်သူတွေ အတွက် အကူအညီပေးဖို့ ကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြတဲ့ ကျွန်တော်တို့ သံရုံးဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရ တယ်” လို့ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါ က ပြောဆိုထားပါတယ်။
Photo _ US Embassy in Yangon