ဘင်္ဂါလီလူမျိုး ၂၅၅ ဦးအား ငွေကြေးရယူကာ မလေးရှားသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုးများအား မလေးရှားနိုင်ငံသို့ ငွေကြေးရယူ၍ တရားမဝင်သယ်ယူပို့ဆောင်ပေးသူများအနက် အမျိုးသား ၁၂ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၈ ရက်ညနေ ၄ နာရီ ၅၀ မိနစ်က လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ မင်္ဂလာဒုံမြို့ နယ်၊ထောက်ကြန့်မြို့၊ရွှေနံ့သာကျေးရွာ၊ဘားလားကျေးရွာအဝင်လမ်း သစ်ခွခြံအနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှ ဘင်္ဂါလီလူမျိုး အမျိုး သား ၆ ဦးနှင့်အမျိုးသမီး ၆ ဦးတို့အားစစ်ဆေးတွေ့ရှိခဲ့သည်။
၎င်းတို့အား စစ်ဆေးချက်အရ သယ်ယူပို့ဆောင်ထိန်း သိမ်းရာတွင် ကိုယ်တိုင်ပါဝင်ကြီးကြပ်ဆောင်ရွက်သူ သန့်ဇင်ဦး(ခ)သူရိန်၊ကားများဖြင့် အဆင့်ဆင့် သယ်ယူပို့ဆောင်ပေးသူများဖြစ်သည့် မြတ်စိုးဦး(ခ)ပြောင်ကြီး၊ထက်ကျော်၊အောင်သူ၊မြင့်စိန်၊ဇော်ဇော်လတ်(ခ)ရခိုင်လေး၊ကျော်ကျော်(ခ)ကျော်ကြီးနှင့်မင်းမင်းထိုက်၊ ဘင်္ဂါလီများအား လက်ခံထိန်းသိမ်းပေးသူများ ဖြစ်သည့် အေးခိုင်(ခ)ကိုအောင်၊အောင်အောင်၊ဇော်အောင်(ခ)မောင်ဇော်နှင့်ဇော်ဝင်း(ခ)အလီဘိုင်တို့အား ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဇော်ဝင်း(ခ)အလီဘိုင်၏ နေအိမ်တွင်ထိန်း သိမ်းထားသည့် ဘင်္ဂါလီလူမျိုးအမျိုးသား ၁၉ ဦးနှင့်ဘင်္ဂါလီလူမျိုးများအား သယ်ယူပို့ဆောင်ရာတွင်အသုံးပြုခဲ့သည့် ကား ၆ စီးတို့ကိုလည်း ဒီဇင်ဘာ ၉ ရက်နှင့် ၁၆ ရက်နေ့တို့က ဖမ်းဆီးရမိခဲ့သည်။
ဖော်ထုတ်ချက်အရ စစ်တွေဘက်မှဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများအား ဧရာဝတီတိုင်းမှ သွားရောက်ခေါ်ဆောင်ကာ ရန်ကုန်တိုင်းအတွင်း ခေတ္တထိန်းသိမ်းပေးရန် ဘင်္ဂါလီတစ်ဦးလျှင် ၇ သိန်းကျပ်နှုန်းဖြင့်လက်ခံပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်ဆောင်ရွက်ပေးခဲ့သည်မှာ ၅ ကြိမ်ခန့်ရှိပြီဖြစ်ပြီး ဘင်္ဂါလီလူမျိုး ၂၅၅ ဦးကို တရားမဝင်သယ်ဆောင်ထိန်းသိမ်းပေးခဲ့ကြောင်း သိရှိခဲ့ရသည်။
ထို့ပြင် လှည်းကူးမြို့နယ်၊ဘားလားကျေးရွာအနီး တပင်ရွှေထီးလမ်းမပေါ်၌တွေ့ရှိခဲ့ရသည့် ဘင်္ဂါလီလူမျိုး ၁၃ ဦး၏ရုပ်အလောင်းများနှင့်ပတ်သက် ၍ ၎င်းတို့စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်းဖော် ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါ လီလူမျိုးများနှင့်တရားမဝင်ခေါ်ဆောင်ထိန်းသိမ်းထားသူများအား ဥပဒေနှင့်အညီထိရောက်စွာအ ရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်ရှိသည့် ပြစ်မှုကျူး လွန်ရာ၌ပါဝင်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


