ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၈) ရက်တွ င် ကျင်းပမည်ဖြစ်သည့်အတွက် ဥပဒေရုံး အဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် လွှတ်တော် (၃)ရပ်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေများကို ကျေညက်စွာ လေ့လာထားရန်လိုအပ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပြောသည်။
တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် အောက်တိုဘာ(၁၁)ရက်က အစည်းဝေး၌ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဥပဒေရုံးအဆင့်ဆင့်ရှိ ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဖြင့် ဥပဒေအကြံ ပြုချက်တောင်းခံသည့်အမှုများကို ဥပဒေအကြံပြုပြန်ကြားရာတွင် သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များကို ပြည့်စုံစွာကိုးကား၍ အကြံပြုပြန်ကြားရန်လိုအပ်ကြောင်းလည်း ပြည်ထောင်စုရှေ့နေချုပ်က ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၌ ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်တွင်သက်ဆိုင်ရာ တာဝန်ခံဥပဒေအရာရှိများက အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်း သိရသည်။
