ရှမ်းပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးနှင့် သားဖြစ်သူတို့ လူသ-တ်မှုကျူးလွန်မှုကြောင့်( နိုဝင်ဘာ ၄)ရက်၌ ဖမ်းဆီးအရေးယူခံထားရကြောင်း သိရသည်။
ဦးစိုင်းရွှေထီးနှင့်သားဖြစ်သူသည် ၄င်းတို့အိမ်တွင် မွေးထားသည့် ကြက်များကို လာရောက် ခိုးယူသူ လောတာ(ခ)စိုင်းထွန်းဆာ ဆိုသူကို ရို-က်နှက်ရာမှ လက်လွန် ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၄င်းတို့ကို အေးသာယာရဲစခန်းမှ လူသ-တ်မှုနှင့် ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြင့် ဖမ်းဆီးအရေးယူထားသည်ဟုလည်း သိရသည်။
အဆိုပါ PPP ပါတီကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီး အရေးယူခံထားရသည့် သတင်းသည်လည်း မှန်ကန်ကြောင်း မီဒီယာများကို PPP ပါတီ ဒုဥက္ကဋ္ဌက အတည်ပြုထားသည်။
ဦးစိုင်းရွှေထီးသည် လာမည့် ရွေးကောက်ပွဲ၌ PPP ပါတီကို ကိုယ်စားပြုကာ တောင်ကြီးမြို့ မဲဆန္ဒနယ်အမှတ် ၁ ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ယက်
