ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၌ ပထမအကြိမ် ဘိန်းစိုက်ခင်း (၁၆၉၉) ဧကကို ဖျ-က်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ လွိုင်လင်-မိုင်းပွန်-ပင်လုံမြို့များ၏ အနောက်ဘက် တောင်ကုန်း၊ တောင်စောင်း၊ လျှိုမြောင်များ၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်းများကို ပထမအကြိမ် ဘိန်းဖျ-က်ဆီးရေးအဖွဲ့ နှစ်ဖွဲ့ခွဲ၍ ဖျ-က်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဘိန်းစိုက်ခင်းများ ဖျ-က်ဆီးရာတွင် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် ဦးစီးသည့် တပ်မတော်သားများ၊ ခရိုင်ရဲမှူး၊ ဒုတိယရဲမှူးကြီး မိုးညွန့်ထွန်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသ-တ်တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၂၄ ရက်အထိ ပင်လုံမြို့အနောက်ဘက် တောင်စောင်းများ၌ စိုက်ပျိုးထားသော အမြင့်သုံးပေခန့်ရှိသီးပွင့်ဆဲ ဘိန်းစိုက်ခင်းများကိုလည်းကောင်း၊ ထို့အတူ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ထွန်း ဦးစီး သည့် ပူးပေါင်းအဖွဲ့က နိုင်းပွန်မြို့ အရှေ့တောင်ဘက်ရှိပင်လုံမြို့ တောင်စောင်းနှင့် အနောက်တောင်ဘက်ရှိ တောင် စောင်းများတွင် စိုက်ပျိုးထားသော အမြင့်သုံးပေခန့်ရှိ သီးပွင့်ဆံ ဘိန်းစိုက်ခင်းများကိုလည်းကောင်း သွားရောက်ဖျ-က်ဆီးခဲ့ကြောင်း သိရသည်။
